Tuesday, June 7, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ရန်ကုန်မြို့၌ အများပြည်သူများကို အုပ်စုဖွဲ့လုယက်ရမ်းကားသည့်အဖွဲ့များ ရပ်တန်းကရပ်ရန် UG အဖွဲ့ သတိပေး

Posted: 06 Jun 2022 08:23 AM PDT

ရန်ကုန်မြို့၌ အများပြည်သူများကို အုပ်စုဖွဲ့လုယက်ရမ်းကားသည့်အဖွဲ့များအနေဖြင့် ယင်းလုပ်ရပ်များ ရပ်တန်းကရပ်ရန် Soul Takers _Yangon Underground Force က ယနေ့(ဇွန်လ ၆ ရက်) သတိပေးလိုက်သည်။"ရန်ကုန်နေပြည်သူများသည် တစ်နေ့တစ်ခြား သွားလာရေးဆိုင်ရာများ၊ နေထိုင်ရေးဆိုင်ရာများတွင် မလုံခြုံမှုများ တိုးမြင့်လာသည်ကို သိမြင်လာရသည်။ မှတ်တိုင်များ၊ YBS ကားများ လမ်းသွားလမ်းလာ လူမြင်ကွင်းများတွင် ပေါ်ပေါ်တင်တင် အုပ်စု

ကနီမြို့နယ် ကျေးရွာများတွင် မွှေနှောက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးကျော် သေဆုံး

Posted: 06 Jun 2022 08:19 AM PDT

ကနီ၊ ဇွန် ၆ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သပြေတောနှင့်တောင်ပျောက်ရွာကြားတွင် အကြမ်းဖက် စစ် ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးအဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးကြောင်းကနီ မြို့နယ် PDF ကျောက်လုံးကြီး KLG-PDF မှ သိရသည်။"မနေ့က  ၉ နာရီဝန်းကျင် စစ်ခွေး( အကြမ်းဖက်စစ်ကောင်စီတပ်သား) တွေမိုင်းသုံးလုံးမိပြီး ဆယ်ကောင်အထက်သေတယ်ဗျ။ ပြီးတော့ စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးချ​ပြီးပြန်တိုက်တာ

မန္တလေးတွင် ရဲဘော်ကွက်သစ် အုပ်ချုပ်ရေးမှူး အသတ်ခံရ

Posted: 06 Jun 2022 08:18 AM PDT

မန္တလေး၊ ဇွန် ၆မန္တလေးမြို့တွင် စစ်အုပ်စုက နေအိမ်များကို မတရားဖျက်ဆီးနေသည့် ပြည်ကြီးတံခွန်မြို့နယ်၊  ငွေတော်ကျီကုန်း ရပ်ကွက်၊ ရဲဘော်ကွက်သစ်မှ အုပ်ချုပ်ရေးမှူး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ရဲဘော်ကွက်သစ်၊ ကွက်စိပ် (၉) ၊ ၇၈ လမ်းနှင့် မင်္ဂလာလမ်းထောင့်တွင် နေ ထိုင်သည့် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးသည် သားဖြစ်သူနှင့်အတူ အကြော်ရောင်း ချနေစဥ် ယနေ့ နံနက်

သဲကောရွာ မိုင်တဲ တာဝါတိုင် ဗုံးခွဲခံရပြီးနောက် ရွာသား ၂ ဦး ဖမ်းဆီးခံရ

Posted: 06 Jun 2022 08:16 AM PDT

ပဲခူး၊ဇွန် ၆ ပဲခူးတိုင်း ရေတာရှည်မြို့နယ် ပတောက်ခင်ကျေးရွာအုပ်စု သဲကောကျေးရွာတွင် မိုင်တဲ တာဝါတိုင် ဗုံးခွဲခံရသည့်ကိစ္စ နှင့် ပတ်သက်ပြီး အပြစ်မဲ့အရပ်သားပြည်သူ  ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီ မှ ယနေ့ ဇွန် ၆ရက် တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။"စခအင်အားကတော့ ၁၀ ယောက်ကျော်ဘဲ ရှိတယ်၊ မနေ့က တာဝါတိုင်မိုင်းကွဲပြီးတော့ ဒီနေ့စစ်ရင်း ဖမ်းသွားတာ အဖမ်းခံရတာ နှစ်ယောက်ဗျ။ သဲကောကျေးရွာသားဘဲ

ဘုတလင်မြို့နယ်ရှိ ယခင်ဗိုလ်ချုပ်သာအေးရွာ စစ်ကောင်စီတပ်က ဒုတိယတစ်ကြိမ် ထပ်မံမီးရှို့ခံရ ၊ အစ်မဖြစ်သူအိမ် မီးထဲပါသွား

Posted: 06 Jun 2022 08:14 AM PDT

Photo-ယခင်ဗိုလ်ချုပ်သာအေး၏ အစ်မဖြစ်သူအိမ် မီးလောင်ကျွမ်းခဲ့သည့်မြင်ကွင်းဇွန် ၆ ရက်စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်ရှိ ယခင်ဗိုလ်ချုပ်သာအေးရွာဖြစ်တဲ့ ချောင်းဝကြီးကျေးရွာကို ဒီကနေ့ ( ဇွန်လ ၆ ) ရက်နေ့က  စစ်ကောင်စီတပ်က ဒုတိယတစ်ကြိမ် ထပ်မံမီးရှို့ခံခဲ့ရပြီး ၄င်း၏ အစ်မဖြစ်သူအိမ် မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ ညနေပိုင်းအထိ မီးရှို့ခံခဲ့ရတဲ့ချောင်းဝကြီးကျေးရွာမှာ

တပါယ်အင်းရွာကို ပျူစောထီးတွေ မီးရှို့ပြီး PDF ရဲဘော်တဦး မီးရှို့အသတ်ခံရ

Posted: 06 Jun 2022 08:12 AM PDT

ချောင်းဦး၊ ဇွန် ၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တပါယ်အင်းရွာရှိနေအိမ်တွေကို ဇွန်လ ၅ ရက်နေ့က အင်အား ၈၀ ခန့် ပါဝင်တဲ့ ပျူစောထီးရွာ ၂ ရွာပေါင်းပြီး၊ မီးရှို့သွားကာ PDF ရဲဘော်တဦးလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။"တပါယ်အင်းရွာကိုမနေ့ကမီးရှို့သွားကြတာ၊ PDF ရဲဘော် တယောက်ကျတယ်၊ PDF ရဲဘော် တယောက်ဒဏ်ရာရရှိပြီး အဖမ်းဆီးခံရတာမှာ မီးရှို့သတ်ပစ်ကြတာ၊ ဒေသခံတွေက လွန်ခဲ့တဲ့ ၃ ပတ်

အရပ်သားအသွင်ယူပြီး စစ်ကောင်စီတပ်တွေသယ်လာတဲ့ အိမ်စီးကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်

Posted: 06 Jun 2022 07:57 AM PDT

 မြင်းမူ၊ ဇွန် ၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာအနီး စစ်ကောင်စီဗိုလ်အဆင့်ပါလာတဲ့ Pajero အိမ်စီးကားအပါအဝင် ကား ၂ စီးကို PDF ၂ ဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myaung Revolution Army - MRA တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။"ကျနော်တို့ ၂ နာရီခွဲနဲ့ ၃ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်တာလုပ်ခဲ့ပါတယ်။ ကား ၂ စီးထဲလာတာ၊ လမ်း တလျှောက်ကျနော်တို့ ကင်းထောက်တွေသေချာ

Foodpanda Rider များနဲ့ ရပ်တည်ကြောင်း ဆန္ဒပြတဲ့ လူငယ်တွေကို ကားနဲ့လိုက်တိုက်

Posted: 06 Jun 2022 07:56 AM PDT

မုံရွာ ၊ဇွန် ၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မေလ ၆ ရက် ဒီနေ့ ညနေက လူငယ်တွေဦးဆောင်ပြီး Foodpanda Rider တွေနဲ့ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေကို စစ်ကောင်စီတွေက ကားနဲ့လိုက်တိုက်ခဲ့ကြပါတယ်။မုံရွာလူငယ်စည်းအရုံးက ကျောက္ကာလမ်းမှာ ဆန္ဒပြစဥ် ကားနဲ့လိုက်တိုက်တာလို့ ဆိုပါတယ်။‌"စစ်သားနဲ့ ရဲတွေက ကားနဲ့လိုက်တိုက်တာပါ အရပ်ဝတ်တွေနဲ့ပါ ကလစ်ဆိုင်ကယ်တစီး ပါသွားတယ်ဗျ။ လူကတော့ အကုန်လုံခြုံတဲ့နေရာ ရောက်

ဒီးမော့ဆိုမှာ ကင်းလှည့်နေတဲ့ စစ်ကားကို ဒီးမော့ဆို PDF က တိုက်ခိုက်ပြီး စစ်သား ၆ ဦးသေဆုံး

Posted: 06 Jun 2022 07:54 AM PDT

ဓာတ်ပုံ -ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် Facebook Page( ဇွန်လ ၅ရက် ) နေ့က ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်ကားကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး သေဆုံးသွားခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO- PDF )က ထုတ်ပြန်ထားပါတယ်။ဒီးမော့ဆို PDF နဲ့  အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မနေ့က နေ့လည် ၁ နာရီကနေ ၂နာရီအထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့

ရွှေကူစစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

Posted: 06 Jun 2022 07:43 AM PDT

June 6, 2022ကချင်ပြည်နယ် ရွှေကူမြို့နယ် ဂေါ်ဂွေပါ (Gau Gwi Pa) အထက် ပန်ခေါန်ယာန်(Pan Hkaw Yang) တဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်းအချိန်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။ပန်ခေါန်ယာန် (Pan Hkaw Yang) တွင်ရှိသော စစ်ကောင်စီတပ် စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိသော စခန်းကို KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၅ အဖွဲ့က သွားရောက်တိုက်ခိုက်ကာ

အင်းတော်ကြီးတွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

Posted: 06 Jun 2022 07:42 AM PDT

ဖားကန့် မှ မိုးညှင်းမြို့နယ်ဘက်သို့ တပ်ချိန်းပြီး ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းကြောင်းတစ်လျှောက် ၂ နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ဇွန်လ ၅ ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ဖားကန့်ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ခြေကျင်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အဝင် ကချင်စု ရပ်ကွက်

ချောင်းဦးမြို့နယ် စစ်ကောင်စီတပ် နှင့် ပျုစောထီးအဖွဲ့များ တိုက်ခိုက်ခံရပြီး ၁၈ဦးသေဆုံး

Posted: 06 Jun 2022 07:40 AM PDT

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံဇီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အချို့နှင့် ပျူစောထီးအဖွဲ့ကို ဇွန်လ ၅ ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Farmer Revolution Force FRF(CHU) မှ သိရသည်။ဒရုန်းဖြင့် တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးလက်နက်ငယ်များ အသုံးပြုကာ ဆက်တိုက်ပစ်ခတ်ရာမှ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၈ဦး

သိမ်ဇရပ်က ပျူစောထီးအကြံပေးဆိုသူ သေနတ် (၆) ချက်ပစ်ခံရ

Posted: 05 Jun 2022 08:47 AM PDT

သိမ်ဇရပ်၊ ဇွန် (၅) မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ သုံးဂွကျေးရွာအုပ်စု ကျောက်ရေတွင်းကျေးရွာက အကြမ်းဖက်စစ်အုပ်စုလက်ပါးစေဆိုတဲ့ ပျုစောထီးအကြံပေးအရာရှိ ဦးခင်ဝင်းကို မနေ့ကညနေပိုင်းမှာ ရှင်းလင်းလိုက်တယ်လို့ God Of Death -GOD အဖွဲ့ က ထုတ်ပြန်ပါတယ်။ "သူက ပျူခေါင်းဆောင်ကို ထိန်းချုပ်နေတာ။ အကြံပေးဆိုပါတော့ သူက အကြံပေးမြှောက်ထိုးပင့်ကော်လုပ်တယ် သူလဲရင် သူ့လူတွေတပ်ပျက်ပီလေ၊ ဒါကြောင့်ရှင်းခဲ့တယ်။ သေချာတကတော့ မတိ

ကနီမှာ နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အသေအဆုံးများ

Posted: 05 Jun 2022 08:45 AM PDT

ကနီ၊ ဇွန် ၅၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အင်အား ၁၀၀ ကျော်နဲ့ နယ်မြေရှင်းလင်းရေးဆိုကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဇွန်လ ၅ ရက် ဒီမနက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီစစ်သားတွေဟာ ချင်းတွင်းမြစ်ကြောင်းတလျောက် ကျောက်ဖလပ်ရေယာဥ်နဲ့ ချီတက်လာပြီးမှ ကနီနယ်အတွင်း ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာချိန်  သပြေတောရွာ နဲ့ တောင်ပျောက်ရွာကြားအရောက်မှာ KLG PDF နဲ့ ယင်းမာပင်

ကျောင်း လုံခြုံရေး စစ်သားများ တိုက်ခိုက်ခံရ ၃ ဦးထက်မနည်း သေဆုံးထိခိုက်နိုင်ဟု ဆို

Posted: 05 Jun 2022 08:44 AM PDT

ယင်းမာပင်၊ ဇွန် ၅၊ ၂၀၂၂။ယင်းမာပင်မြို့နယ်ထဲမှာ ကျောင်းဖွင့်ပွဲအတွက်  လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၂ ရက် မနက်ပိုင်းက YOMA YAR ZAR နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ယာရသူတွေလည်းရှိတယ်လို့ YOMA YAR ZAR တာ၀န်ခံက မြေလတ်အသံ ကို ပြောပါတယ်။"သူတို့က ကျောင်းဖွင့်ပွဲကို လုံခြုံရေးလာမယ်လို့ ကျနော်တို့က သတင်းရထားတယ်ပေါ့နော်။

လှိုင် (၁) ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လေးချက်ပစ်ခတ်ခံရပြီး သေဆုံး

Posted: 05 Jun 2022 08:42 AM PDT

ဓာတ်ပုံ - လှိုင် ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက် ပစ်ခတ်သာင်းကျန်းခဲ့စဉ် (ပုံဟောင်းဖြစ်သည်)ဇွန်လ ၅ ရက်ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၏ အုပ်ချုပ်ရေးမှုး ဖိုးကျော်သည် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ကျည် ၄ ချက်ထိမှန်ပြီး သေဆုံးသွားသည်ဟု သိရသည်။ဖိုးကျော်သည် ယနေ့ မနက်စော ၆:၀၀ နာရီဝန်းကျင်က ရပ်ကွက်တွင်း လမ်းလျှောက်နေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး၊   နားထင်၊ လည်ပင်းနှင့်

ရန်ကုန်မြို့ပြပြောက်ကျား G.O.D အဖွဲ့မှ LPDF နှင့် ပူးပေါင်းပြီး ကျိုက်ထိုရှိပျူစောထီးကို ပစ်ခတ်ရှင်းလင်း

Posted: 05 Jun 2022 08:40 AM PDT

ဇွန်လ ၅ ရက်မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သိမ်ဇရပ်မြို့နယ်၊ သုံးဂွကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာနေ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်ဖြစ်သူ တစ်ဦးကို ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့ Gods of Death (G.O.D) နှင့် သိမ်ဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPDF တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု G.O.D အဖွဲ့၏ တာဝန်ရှိသူမှ သတင်းပေးပို့သည်။ယမန်နေ့ ဇွန်လ ၄ ရက်၊ ည ၇:၁၅ ဝန်းကျင်တွင် G.O.D နှင့် သိမ်

ဖောင်းပြင်မှာ ဘုန်းကြီးကျောင်းထဲ အထိုင်ချနေထိုင်တဲ့ စစ်အုပ်စုကို စီးနင်းတိုက်ခိုက်၊ စစ်ကူလာလို့ စခန်း မသိမ်းနိုင်ပေမယ့် စကစ (၃၀)နီးပါး သုတ်သင်နိုင်ခဲ့ပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးဟုဆို

Posted: 05 Jun 2022 08:39 AM PDT

ဖောင်းပြင်မြို့ (ပုံဟောင်း)/Photo – CJဇွန် - ၅စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရွှေညောင်ပင်ရွာ ဘုန်းကြီးကျောင်းထဲ စီးနင်းဝင်ရောက်ကာ အထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို မနေ့က ညနေပိုင်းအချိန် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အကြမ်းဖက်သမား (၃၀)လောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖောင်းပြင် PDF က သတင်းထုတ်ပြန်ပါတယ်။မနေ့က ဇွန်(၄)ရက် ညနေ(၃)နာရီကျော်မှာ ဖောင်းပြင်မြို့နယ် ရွှေ

စစ်ကိုင်း - မုံရွာလမ်းမှာ မိုင်းဖြုတ်သိမ်းပြီး ဓာတ်ပုံရိုက်တဲ့ စကစတချို့ မိုင်းထကွဲလို့ ပွဲချင်းပြီး သေဟုဆို

Posted: 05 Jun 2022 08:37 AM PDT

ပြီးခဲ့တဲ့ လပိုင်းက စစ်ကိုင်း - မုံရွာ ကားလမ်းပေါ်မှာ တွေ့ရတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတချို့ /Photo – Sဇွန် - ၅စစ်ကိုင်း - မုံရွာကားလမ်း၊ စစ်ကိုင်းမြို့နယ် ချိုင်ကြီးရွာအနီးမှာ ဒီကနေ့ ဇွန်(၅)ရက် မနက်ပိုင်းက ကားလမ်းဘေး ထောင်ထားတဲ့ မိုင်းကို ဖြုတ်သိမ်းပြီးနောက် ဓာတ်ပုံရိုက်တဲ့ စစ်ကောင်စီ အကြမ်းဖက်သမား တချို့ မိုင်းပေါက်ကွဲလို့ ပွဲချင်းပြီး သေတယ်လို့ နယ်စည်းမခြား စစ်ကိုင်းသား ပြောက်ကျားတပ်ဖွဲ့က

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.