သစ္ထူးလြင္ |
- တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၀ ကျော် တွေ့ဆုံ
- ထိုင်းစစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားခေါင်းဆောင် အဖမ်းခံရ
- တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တာဟာ ပါတီရဲ့ သဘောထားမဟုတ်ကြောင်း (KySDP) နဲ့ (KNDP) ပါတီတို့ ပြော
- ရွေးကောက်ပွဲအကြိုကာလမှာ ပါတီတချို့ Facebook ကနေ လှုပ်ရှားနေ
- အမျိုးသားတွေ နှာခေါင်းစည်း ဘာ့ကြောင့် မဝတ်ချင်ကြတာလဲ
- ဒေသလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်လွှတ်တော်တွေမှာ အနိုင်ရဖို့ တိုင်းရင်းသားပါတီတွေ ကြိုးပမ်းနေ
- မြန်မာမှာ ကိုဗစ်လူနာ ၅ ဦးထပ်တိုး၊ စုစုပေါင်း ၃၇၄ ဦးရှိ
- NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး ထပ်တိုး
- ထိုင်းနဲ့ မလေးရှားရောက် မြန်မာတွေ မဲပေးဖို့တင်ပြလာသူ နည်းပါး
- ခြင်းဒစ်အမှတ်တရ၊ ဒုတိယကမ္ဘာစစ် 'မေ့လျော့ခံတပ်ဖွဲ့' ဂုဏ်ပြုကျောက်တိုင်ကို စောင့်ရှောက်ရမယ့်စာရင်းထည့်
- မြောက်ကိုရီးယားမှာ ရေဘေးကြောင့် လူ ၂၀ ကျော်သေဆုံး
- ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၀ ဖမ်းမိ
- ကျောက်တော်မြို့နယ်မှာ ရွာသား ငါးဦး ဖမ်းဆီးခံရ
- ပြည်ထောင်စုက ခွဲမထွက်ရ အစား အခြားစကားလုံးသုံးပြီး လက်နက်ကိုင်နဲ့ အစိုးရ သဘောတူညီမှုရ
- ဝင်းနဲ့ဇော် သေဒဏ်ကလွတ်
တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၀ ကျော် တွေ့ဆုံ Posted: 15 Aug 2020 06:15 AM PDT တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၀ ကျော် တွေ့ဆုံ (ဓါတ်ပုံ www.seniorgeneralminaunghlaing.com)အဓိကအတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၀ ကျော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့အပေါ် မေးခွန်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။ဗိုလ်ချုပ် |
ထိုင်းစစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားခေါင်းဆောင် အဖမ်းခံရ Posted: 15 Aug 2020 06:09 AM PDT ဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ ကျောင်းသား ခေါင်းဆောင် Parit Chiwarak ကို ရဲတွေက ဖမ်းဆီးထိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ ထိုင်း နိုင်ငံရေးမှာ စစ်တပ် ဩဇာလွှမ်းမိုးထားတာကို အဆုံးသတ်ရေး ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ကျောင်းသား ခေါင်းဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။အသက် ၂၂ နှစ်ရှိ ကျောင်းသား ခေါင်းဆောင် Parit "Penguin" Chiwarak ကို ဖမ်းဆီးသွားတာ |
တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တာဟာ ပါတီရဲ့ သဘောထားမဟုတ်ကြောင်း (KySDP) နဲ့ (KNDP) ပါတီတို့ ပြော Posted: 15 Aug 2020 06:05 AM PDT တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီတို့ တွေ့ဆုံပွဲကို ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP နဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ခေါင်းဆောင်တချို့ တက်ရောက်ခဲ့တာဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သဘောတူညီချက်အရ မဟုတ်ဘူးလို့ အဲဒီပါတီ ပြောခွင့်ရသူတွေက ပြောပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ (KySDP) ပါတီဥက္ကဋ္ဌဟာ ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ |
ရွေးကောက်ပွဲအကြိုကာလမှာ ပါတီတချို့ Facebook ကနေ လှုပ်ရှားနေ Posted: 15 Aug 2020 05:54 AM PDT ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ facebook စာမျက်နှာကို ဝင်ရောက်ကြည့်ရှုနေသူတစ်ဦးကို တွေ့ရစဉ် / Photo: RFAရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေးပါတီအသီးသီးက သူတို့ရဲ့ ပါတီလှုပ်ရှားမှုတွေကို မြန်မာနဲ့ နိုင်ငံတကာမှာ အသုံးများတဲ့ Facebook မှာ ဖြန့်ဝေနေကြပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဟန့်တားနေရတဲ့ကာလမှာ မဲဆွယ်စည်းရုံးမှုအတွက် Facebook ကို အားကိုးရ မယ့်သဘော သက်ရောက်နေတယ်လို့ ပါတီတွေက |
အမျိုးသားတွေ နှာခေါင်းစည်း ဘာ့ကြောင့် မဝတ်ချင်ကြတာလဲ Posted: 15 Aug 2020 05:11 AM PDT အမျိုးသမီးတွေက နှာခေါင်းစည် ပိုဝတ်တယ်လို့ ကမ္ဘာတစ်ဝန်း စစ်တမ်းတွေက သက်သေပြရန်ဖြစ် ငြင်းခုံတာတွေ အကြီးအကျယ် ဖြစ်ခဲ့အပြီးမှာ မိုနီကာ တစ်ယောက် ဆုံးဖြတ်ချက်ကြီးတစ်ခု ချခဲ့ပါတော့တယ်။ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ သူ့ခင်ပွန်းသည် အက်ဂွားဒို က နှာခေါင်းစည်း ဝတ်ဖို့ကို ထပ်ခါတလဲလဲ ငြင်းနေခဲ့တာပါ။ ဘရာဇီးဟာ အမေရိကန်ပြီးရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများ |
Posted: 15 Aug 2020 05:02 AM PDT မှတ်တမ်းဓါတ်ပုံ- ၂၀၁၆ ဇန်နဝါရီတုန်းက တိုင်းရင်းသားလွှတ်တော်အမတ်များကို တွေ့ရစဉ်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆန်တဲ့ ဥပဒေအဖြစ် မပြင်ဆင်နိုင်သေးခင် ကာလစပ်ကြား ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေကို လွတ်လပ်ပြီး လုပ်ပိုင်ခွင့်ပိုရှိတဲ့ လွှတ်တော်တွေဖြစ်လာအောင် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ကြိုးပမ်းသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောဆိုတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြ |
မြန်မာမှာ ကိုဗစ်လူနာ ၅ ဦးထပ်တိုး၊ စုစုပေါင်း ၃၇၄ ဦးရှိ Posted: 15 Aug 2020 04:59 AM PDT မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၅ ဦး နောက်ထပ် အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၃၇၄ ယောက် ရှိပြီ ဖြစ်ပါတယ်။ မနေ့က ဓါတ်ခွဲ နမူနာ ၁၄၆၈ ခုကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅ ယောက်တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက် ညပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့အားလုံးက ပြည်ပက ပြန်ရောက်လာသူ တွေဖြစ်ပြီး အသွားအလာ ကန့်သတ်ထားသူတွေလည်း ဖြစ်ပါတယ်။မနေ့ |
NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး ထပ်တိုး Posted: 15 Aug 2020 04:54 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အသစ် ၁၂ ဦး ထပ်တိုးလိုက်ပြီး စုစုပေါင်း ၁၁၄၃ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။ကိုယ်စားလှယ်လောင်း လျှောက်လွှာမတင်ခင်က ၁၂ ဦး တိုးလိုက်တာဖြစ်ပြီး အများစုဟာ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေအတွက် ထပ်တိုးတာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ |
ထိုင်းနဲ့ မလေးရှားရောက် မြန်မာတွေ မဲပေးဖို့တင်ပြလာသူ နည်းပါး Posted: 15 Aug 2020 04:50 AM PDT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးဖို့အတွက် ပုံစံ ၁၅ ဖြည့်သွင်းနေကြစဉ်ထိုင်းနဲ့ မလေးရှား၊ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေ ရွေးကောက်ပွဲမဲပေးဖို့ ပုံစံ ၁၅ တင်သွင်းသူ သောင်းဂဏန်းနဲ့ ထောင်ဂဏန်းသာရှိတယ်လို့ သံရုံးတွေရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။အလုပ်သမားတွေက မဲပေးတဲ့နေရာအထိ အရောက်သွားဖို့ ခက်ခဲတာကြောင့် အခုလို နည်းပါးရတာဖြစ်တယ်လို့ အလုပ်သမားရေး ကူညီပေးသူတွေက ပြော |
ခြင်းဒစ်အမှတ်တရ၊ ဒုတိယကမ္ဘာစစ် 'မေ့လျော့ခံတပ်ဖွဲ့' ဂုဏ်ပြုကျောက်တိုင်ကို စောင့်ရှောက်ရမယ့်စာရင်းထည့် Posted: 14 Aug 2020 01:31 PM PDT ၁၉၉ဝ က လန်ဒန် ဝိတိုရိယမြစ်ကမ်းပါး ဥယျာဉ်ထဲမှာ ဖွင့်လှစ်ခဲ့တဲ့ ခြင်းဒစ်ကျောက်တိုင်ဒုတိယကမ္ဘာစစ်အတွင်းက 'မေ့လျော့ခံတပ်ဖွဲ့'က စစ်သားတွေကို ဂုဏ်ပြုတဲ့ ကျောက်တိုင်ကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။လန်ဒန်မြို့ ဝက်စမင်စတာရပ်ကွက် တင်းမြစ်ကမ်းပေါ်က ဝိတိုရိယ ကမ်းပါးဥယျာဉ်မှာ ရှိတဲ့ ခြင်းဒစ် အမှတ်တရကို အဆင့်(၂) စောင့်ရှောက်ရမယ့် နေရာ စာရင်းမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ဂျပန်လက်နက်ချ |
မြောက်ကိုရီးယားမှာ ရေဘေးကြောင့် လူ ၂၀ ကျော်သေဆုံး Posted: 14 Aug 2020 01:26 PM PDT မြောက်ကိုရီးယားနိုင်ငံ Pyongyang မြို့က လမ်းသွားလမ်းလာ အမျိုးသမီး နှစ်ဦး။ (သြဂုတ် ၀၅၊ ၂၀၂၀)မြောက်ကိုရီးယားနိုင်ငံမှာ အကြီးအကျယ်ရေကြီးနေတာကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးပြီးနောက်ထပ်လူ ၄ ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့ IFRC ကပြောပါတယ်။မြောက်ကိုရီးယား တာဝန်ရှိသူတွေကို ကိုးကားဖော်ပြထားတဲ့ IFRC ရဲ့ကြေငြာချက်မှာတော့ ရေကြီးရေလ ျှံမှုကြောင့် သီးနှံစိုက်ခင်းအတော်များများလည်း |
ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၀ ဖမ်းမိ Posted: 14 Aug 2020 01:24 PM PDT သြဂုတ်လ၁၁ရက်နေ့က နကွန်ဖနုံခရိုင်မှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများထိုင်း-မြန်မာနယ်စပ်မှာ ကိုဗစ်ကာလ ကန့်သတ်ပိတ်ဆိုနေတဲ့ကြားက မြန်မာတွေ ၄၀နီးပါး ဖမ်းမိတာကြောင့်် တချိုကိုတော့လူကုန်ကူးမူဥပဒေနဲ့ စစ်ဆေးမူတွေလုပ်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ၊တန်ဆောင်ရန်းမြိုနယ် ၊ဘန့်မဲတန် အမှတ်(၁) ကျေးရွာအနီးမှာ သြဂုတ်လ |
ကျောက်တော်မြို့နယ်မှာ ရွာသား ငါးဦး ဖမ်းဆီးခံရ Posted: 14 Aug 2020 01:22 PM PDT ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တစ်လုံးကျေးရွာက ကျေးရွာသား လေးဦးကို ဒီနေ့ မနက် ၁၁ နာရီခွဲလောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကိုဝင်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၄၀ ဝန်းကျင်တွေရှိ ကြတဲ့ ဦးသန်းအောင်ကျော်၊ ဦးလှလှမောင်၊ ဦးအောင်ခိုင်လှ၊ ဦးမောင်အေးကျော်တို့ဖြစ်လို့ သိရပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ် |
ပြည်ထောင်စုက ခွဲမထွက်ရ အစား အခြားစကားလုံးသုံးပြီး လက်နက်ကိုင်နဲ့ အစိုးရ သဘောတူညီမှုရ Posted: 14 Aug 2020 01:18 PM PDT 'ခွဲမထွက်ရ' ဆိုတဲ့ စကားလုံးကို ညှိနှိုင်းမရခဲ့လို့ ဆွေးနွေးမှုတွေ တစ်ဆို့ခဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား ပြည်ထောင်စုက 'ခွဲမထွက်ရ'ဆိုတဲ့ စကားလုံးကို ညှိနှိုင်းမရလို့ ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆက်ဆွေးနွေးဖို့ တစ်ဆို့နေတာတွေ ရှိခဲ့ပေမဲ့ အခုတော့ နှစ်ဖက်အကြား ဖြေရှင်းလို့ ရခဲ့ပြီလို့ အစိုးရဘက်က ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုပါတယ်။"ကျွန်တော်တို့ အခုညှိနေတဲ့ထဲမှာ |
Posted: 14 Aug 2020 01:17 PM PDT ကော့စမွေ ခရိုင် တရားရံးကို ရောက်လာတဲ့ ဝင်း( ညာ) နဲ့ ဇော် ( ဘယ်) - ၂၀၁၅ ဇူလိုင်ထိုင်း အစိုးရက နိုင်ငံတော်ပြန်တမ်းအဖြစ် ထုတ်ပြန်လိုက်တဲ့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်အရ မြန်မာ အလုပ်သမား ဝင်း နဲ့ ဇော်ဟာ သေဒဏ်ကနေလွတ်မြောက်ပြီး တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံရမှာ ဖြစ်ပါတယ်။အဲဒီလွတ်ငြိမ်းခွင့် ကြေညာချက်ကို ထိုင်းအစိုးရက သြဂုတ်လ ၁၄ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ထိုင်းဘုရင်ရဲ့ မွေးနေ့ ဇူလိုင် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.