Thursday, June 16, 2022

သစ်ထူးလွင်

သစ်ထူးလွင်


တောင်ဒဂုံမှာ သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ လူမိုက်တဦး သေနတ်နဲ့ပစ်သတ်ခံရ

Posted: 15 Jun 2022 09:24 AM PDT

ဇွန်လ ၁၅ ရက်ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၀ ရပ် ကွက်မှာ သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ လူမိုက်တဦး  ဒီကနေ့ မနက်အစောပိုင်း ၈ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။သေဆုံးသူဟာ ၆၉ ရပ်ကွက်မှာနေထိုင်တဲ့ ဘိုမင်းသူ ဆိုသူဖြစ်ပြီး ၇၀ ရပ်ကွက် အောင်ချမ်းသာ ၂ လမ်းနဲ့နဝဒေးကျောင်းလမ်းထောင့်မှာ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။'' သူက ၆၉ ရပ်ကွက်မှာနေတာ။ ခလေးကျောင်းပို့သွားပြီး

ကျိုက်လတ်မြို့နယ် ဒေါင့်ကြီးကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး

Posted: 15 Jun 2022 09:30 AM PDT

ကျိိုက်လတ်၊ ဇွန်လ ၁၅ ရက် ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ယနေ့ ညနေ ၃ နာရီခန့်က သေနတ် သုံးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဒေါင့်ကြီးကျေးရွာက အုပ်ချုပ်ရေးမှူးမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး​ဖြစ်ပြီး ဧရာဝတီဗိုလ်တိုက်ငမန်း အဖွဲ့မှ ဒီကနေ့ ညနေ ၃ နာရီလောက်မှာ သေနတ်နဲ့ ၃ ချက်ဆင့် လာရောက်ပစ်ခတ်သွားတာလို့ အဆိုပါအဖွဲ့ထံမှ သိရပါတယ်။"

ရွာငံမြို့နယ်မှ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ

Posted: 15 Jun 2022 09:20 AM PDT

မဲခေါင်၊ ဇွန် ၁၅ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦး ယနေ့၊ နံနက်ပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့သတင်းရင်းမြစ်များထံမှ သိရသည်။ရွာငံမြို့နယ်၊ ကျောက္ကူပြင်ရွာ၊ စာသင်ကျောင်းရှေ့တွင် ရွာငံမြောက်ပိုင်းပျူစောထီးအဖွဲ့ခေါင်းဆောင် ကိုအောင်ဆိုသူက မုန့်ဆိုင်၌ ထိုင်နေစဥ် ပြည်သူ့

စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်က နေရာသုံးခုတွင် မိုင်းဆွဲတိုက်ခိုက်

Posted: 15 Jun 2022 09:17 AM PDT

မိုးညှင်း - ဇွန် ၁၅၊ ၂၀၂၂။ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ စစ်ကိုင်းတိုင်းသို့ ဆင်းသွားသည့် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့တစ်ရက်အတွင်း သုံးနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ကား ၃၃ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ယနေ့နံနက်ပိုင်းက အင်းတော်မြို့နယ်တွင် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရသဖြင့် ကားတစ်စီး လမ်းဘေးထိုးကျသွားပြီး နှစ်စီးမှာတိမ်းမှောက်ခဲ့

ကလေးမြို့နယ်ထဲ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

Posted: 15 Jun 2022 09:15 AM PDT

ဇွန်လ ၁၅ ရက်၊ ကလေးစစ်ကိုင်းတိုင်း ကလေးမြို့ထဲ စစ်ကောင်စီတပ်ကို CNDF နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ CNDF က ဒီနေ့ညနေ ၄ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။ဇွန်လ ၁၃ ရက်က အင်အား(၁၂၀)ရှိ စစ်ကောင်စီတပ် တာဟန်းရပ်ကွက် ဘောလုံးကွင်းမှာ တပ်စွဲဖို့ ရောက်ရှိလာပြီးနောက် ပူးပေါင်းတပ်ဖွဲ့က ဒီနေ့မနက် ၉ နာရီကနေ ၁၀ နာရီအထိ သွားရောက်ပစ်ခတ်ရာ စစ်တပ်

နမ့်ကွတ်ရွာအနီးမှာ KIA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

Posted: 15 Jun 2022 09:12 AM PDT

ဇွန်လ ၁၅ ရက်၊ ကွတ်ခိုင်ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာအနီးမှာ မနေ့က ကချင်တပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်က မူဆယ်ကနေ ဆင်းလာရာကနေ KIA တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။"မနေ့က နေ့လယ်ထမင်းစားပြီး ၁၂ နာရီကျော် သေနတ်သံတွေ ကြားရတယ်။ (၁၅)မိနစ်လောက်ပဲ ပစ်ခတ်ကြတယ်။ စစ်ကောင်စီဘက်က သေတဲ့သူတွေ ရှိတယ်လို့ ကြား

ရွှေဘို ကျောက်မြောင်းမှာ စစ်အုပ်စုကို ပျူတွေက လူမှားပစ်ခတ်လို့ စကစ နှစ်ယောက်သေ၊ PDF တွေ ပစ်တာလို့ ပျူတွေက သတင်းမှားဖြန့်

Posted: 15 Jun 2022 09:10 AM PDT

ရွှေဘိုမြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အကြမ်းဖက် စစ်အုပ်စုu ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးနေစဉ်/Photo – CJဇွန် - ၁၅စစ်ကိုင်းတိုင် ရွှေဘိုမြို့နယ် အရှေ့ခြမ်း၊ ကျောက်မြောင်းနယ် မခေါက်ရွာအနီးမှာ ဒီကနေ့ ဇွန်(၁၅)ရက်က အကြမ်းဖက် စစ်အုပ်စုကို ပျူစောထီးတွေက လူမှားပြီး ပစ်ခတ်တာကြောင့် စကစ နှစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာရတယ်လို့ သတင်းကြားကြောင်း နတ်တောင်နဂါး  (ပ

အင်းတော်နယ်မှာ KIA နှင့် PDF ပေါင်းပြီး စစ်အုပ်စု ကားတန်းကို နှစ်ကြိမ် မိုင်းဆွဲ၊ ကားနှစ်စီး ပက်လက်လန်၊ တစ်စီး လမ်းဘေးထိုးကျပြီး စစ်အုပ်စု အသေအပျောက် များနိုင်ဟုဆို

Posted: 15 Jun 2022 09:09 AM PDT

ဇွန် - ၁၅စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေ ပူးပေါင်းပြီး ကားအစီးရေ (၃၀)ကျော်ပါ စစ်အုပ်စု ယာဉ်တန်းကို ဒီကနေ့ မနက်ပိုင်း နှစ်ကြိမ် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ ဇွန်(၁၅)ရက် မနက်ပိုင်းမှာ ကချင်ပြည်နယ် မိုးညှင်းမြို့ အမြှောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က

မန္တလေးနန်းတွင်းထဲမှာ စစ်အုပ်စု အခမ်းအနားလုပ်နေချိန် နန်းမြို့ရိုးဝင်ပေါက်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ

Posted: 15 Jun 2022 09:07 AM PDT

စစ်အုပ်စုထံ PDF  တွေအလင်းဝင်တယ်ဆိုတဲ့ အခမ်းအနားကို စစ်အုပ်စုက မန္တလေးနန်းတွင်းထဲ ပြုလုပ်နေချိန် နန်းမြို့ရိုးဝင်ပေါက် ကို တိုက်ခိုက်ခံလိုက်ရပါတယ်။ကျုံးအရှေ့ခြမ်း ၊ ၁၉ လမ်း မှာရှိတဲ့ နန်းမြို့ရိုးဝင်ပေါက် က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ကို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ဂိတ်ကို မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force – PDF (ROM) ကပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်အသိပေးထားပါတယ်။ဒီတိုက်ခိုက်မှုဟာ

ရေစကြိုတွင် PDFပူးပေါင်းတပ်က ပဒေသာမိုင်းဖြင့် တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်

Posted: 15 Jun 2022 09:06 AM PDT

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြောက်ကျောက်တပ်ပူးပေါင်းအဖွဲ့က မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။ယနေ့ နံနက် ၇နာရီဝန်းကျင်ခန့်က အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကို ရေစကြိုမြို့နယ် ပေါက်တောကျွန်းရွာနှင့် မိဖုရားကြားအရောက်တွင် ပဒေသာမိုင်းများဖြင့် တိုက်

စစ်ကိုင်းမြို့နယ် ‌ပဒူကျေးရွာက စကစသတင်းပေးလေးဦး နှင့် ပေါက်ကားရွာက စကစသတင်းပေး ပျူစောထီးတဦး ရှင်းလင်းခံရ

Posted: 15 Jun 2022 08:59 AM PDT

ဇွန် ၁၅စစ်ကိုင်းမြို့နယ် ပဒူကျေးရွာက စစ်ကောင်စီသတင်းပေး ကိုစိုင်းသီဟ နှင့် ဇနီး မစံပါယ်၊ ကိုသန်းမြတ်စိုး၊ ကိုလုံးချော တို့လေးဦးကို အမည်မသိအဖွဲ့က ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက လာရောက်ရှင်းလင်းသွားခဲ့တယ်လို့သိရပါတယ်။၎င်းတို့ လေးဦးက ရဲစခန်းအဝင်အထွက်ရှိပြီး တပ်ထောက်ခံသူတွေဖြစ်ကာ  စစ်ကောင်စီသတင်းပေးနေကြတဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ဒီကနေ့နေ့လယ်ပိုင်းက ၎င်းတို့လေးဦးပါဝင်ကစားနေတဲ့

ကိုယ်ဝန်သည် CDM ကျောင်းဆရာမ အပါအဝင် ၅ ဦးကိုစစ်ကောင်စီက အရှင်လတ်လတ်မီးရှို့သတ်

Posted: 15 Jun 2022 08:58 AM PDT

ရေစကြို ၊ ဇွန် ၁၅ ၊ ၂၀၂၂။စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးချိန် မိုင်းဆွဲခံရလို့ ကိုယ်ဝန် ၅ လရှိ CDM ဆရာမ ၁ ဦးအပါ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးတို့ကို ဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အရှင်လတ်လတ်မီးရှို့သွားတယ်လို့ သိရပါတယ်။မြိုင်မြို့နယ် ထန်းပင်ကန်ရွာစစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မိုင်းဆွဲခံရပြီး ဇွန်လ ၁၀ ရက်နေ့မှာ N-YSO ပြောက်ကျားတပ်ဖွဲ့ဝင် CDM ၃ ဦးနှင့် ရဲဘော် ၂ ဦးကိုခေါ်ဆောင်သွားခဲ့

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်မှုကြောင့် ကင်းပုန်းဝပ်နေသည့် စစ်သား ၇ ဦးသေဆုံး

Posted: 15 Jun 2022 08:58 AM PDT

ပုံစာ- စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီး ကျရောက်ခဲ့သည့်နေရာတစ်နေရာကို တွေ့ရစဥ်သထုံ၊ ဇွန် ၁၅အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သည့် ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် ရှေ့တန်းစစ်မြေပြင်အတွင်း ကင်းပုန်းဝပ်နေသည့် ၎င်းတို့တပ်သားများအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ယနေ့သတင်းထုတ်ပြန် သည်။မွန်ပြည်နယ်

ကျောင်းလုံခြုံရေးအစောင့် BGF တပ်ဖွဲ့၀င်များ ကျောင်းသားမိဘများအပေါ် ရိုက်နှက်မှုပြုလုပ်။

Posted: 15 Jun 2022 08:52 AM PDT

 Photo: CJဇွန်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ မြ၀တီမြို့ အမှတ် ၅ ရပ်ကွက် ရေပူကျေးရွာ အထက/ခွဲကျောင်း လုံခြုံရေးအစောင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၀င်များက ကျောင်းဆင်းချိန် ကျောင်းလာကြိုသည့်မိဘနှင့် ကျောင်းဝေယျာ၀စ္စ လာရောက်လုပ်ကိုင် သူများအား အကြောင်းမဲ့ ကြိမ်းမောင်းပြောဆို၊ ရိုက်နှက်မှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။ကျောင်းသားမိဘတစ်ဦးက " ကိုယ့်ကလေး လာကြိုတာ ကားလမ်းဘေးချ ရပ်ထား

ရေစကြိုမှာ မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး

Posted: 15 Jun 2022 08:45 AM PDT

ရေစကြို၊ ဇွန် ၁၅၊ ၂၀၂၂။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဇွန်လ ၁၄ ရက် မနေ့မနက်ပိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံရပြီး စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့မနက် ၆ နာရီလောက်က ဆိုင်ကယ် ၄ စီးနဲ့လာတဲ့ စစ်သား ၈ ဦးဟာ ဆင်ချောင်းကျေးရွာနဲ့ ဇီးကုန်းရွာအကြားအရောက် ဆိုင်ကယ်ပေါ်ကဆင်းကာ မြေပြင်မှာဝပ်ရင်း ရှေ့ဆက်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးကတော့ နေရာမှာတင်

ပဲခူးခရိုင် ပဲနွယ်ကုန်းရဲစခန်းက ဂတ်(စ်)စာရေးတပ်ကြပ်ကြီး သေနတ်နဲ့ ၅ ချက်ပစ်ခံရပြီး သေဆုံး

Posted: 15 Jun 2022 08:44 AM PDT

ဇွန် ၁၅၊ ၂၀၂၂။ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းက ဂတ်(စ်)စာရေးတပ်ကြပ်ကြီးထွန်းထွန်းနိုင် သေနတ်နဲ့ ၅ ချက်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ယနေ့ ဇွန်လ ၁၅ ရက်၊ နေ့လည် ၁ နာရီခန့်က ကျောက်တံခါးမြို့အဝင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး နေရာမှာတင် ပွဲခြင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။"ဂတ်စာရေးတာဝန်ယူထားသူပါ၊ ကျောက်တံခါးမြို့အဝင်ဆိုင်းပုဒ်ရှေ့နားမှာ လုပ်ခဲ့တာပါ။ နာမည်ဆိုးရှိတယ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.