Friday, August 21, 2020

သစ်ထူးလွင်

သစ်ထူးလွင်


(၂၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး တွေ့ရှိ

Posted: 21 Aug 2020 06:54 AM PDT

၁။ (၂၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၇၆) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၂၅၆) ခုနှင့်- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၁၂) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၈၄)

၂၁ ပင်လုံမှာ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃) ချုပ်ဆိုနိုင်ခဲ့

Posted: 21 Aug 2020 06:35 AM PDT

၂၁ ရာစုပင်လုံညီလာခံ ဒီနေ့ တတိယနေ့မြောက်နေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးအတွက် လမ်းညွှန်ချက်တွေပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ "၂၀၂၀ အလွန် ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်" ကို အစိုးရက ချမှတ်ထားတယ်လို့လည်း

၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည်ချပြ

Posted: 21 Aug 2020 06:33 AM PDT

နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့မှာ မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၂၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက် ရှေ့လာမယ့်နှစ်မှာ ဆောင်ရွက်ဖို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ၂၁ ရာစုပင်လုံ စတုတ္ထညီလာခံ အဆုံးသတ်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ

ကိုဗစ်ကာကွယ်ရေး မြန်မာ နယ်စပ်အဝင်အထွက် ပိုမိုတင်းကြပ်ထား

Posted: 21 Aug 2020 06:30 AM PDT

ထိုင်း မြန်မာနယ်စပ် မြဝတီစစ်ဆေးရေးဂိတ်မှာ နေရပ်ပြန်လာသူတွေကို ကိုယ်အပူချိန်တိုင်းပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မတ် ၂၃၊ ၂၀၂၀)ရောဂါပိုးရှိသူနဲ့ ထိတွေ့မှု မရှိတဲ့အပြင် ပြည်ပခရီးသွားရာဇဝင်ပါ မရှိဘဲ ပြည်တွင်းကူးစက်ခံရသူ အတည်ပြုလူနာသစ်တွေ တိုးလာနေချိန်မှာ နယ်စပ်တွေက အဝင်အထွက်တွေကို တိုးမြှင့်စောင့်ကြပ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ပြပေးပါမယ်။ကျန်းမာရေးနဲ့

တက်ကြွလှုပ်ရှားသူ ၉ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

Posted: 21 Aug 2020 06:28 AM PDT

ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲကပုံစံမျိုး ဆန္ဒပြပြီးနောက်ပိုင်း အနွန် နမ်ပါကို ဖမ်းဆီးပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ထိုင်းအာဏာပိုင်တွေက ပစ်မှတ်ထား ဖယ်ရှားနေပြီး လူ ၉ ဦးကို ဖမ်းဆီးလိုက်ပါတယ်။အဖမ်းခံခဲ့ရတဲ့ ၉ ဦးထဲမှာ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့တဲ့ ဆန္ဒပြပွဲတခုနဲ့ ပတ်သက်လို့ တရားစွဲဆိုခံထားရတဲ့ ထိုင်းရှေ့နေ အနွန်

ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းပြီး အင်းစိန်ထောင်ပို့

Posted: 21 Aug 2020 06:24 AM PDT

ဓာတ်ပုံ-U Htay Aung Facebookကော့မှူးမြို့နယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မယ့် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က)နဲ့ ဒီကနေ့ သြဂုတ်လ ၂၁ ရက် ညနေ လေးနာရီခွဲက ဖမ်းဆီးပြီး ရမန်ယူပြီးနောက် အင်းစိန်ထောင်ကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။ ဟိုတယ်နဲ့စီးပွားရေးလုပ်ငန်းရှင်ဦးဌေးအောင်ကို ပုဇွန်

ကူးစက်နှုန်း ဆယ်ဆမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ် မြန်မာပြည် ရောက်နေ

Posted: 21 Aug 2020 06:22 AM PDT

သွေးရည်ကြည်ဖြင့် ကိုဗစ်-နိုင်တီးန် လူနာများကို ကုသခြင်းကိစ္စ၊ လက်ရှိအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်များ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀၊ သြဂုတ်လ ၂၀ ရက်နေ့ မြန်မာနိုင်ငံ ဆေးသုတေသနဦးစီးဌာနမှာ ကျင်းပစဉ် / ဓာတ်ပုံ - ဇာဏီထွဏ်း/ RFAမြန်မာနိုင်ငံမှာ ကူးစက်နှုန်း ၁၀ ဆ မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးစိတ်သစ်ကို တွေ့ရှိထားပြီး တခြားနိုင်ငံတွေလို ဒုတိယအကြိမ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့လာနိုင်တဲ့အတွက် ကပ်

ချင်းပြည်နယ်မှာ NLD နိုင်ဖို့ ပြည်နယ်ဝန်ကြီးဟောင်း ဦးဆောင်မည်

Posted: 21 Aug 2020 06:19 AM PDT

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင် ကို တွေ့ရစဉ်Photo: Salai Isaac Khen - Facebookချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင် ဦးဆောင်တဲ့ ပြည်နယ်အဆင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် ဆယ်ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ကော်မတီနဲ့ ပတ်သက်ပြီး ယခင် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ဆက်သွယ်မေးမြန်းပေမယ့် သူက လတ်တလော

(၂၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦးတွေ့ရှိ

Posted: 21 Aug 2020 06:18 AM PDT

၁။ (၂၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ  ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၈၁၁) ခုအား  ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ  -• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦးတွေ့ရှိပါသည်။၂။ (၂၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၀၉) ဦးရှိပြီ ဖြစ်ပါသည်။ ၃။  (၂၀-၈-၂၀၂၀) ရက်နေ့အတွက်

သမ္မတ Trump ရဲ့အကြံပေးဟောင်း Steve Bannon ငွေလိမ်မှုနဲ့ ဖမ်းခံရ

Posted: 21 Aug 2020 06:14 AM PDT

သမ္မတ Trump ရဲ့အကြံပေးဟောင်း Steve Bannonအမေရိကန်နဲ့ မက်ဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာတဲ့ လှုပ်ရှားမှုမှာ ပါဝင်သူတွေ ဖြစ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြီးတန်းအကြံပေးဟောင်း ဖြစ်တဲ့ Steve Bannon နဲ့ နောက် ၃ ဦးကို သိန်းနဲ့ချီတဲ့ အလှူငွေ လိမ်လည်တောင်းခံမှုနဲ့ ကြာသပတေးနေ့မှာ တရားစွဲပြီး ဖမ်းဆီးလိုက်ကြောင်း တရားရေးဌာနက ကြေညာပါတယ်။Bannon ဟာ သမ္မတထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်အဖွဲ့

အီရန်လေကြောင်းလိုင်းကိုထောက်ပံ့ပေးနေတဲ့ UAE ကုမ္ပဏီကို ကန် ဒဏ်ခတ်အရေးယူ

Posted: 21 Aug 2020 06:12 AM PDT

အာရပ်စော်ဘွားများ သမ္မတနိုင်ငံ UAE အခြေစိုက် ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Parthia Cargo နဲ့ Delta Parts Supply FZC တို့ ဟာ အီရန်ရဲ့ အကြီးဆုံးလေကြောင်းလိုင်း Mahan Air ကို အထောက်အပံ့ ပေးနေတဲ့အတွက် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူလိုက် ပါတယ်။ဒီကုမ္ပဏီ ၂ ခုဟာ အမေရိကန်အစိုးရ နာမည်ပျက်စာရင်းသွင်းထားတဲ့ Mahan Air အတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ပေးနေတာကြောင့် အရေးယူတာ ဖြစ်ကြောင်း အမေရိ

မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအွန်းက ညီမဖြစ်သူကို အာဏာပိုခွဲဝေပေး

Posted: 21 Aug 2020 06:10 AM PDT

ကင်ယိုဂျုံမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ သူ့တာဝန်တချို့ကို သူ့ကိုယ်စား ညီမဖြစ်သူ ကင်ယိုဂျုံကို လွှဲပြောင်းပေးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။အခုအခါ နိုင်ငံရဲ့ အရေးကိစ္စတွေကို ကင်ယိုဂျုံက ကြီးကြပ် ဆောင်ရွက်မှာ ဖြစ်ပေမဲ့ ကင်ဂျုံအွန်းက အာဏာကို အပြည့်အဝ ဆက်ထိန်းထားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲသစ်က ဆိုးလ်မြို့ ပါလီမန်လွှတ်တော်မှာ တင်ပြခဲ့

စစ်တွေဆေးရုံက အထူးကုဆရာဝန်ကြီးဗိုင်းရပ်စ်ကူးစက်ခံရ ၊ စစ်တွေမှာပိုးတွေ့သူ ၉ ဦးအထိရှိလာ

Posted: 21 Aug 2020 06:07 AM PDT

လူနာနံပါတ် ၃၉၅ အမျိုးသားဟာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျနေတဲ့ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး ဖြစ်ဩဂုတ် ၂၀ ရက်နေ့ မနက်ပိုင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက‌ ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံထားရသူတွေစာရင်းမှာ စစ်တွေမြို့က အထူးကုဆရာဝန်ကြီးတစ်ဦး ပါဝင်နေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။ကျန်းမာရေးနဲ့

ကိုဗစ်ကြောင့် မြန်မာမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၂၈ ဦး မဏိပူရနယ်စပ်ကတဆင့် ဌာနေပြန်

Posted: 21 Aug 2020 06:01 AM PDT

အိန္ဒိယနိုင်ငံသား ၁၂၈ ဦး မဏိပူရနယ်စပ်ကတဆင့် ဌာနေပြန် (ဓါတ်ပုံ-Facebook)COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်ရေး တားမြစ်ကန့်သတ်ချက်တွေကြောင့် နေရပ် မပြန်နိုင်ဘဲ မြန်မာနိုင်ငံတွင်း ပိတ်မိ နေတဲ့ အိန္ဒိယနိုင်ငံသား ၁၂၈ ယောက် မဏိပူရ နယ်စပ် မိုရေးမြို့ ကတဆင့် ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံကို ပြန်သွားနိုင်ကြပြီ ဖြစ်ပါတယ်။ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက မြန်မာပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးအပြီးမှာ

နေရပ်ပြန်ရေးအခက်ကြုံနေတဲ့ မလေးရောက် မြန်မာအလုပ်သမားတွေ ဗီဇာရက်လွန်ကြေး ပေးရမယ့်အရေးဆိုက်

Posted: 21 Aug 2020 05:59 AM PDT

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ချင် ကြပေမဲ့ အထောက်ထားမရှိတာရော၊ ဗီဇာသက်တမ်း ကျော်လွန် နေထိုင်သူတွေ ဒဏ်ကြေးပေးဆောင်ရမယ့် အခက်အခဲတွေပါ ကြုံနေရတဲ့အတွက် မပြန်နိုင်ပဲ ဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အပါအဝင် ကပ်ရောဂါကာလ နေရပ်ပြန်လိုသူတွေ

စစ်တွေတွင် ညမထွက်ရ အမိန့်ထုတ်ပြန်

Posted: 21 Aug 2020 05:57 AM PDT

နိရဥ္စရာ၊ သြဂုတ် ၂၁/၂ဝ၂ဝရခိုင်ပြည်နယ် စစ်တွေမြို့တွင် ည ၉ နာရီမှ နံနက် နံနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး လက်မှတ်ရေးထိုးပြီး ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စမှ အပ ည ၉ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရဟု ထုတ်ပြန်သည့်

စစ်တွေ အုန်းတောကြီးမြောက်ဒုက္ခသည်စခန်းမီးလောင်၊ ကလေးငယ်တစ်ဦး သေဆုံး

Posted: 21 Aug 2020 05:55 AM PDT

(ဓာတ်ပုံ- ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး)နိရဥ္စရာ ၊ သြဂုတ် ၂၁/၂ဝ၂ဝရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချောင်းဒုက္ကာကျေးရွာအုပ်စု၊ အုန်းတောကြီးမြောက်ကျေးရွာ IDP ဒုက္ခသည်စခန်းတစ်ခုတွင် ယမန်နေ့ ညနေက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။  ၎င်းမီးမှာ သြဂုတ်လ ၂ဝ ရက် ညနေ ၆ နာရီ အချိန်တွင် စတင် လောင်ခဲ့ခြင်းဖြစ်ပြီး စခန်းအတွင်းရှိ လိုင်းခန်း နေအိမ်အဆောင်တစ်ခု၏ မီးဖို မီး

ဥပဒေချိုးဖောက်ခဲ့ခြင်းမရှိဟု ကယားပြည်နယ်ဝန်ကြီးချုပ် ပြောကြား

Posted: 21 Aug 2020 05:53 AM PDT

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဖွဲ့စည်းပုံအခြေခံဥပဒေဖောက်ဖျက်မှုနဲ့ ပြည်နယ်လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက သူ့အနေနဲ့ တရားဥပဒေချိုးဖောက်တဲ့လုပ်ရပ် တစုံတခုကို ဆောင်ရွက်လုပ်ကိုင်ခဲ့ခြင်း မရှိဘူးလို့ RFA ကို ပြောကြားခဲ့ပါတယ်။ကယားပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကယားပြည်နယ်

အမ်းမြို့နယ်မှာ အရပ်သားလှေပစ်ခတ်ခံရလို့ နှစ်ဦးဒဏ်ရာရ တစ်ဦးဒဏ်ရာပြင်းထန်

Posted: 21 Aug 2020 05:52 AM PDT

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းတံတားအနီးမှာ ဒေသခံတွေရဲ့ ငါးဖမ်းလှေတစ်စီးကို တံတားမှာ နေရာယူထားတဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်၊ ဗုံးသီးတွေနဲ့ ပစ်ခတ်လို့ လှေပေါ် ပါလာတဲ့ အရပ်သားနှစ်ဦးဒဏ်ရာရပြီး အဲဒီအထဲက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ ပြင်ဆင်နေကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်း ကွေ့ရှည်ကျေးရွာက အသက် ၄၈ နှစ်

ရခိုင်ပြည်နယ်ရှိကျောင်းများကို ခေတ္တပိတ်ထားလိုက်ပြီ

Posted: 21 Aug 2020 05:49 AM PDT

နိရဥ္စရာ၊ သြဂုတ် ၂၁/၂ဝ၂ဝရခိုင်ပြည်နယ်ရှိ လက်ရှိဖွင့်ထားသောကျောင်းများအားလုံးကို ကိုရိုနာရောဂါကြောင့် ခေတ္တပိတ်ထားလိုက်ပြီဟု သတင်းရရှိသည်။ဖွင့်လှစ်ထားသော ကျောင်းများကို ခေတ္တ ပိတ်ထားရန်နှင့်  နောက်ထပ်ဖွင့်လှစ်မည့် အခြေခံကျောင်းများအား ခေတ္တဆိုင်းငံ့ထားရန်  Covid -19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) အမြဲတန်းအတွင်း ဇော်သန်းသင်းက ညွှန်ကြာထားသည်ဟု သိရသည်။ 

ကိုဗစ်အတည်ပြု လူနာနှင့်ဆက်စပ်မှုရှိခဲ့သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူဝန်ကြီး၂ ဦးတို့ ကွာရန်တင်း ဝင်နေရ

Posted: 21 Aug 2020 05:46 AM PDT

နိရဥ္စရာ၊ သြဂုတ် ၂ဝ/ ၂ဝ၂ဝကိုဗစ်အတည်ပြုလူနာအမှတ် ၃၉၆ နှင့်ဆက်စပ်မှု ရှိခဲ့၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ဝန်ကြီး ၂ ဦးတို့ မှာ ယနေ့ တွင် ကွာရန်တင်းဝင်နေရကြောင်း သတင်းရရှိသည်။ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၂ ဦးတို့မှာ  ယနေ့နံနက် ၈ နာရီက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည့် အသက်(၂၉)နှစ် လူနာအမှတ် (၃၉၆)ဖြစ်သည့် ထွေအုပ်ဝန်ထမ်း အမျိုးသမီးနှင့် ထိတွေ့ ဆက်စပ်သူများထဲတွင် ပါဝင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.