Sunday, June 5, 2022

သစ်ထူးလွင်

သစ်ထူးလွင်


စခန်းမှူးအပါအဝင် မကွေးအမှတ်(၂)ရဲစခန်းရှိ ရဲအားလုံးကို စစ်တပ်က အချုပ်ခန်းထဲထည့် စစ်ဆေးနေဟု MPCC ထုတ်ပြန်

Posted: 04 Jun 2022 09:37 AM PDT

မကွေးမြို့အမှတ်(၂) ရဲစခန်းရှိ ရဲများအားလုံးနီးပါးကို စစ်ကောင်စီတပ်က အချုပ်ခန်းထဲထည့်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Myanmar Police CDM Channel (MPCC)က သတင်းထုတ်ပြန်သည်။မေလ ၃၁ရက်က မကွေးမြို့အမှတ် (၂) ရဲစခန်းတွင် စခန်းမှူး ရန်ပြုသည့် စစ်ကောင်စီ၏ လေတပ်မှ တပ်သားတစ်ဦးကို ရဲများက ဝိုင်းဝန်းထိုးကြိတ်သည့် ရုပ်သံ ထွက်ပေါ်လာ၍ ရဲများကိုဖမ်း၊ ဖုန်းများကို သိမ်းပြီး စစ်ဆေးနေကြောင်း MPCCက ဆိုသည်။"အချုပ်ထဲမထ

လောင်းရှည်ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးပြီး ၁ ဦးစစ်ကြောရေးမှာသတ်ဖြတ်ကာ အလောင်းဖျောက်

Posted: 04 Jun 2022 09:33 AM PDT

ဇွန်လ ၄ ရက်မကွေးတိုင်း၊ဆောမြို့နယ်၊လောင်းရှည်မြို့၊ ဆီမီးကျေး ရွာကို စစ်ကောင်စီတပ်က မေလ ၃၁ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံအမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးကို PDF နဲ့ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းဒေသခံများထံကသိရသည်။စစ်ကောင်စီ၏ ကပစ၂၅ တပ်မှ အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကာ ဆီမီးရွာခံများဖြစ်သည့် ကိုအောင်ကျော်စိုး၊ ကိုအောင်မျိုးထွန်း(ခ)မောင်သား၊ကမုဝင်း

စစ်ကိုင်းတိုင်းအတွင်း PDF စိုးမိုးနယ်မြေများမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ နီးစပ်ရာ ရဲ စခန်းနှင့်ပျူရွာများသို့ပြောင်းရွှေ့နေထိုင်နေရ

Posted: 04 Jun 2022 09:31 AM PDT

ဇွန်လ ၄ ရက်စစ်ကိုင်းတိုင်းအတွင်းက PDF အင်အားကောင်းပြီး နယ် မြေစိုးမိုးသည့် မြို့နယ်များ၏ ကျေးရွာများမှ စစ်ကောင် စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၎င်းတို့၏နေအိမ်များတွင်နေထိုင်ခြင်းမပြုတော့ဘဲ နီး စပ်ရာရဲစခန်းများတွင်သွားရောက်နေထိုင်နေကြကြောင်း ဒေသခံများထံကသိရသည်။ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးအများအ ပြားသတ်ဖြတ်ခံရပြီးနောက် ၄င်းတို့၏နေအိမ်များတွင်ဆက် လက်မနေထိုင်ရဲတော့ဘဲ ပျူစောထီးရွာများနှ

စစ်ကောင်စီက ရွာငံနဲ့ ပင်းတယမြို့ခံတွေကို ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ

Posted: 04 Jun 2022 09:25 AM PDT

ဇွန်လ ၄ ရက်၊ ရွာငံရှမ်းတောင် ရွာငံနဲ့ ပင်းတယမြို့နယ်ထဲက ဒေသခံတွေကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် ညနေပိုင်းမှာ သံသယရှိတယ်ဆိုပြီး ပင်းတယမြို့နယ်က ဒေသခံ (၁၀)ဦးကို ဖမ်းဆီးသွားပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အမျိုးသမီးတွေပါဝင်နေပြီး ကိုယ်ထိလက်ရောက် စော်ကားခံနေရတယ်လို့လည်း အမည်မဖော်လိုတဲ့

စစ်ကိုင်းတိုင်းမှာ လေးရက်အတွင်း ရွာ (၁၅)ရွာ မီးရှို့ခံရပြီး ပြည်သူ (၇)ဦး အသတ်ခံရ

Posted: 04 Jun 2022 09:23 AM PDT

ဇွန် - ၄ စစ်ကိုင်းတိုင်းမှာ လေးရက် (ဇွန် ၁ ရက် - ဇွန် ၄ ရက်)အတွင်း စစ်အုပ်စု က မြို့နယ် (၁၁) ခု က ရွာပေါင်း (၁၅) ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား (၇) ဦးကိုလည်း  သတ်ဖြတ်ခဲ့ပါတယ်။ ဒီ (၄) ရက် အတွင်း ရွာအများစုရဲ့ မီးလောင်ဆုံးရှုံးမှုစာရင်းတွေကိုတော့ မရရှိသေးဘဲ MFP က ဆက်လက် စုစည်းပြုစုနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လ (၁) ရက် မနက် (၇) နာရီကျော်မှာ စစ်အုပ်စုက ကန့်ဘလူနယ် ကိုးတောင်ဘို့ရွာ  လက်နက်ကြီး

ရွှေကူနယ်တွင် သင်္ဘောလုံခြုံရေးစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိဟု မြို့လှ PDF အသိပေး

Posted: 04 Jun 2022 09:11 AM PDT

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် သင်္ဘောလုံခြုံရေး စစ်ကြောင်းကို မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်(PDF) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မြို့လှ PDFက ယနေ့ ထုတ်ပြန်သည်။ယမန်နေ့ (ဇွန်လ ၃ရက်) မွန်းလွဲပိုင်း၌  သင်္ဘောလုံခြုံရေးယူရန် မိုးစစ်ရွာဘက်မှ ဆင်တပ်ရွာဘက်သို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ပါ စစ်ကောင်စီတပ်ကို မြို့လှ PDF အရံတပ်မှ လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့

သရက်ချောင်းမြို့နယ် သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို

Posted: 04 Jun 2022 09:09 AM PDT

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄နှစ်အရွယ်မိန်းကလေးအပါအဝင် ဒေသခံနှစ်ဦးသေဆုံးတနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များက ယမန့်နေ့(ဇွန်၃ရက်) နေ့လယ် ၁၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်တပ်သား လေးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲသည် ညနေ ၄နာရီအထိဖြစ်ပွားခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား လေးဦး

ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ချက်အ​ပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ပြင်သစ်ထုတ်ပြန်

Posted: 04 Jun 2022 09:07 AM PDT

▪️စစ်ကောင်စီ၏ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်ထောက်ခံမည်ဟုဆို၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို စစ်ကောင်စီက ကွပ်မျက်ရန်ဆုံးဖြတ်ခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။"တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိ

ကမ္မမြို့နယ် ကျက်ထိုးနယ်မြေ ရဲကင်းစခန်းမှ ရဲတပ်သား လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာ

Posted: 04 Jun 2022 09:03 AM PDT

မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ကျက်ထိုးနယ်မြေ ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်၊ ခဲယမ်းအပြည့်အစုံဖြင့် CDM ဝင်လာကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေတပ်ဦး - MVRF က ယနေ့ဇွန်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ကိုယ်ပိုင်အမှတ် လ-၂၇၇၃၁၇ ရဲတပ်သား ကိုဖြိုးမင်းအောင်သည် ဇွန်လ(၃)ရက်နေ့က MVRF ထံ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် CDM ဝင်ရောက်ခဲ့ပြီး ၎င်း ယူဆောင်လာသော ပစ္စည်းများမှာ G3 အမျိုးအစား သေနတ် (၁) လက်၊

ကနီမြို့နယ် တဇယ်ချောင် ရွာသား ၄ ဦးကို စစ်တပ်က သတ်ဖြတ်

Posted: 04 Jun 2022 09:00 AM PDT

ဓာတ်ပုံ- သတ်ဖြတ်ခံထားရသည့် တဇယ်ချောင်ရွာသားတစ်ဦး ကနီ၊ ဇွန် ၄စစ်ကိုင်းတိုင်း ကနီမြို့နယ် တဇယ်ချောင်ရွာ မှ ပြည်သူ ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီ မှ သတ်ဖြတ်ထားခဲ့သဖြင့် ယနေ့ ဇွန် ၄ ရက်နေ့တွင် အလောင်းကောက်ခဲ့ရကြောင်း ကနီမြို့နယ် PDF (ကျောက်လုံးကြီး )- KLG-PDF ထံမှ သိရသည်။" ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူတွေကိုဖမ်းသွားတယ်။ ပြည်သူ ၄ ဦးကို ခွေး(အကြမ်းဖက်စစ်ကောင်စီတပ်သား)တွေ သတ်ထားခဲ့တယ်ဗျ။ အခုလေးတင်မှ အလောင်း

ဓားထိုးခံရပြီး မသေခဲ့သော မန္တလေး တမ္ပဝတီ အုပ်ချုပ်ရေးမှူး သေနတ်နှင့် ၇ ချက် အပစ်ခံရပြီး သေဆုံး

Posted: 04 Jun 2022 08:59 AM PDT

မန္တလေး၊ ဇွန် ၄မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးယနေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကာ ​သေဆုံးသွားကြောင်းဒေသခံများထံကသိရသည်။ယနေ့ဇွန်လ (၄)ရက် ညနေ သုံးနာရီခွဲခန့် နေအိမ်ရှေ့ လမ်းလျှောက်နေစဉ် သေနတ်နှင့် ၇ချက် ပစ်ခတ်ခံခဲ့ရပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။ဦးအောင်မိုး၏ ဇနီးဖြစ်သူသည်လည်း ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး နှစ်

KNU က ထိန်းသိမ်းထားသော ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်ထက်နှင့် တပ်ကြပ် ကြီး နိုင်ဦးတို့ကို ပြန်မလွှတ်ပေးလျှင် ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ် မည်ဟု စစ်တပ်က ခြိမ်းခြောက် ၊ ပြည်သူများတိမ်းရှောင်ရ

Posted: 04 Jun 2022 08:57 AM PDT

ဓာတ်ပုံ- ရုရှားပြန် ဗိုလ်ကြီးကျော်ဇင်ထက်(တီရှပ်အမည်း)နှင့် တပ်ကြပ်ကြီးနိုင်ဦး(အင်္ကျီချွတ်)ကို စတင် ဖမ်းမိသည့်အချိန်  ယာယီ ဖမ်းဆီးထားသည့် မြင်ကွင်း။ရန်ကုန်၊ ဇွန် ၄ KNU က ထိန်းသိမ်းထားသော ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်ထက်နှင့် တပ်ကြပ် ကြီး နိုင်ဦးတို့ကို ပြန်မလွှတ်ပေးလျှင် ကျေးရွာများကို ဖျက်ဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်လာပြီး ပြည်သူများတိမ်းရှောင်ရကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။ KNU မှ

မုံရွာမှာသေနတ်ကိုင်ပြီး ဂိတ်ဖွင့် ပိုက်ဆံတောင်းရမ်းနေတဲ့ ပျူစောထီး ၂ ဦးကိုရှင်းလင်း၊ သေနတ်တလက်ရ

Posted: 04 Jun 2022 08:47 AM PDT

မုံရွာ၊ ဇွန် ၄၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအဝင်ဇရပ်မှာ ဆိုင်ကယ်နဲ့ကားတွေကို ပိုက်ဆံတောင်းရမ်းနေတဲ့ ပျူစောထီး ၂ ဦးကို ဇွန်လ ၄ ရက် ဒီကနေ့မနက်မှာ ရှင်းလင်းခဲ့တယ်လို့ မုံရွာစေတန်အဖွဲ့က ထုတ်ပြန်ပါတယ်။တောပုရွာက ချစ်သဲနဲ့ နန်းအောင်ဆိုသူ ပျူစောထီး ၂ ဦးကို ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ အလစ်အ ငိုက်မှာပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်ပြီး သူတို့ကိုင်ဆောင်တဲ့သေနတ်တလက်သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါ

မြို့သစ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

Posted: 04 Jun 2022 08:46 AM PDT

မြို့သစ်၊ ဇွန် ၄၊ ၂၀၂၂။မကွေးတိုင်း၊ မြို့သစ်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဇွန်လ ၄ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ရွာဆိုးကျေးရွာက ဒလန်လို့ကျော်ဇောနေတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး ဆိုသူဖြစ်ပြီးသေနတ်နဲ့ ၄ ချက်ပစ်ခတ် ခံရတာလို့သိရပါတယ်။"ခင်မောင်စိုးကို လမ်းမှာရှင်းခဲ့တာပါ လေးချက်ပစ်လိုက်တာ ခေါင်းနဲ့ခန္ဓာကိုယ်ကိုထိတာ ရွာ

ဒေါတနောကျေးရွာ ရေထွက်ပေါက်မှာ တိုက်ပွဲဖြစ်ပွား၊ KNDF ရဲဘော် တစ်ဦးကျ၊ စစ်ကောင်စီဘက် ၂၀ ဦးထက်မနည်းသေဆုံး

Posted: 04 Jun 2022 08:43 AM PDT

လွိုင်ကော်မြို့နယ် ဒေါတနောကျေးရွာ ရေထွက်ပေါက်မှာ ယမန်နေ့ ( ဇွန်လ ၃ရက်နေ့ )က တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B-02 က အသက် ၂၁နှစ်အရွယ် ရဲဘော် မောင်မာတေးအို ကျဆုံးသွားခဲ့တယ်လို့ KNDF B-02 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ KNDF B-02၊ KNDF B-14၊ SSRY (၁၀၀၈တပ်ရင်း) ၊ KA တို့နဲ့ စစ်ကောင်စီတပ်တွေဟာ ယမန်နေ့ မွန်းလွဲ ၁နာရီခွဲကနေ ၃နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။" တိုက်ပွဲက စစ်ကောင်စီ စစ်ကြောင်းထိုးလာတယ်။

စစ်ကောင်စီ ယာဥ်တန်းကို KA နှင့်KNDF တို တိုက်ခိုက်ရာ ၄ စီး ပျက်စီးပြီး စစ်တပ်ဖက်၅ ဦး သေဆုံး

Posted: 04 Jun 2022 08:42 AM PDT

ဇွန် ၄ရက်ကရင်နီ ပြည် ဘောလဲမြို့မှ ဖရူဆိုမြို့ဘက်သို့ ဦးတည် မောင်းနှင်လာသည့်စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၄၀ စီးပါ ထောက်ပို့ယာဥ်တန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့က နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာကြား၌ မေလ ၃၀ ရက် မှ ဇွန်လ ၂ ရက်အထိ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ မော်တော်ယာဥ် ၃ စီး မီးလောင်ပျက်စီးခဲ့ပြီး ဇွန်လ ၂ ရက် တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.