သစ္ထူးလြင္ |
- တရုတ်ရဲ့ ကာကွယ်ဆေး သံခင်းတမန်ခင်း ကြိုးပမ်းမှုထဲ မြန်မာလည်းပါဝင်
- မြန်မာ HIV/AIDS စီမံကိန်း MSF မှ ကျန်းမာရေးဝန်ကြီးဌာနသို့ လွဲပြောင်း
- သမ္မတအိမ်တော်သတင်းစာရှင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ
- ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာတွေ လသာ (၂) ကျောင်းထဲမှာ ကုသပေးမယ်လို့ကြေညာ
- (၁၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃) ဦးတွေ့ရှိ
- မြန်မာမှာ အသက် ၃၂ နှစ်အရွယ်ကိုဗစ်လူနာတစ်ဦး သေဆုံး
- ကိုဗစ်ကူးစက်သူ မရှိသေးတဲ့ကယားမှာ စည်းကမ်းအသစ်တွေထုတ်
- ရန်ကုန်တိုင်းတွင်း ပိတ်ဆို့တားဆီးမှုတွေပေါ် လူထုကြား ဘဝင်မကျဖြစ်နေ
- စက်ရုံတွေပြန်ပိတ်ရေး အစိုးရ အဖြေမထွက်သေး
- ဝါးများအား နောက်မှ ချိတ်ဆွဲ၍ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးလမ်းဘေးချောက်ထဲပြုတ်ကျကာတစ်ဦးသေဆုံး
- ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၂ ယောက်ထပ်တိုး
- ရန်ကုန်တိုင်းမှာ ယာယီဆေးရုံတွေ တိုးချဲ့ဖို့ အစိုးရ ပြင်ဆင်
- အိန္ဒိယနဲ့ တရုတ် စစ်တပ်တွေ နယ်စပ်က အမြန် ဆုတ်ခွာဖို့ သဘောတူ
- ကိုဗစ်ထိန်းချုပ်ဖို့ အဝေးပြေး ကားလိုင်းနဲ့ လေယာဥ်လိုင်းတွေ စရပ်
- (၁၁-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၇) ဦး တွေ့ရှိ
တရုတ်ရဲ့ ကာကွယ်ဆေး သံခင်းတမန်ခင်း ကြိုးပမ်းမှုထဲ မြန်မာလည်းပါဝင် Posted: 12 Sep 2020 05:06 AM PDT တရုတ်နိုင်ငံက သူတို့စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အောင်မြင်လုနီးပြီလို့ လူသိရှင်ကြား ပြောထားတာနဲ့အမျှ မဟာဗျူဟာမြောက် အကျိုးစီးပွား ဆက်နွှယ်နေတဲ့ နိုင်ငံတွေကို ဦးစားပေး ဖြန့်ချိပေးမယ်ဆိုပြီး ကတိပေးထားတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်စဖြစ်ပြီး တကမ္ဘာလုံးကို ပျံ့နှံ့ကူးစက်ခဲ့ပြီးတဲ့နောက် တရုတ်အနေနဲ့ ကာကွယ်ဆေးကို အသုံးချပြီး ကမ္ဘာ |
မြန်မာ HIV/AIDS စီမံကိန်း MSF မှ ကျန်းမာရေးဝန်ကြီးဌာနသို့ လွဲပြောင်း Posted: 12 Sep 2020 05:05 AM PDT မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၆ နှစ်ကြာအောင် ခုခံအားကျဆင်းမှုရောဂါ HIV/ AIDS စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တဲ့ Médecins Sans Frontières (MSF) အဖွဲ့က ရန်ကုန် HIV စီမံကိန်းကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန (MoHS) လက်အောက်ခံအမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (National AIDS Programme -NAP) ကို အပြည့်အဝ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်း အစိုးရ |
သမ္မတအိမ်တော်သတင်းစာရှင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ Posted: 12 Sep 2020 05:01 AM PDT စက်တင်ဘာ (၄) ရက် သမ္မတအိမ်တော်သတင်းစာရှင်းပွဲကို တက်ရောက်ခဲ့တဲ့၊ နေပြည်တော်အခြေစိုက် သတင်းထောက်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး တို့က ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။"အခုအခါ ပိုးတွေ့သတင်းထောက်နေထိုင်တဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်က အဆောင်ကို အသွားအလာ ကန့်သတ်လိုက်ပြီး၊ အနီးကပ်ထိတွေ့သူနဲ့ |
ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာတွေ လသာ (၂) ကျောင်းထဲမှာ ကုသပေးမယ်လို့ကြေညာ Posted: 12 Sep 2020 05:00 AM PDT လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို လသာ (၂) ကျောင်းဝန်းထဲမှာ ပြောင်းရွှေ့ဖွင့်လှစ်ကုသပေးသွားမယ်လို့ ရန်ကုန်ဆေးရုံကြီးက စက်တင်ဘာ ၁၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။လတ်တလောအခြေအနေအရ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ရာဂဏန်းရှိနေတဲ့ ရန်ကုန်တိုင်းထဲမှာ စက်တင်ဘာ ၁၁ ရက် မနေ့ကအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ ပိုးတွေ့လူနာ ၃၀ နီးပါးရှိနေတာကြောင့် ရေရှည် |
(၁၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃) ဦးတွေ့ရှိ Posted: 12 Sep 2020 04:56 AM PDT ၁။ (၁၁-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၉၈၁) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၉၄) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၂၈၃) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၆၃) ခု၊- |
မြန်မာမှာ အသက် ၃၂ နှစ်အရွယ်ကိုဗစ်လူနာတစ်ဦး သေဆုံး Posted: 12 Sep 2020 04:53 AM PDT ရန်ကုန်က ကိုဗစ်-၁၉ ကုသရေးဌာန ဖောင်ကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာနံပါတ် ၂၁၆၅ ဟာ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။သေဆုံးရတဲ့အကြောင်းရင်းကတော့ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာနဲ့ အရေပြား လေးဘက်နာရောဂါအခံကြောင့် ကျောက်ကပ်ပျက်စီးခြင်းနဲ့ သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာမှာ |
ကိုဗစ်ကူးစက်သူ မရှိသေးတဲ့ကယားမှာ စည်းကမ်းအသစ်တွေထုတ် Posted: 12 Sep 2020 05:09 AM PDT ပြည်တွင်း ကိုဗစ် ကူးစက်မှုတွေ နေ့စဉ်မြင့်တက်နေချိန်မှာ စက်တင်ဘာ ၁၁ ရက် ညနေထိ အတည်ပြုလူနာ မတွေ့ရှိသေးတဲ့ ကယားပြည်နယ်ကို မကူးစက်စေရေး ရောဂါကာကွယ်ရေးစည်းကမ်းချက်သစ်တွေကို အာဏာပိုင်တွေက စက်တင်ဘာ ၁၁ ရက်မှာ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။အဲဒီစည်းကမ်းချက်တွေကတော့ ကယားပြည်နယ်တွင်းကို ဝင်ရောက်လာသူ ဘယ်သူမဆို သတ်မှတ် ထားတဲ့နေရာမှာ ၁၄ ရက်နဲ့ နေအိမ်မှာ ၇ ရက် စုစုပေါင်း ၂၁ ရက် အသွားအလာကန့်သတ်နေထိုင်ရမှာ ဖြစ်ပြီး ကို |
ရန်ကုန်တိုင်းတွင်း ပိတ်ဆို့တားဆီးမှုတွေပေါ် လူထုကြား ဘဝင်မကျဖြစ်နေ Posted: 11 Sep 2020 09:19 AM PDT ရန်ကုန်တိုင်းတွင်းမှာ ကိုဗစ် ၁၉ ကူးစက်မှုနှုန်း မြင့်တက်လာတာနဲ့အမျှ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကာကွယ်ဖို့ဆိုပြီး ရပ်ကွက်တွေအတွင်းက လမ်းတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အသွားအလာ ကန့်သတ်ပိတ်ဆို့ ကာရံတာတွေ လုပ်နေကြတာကြောင့် ကြုံရတဲ့အခက်အခဲ အမြင်သဘောထားတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။ရန်ကုန်တိုင်းတွင်း မြို့နယ်အတော်များများမှာ ပြည်တွင်း ပြည်ပခရီးသွား ရာဇဝင်မရှိ- ရောဂါပိုးကူး |
စက်ရုံတွေပြန်ပိတ်ရေး အစိုးရ အဖြေမထွက်သေး Posted: 11 Sep 2020 09:19 AM PDT စက်ရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ရှိလာလို့ စက်ရုံတွေ ပြန်ပိတ်ရေး ဆွေးနွေးကြတာမှာ အဖြေမထွက်သေးဘဲ သေချာပြန်ဆွေးနွေးပြီးမှ ပိတ်သင့်၊ မပိတ်သင့်ဆိုတာ ဆုံးဖြတ်သွားမယ်လို့ အစိုးရဘက်ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ဆက်ပြောပြပါမယ်။စက်မှုဇုန်အသီးသီးက စက်ရုံလုပ်သား ၆၀ ကျော် ကိုဗစ်အတည်ပြု လူနာစာရင်းထဲ ပါလာတဲ့အတွက် စက်မှုဇုန် စက်ရုံတွေ ယာယီပြန်ပိတ်ပေးဖို့ အစိုးရ၊ အလုပ်ရှင်နဲ့ |
ဝါးများအား နောက်မှ ချိတ်ဆွဲ၍ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးလမ်းဘေးချောက်ထဲပြုတ်ကျကာတစ်ဦးသေဆုံး Posted: 11 Sep 2020 09:14 AM PDT ကျောက်တံခါး စက်တင်ဘာ ၁၁ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း စိန်ကန့်လန့် မင်းလှသွား ကားလမ်းမတွင်စက်တင်ဘာ ၁၀ရက် နေ့၁၂နာရီခွဲခန့်က ဝါးများကိုချိတ်ဆွဲကာမောင်းနှင်လာသောဆိုင်ကယ်တစ်စီးအရှိန်မထိန်းနိုင်ဘဲလမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်ကာ ဆိုင်ကယ် မောင်းသူအမျိုးသားတစ်ဦးသေဆုံးပြီး နောက်မှလိုက်ပါလာသူ အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့မူဖြစ်ပွားခဲ့သည်၊ဖြစ်စဥ်မှာ ဖဒိုမြို့ ပဲခူးရိုးမ |
၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၂ ယောက်ထပ်တိုး Posted: 11 Sep 2020 09:13 AM PDT မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် (၁၅၇) ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၁ ရက်နေ့ ည (၈) နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။လူနာသစ် (၁၁၅) ယောက် တွေ့ရှိကြောင်း ဒီမနက်ပိုင်းမှာ ထုတ်ပြန်ထားတာကြောင့် ဒီနေ့တစ်ရက်လုံးမှာ တွေ့ရှိတဲ့လူနာစုစုပေါင်း (၂၇၂) ယောက် ရှိပါတယ်။မနေ့က ၂၄ နာရီအတွင်းတွေ့ရှိတဲ့ လူနာဦးရေထက် ၁၀ ယောက်ပိုတွေ့တာလည်းဖြစ်ပါတယ်။အခုအချိန်ထိ |
ရန်ကုန်တိုင်းမှာ ယာယီဆေးရုံတွေ တိုးချဲ့ဖို့ အစိုးရ ပြင်ဆင် Posted: 11 Sep 2020 09:11 AM PDT ရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာတွေ တဖြည်းဖြည်းများလာတာကြောင့် ယာယီဆေးရုံတွေ တိုးချဲ့ဖွင့်လှစ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်နေပါပြီ။ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၅ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၂၂၆၅ ယောက်ရှိသွားပါပြီ။ ဒီအထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး၊ |
အိန္ဒိယနဲ့ တရုတ် စစ်တပ်တွေ နယ်စပ်က အမြန် ဆုတ်ခွာဖို့ သဘောတူ Posted: 11 Sep 2020 09:09 AM PDT ရုရှားနိုင်ငံ မော်စကိုမြို့မှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံအိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံ နယ်စပ်မှာ ထိပ်တိုက် ရင်ဆိုင် တပ်စွဲထားတဲ့ သူတို့ရဲ့ တပ်တွေ မြန်မြန် ပြန်ဆုတ်ခွာပေးရမယ်ဆိုတာကို သဘောတူလိုက်ပြီလို့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောပါတယ်။နှစ်နိုင်ငံ ဝန်ကြီးတွေ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ကြ အပြီးမှာ တင်းမာမှုတွေ လျော့ကျအောင်လုပ်မယ်လို့ ဆိုပါတယ်။အိန္ဒိယနိုင်ငံခြားရေး |
ကိုဗစ်ထိန်းချုပ်ဖို့ အဝေးပြေး ကားလိုင်းနဲ့ လေယာဥ်လိုင်းတွေ စရပ် Posted: 11 Sep 2020 09:06 AM PDT သင်္ကြန်မတိုင်ခင် အသွားအလာ ပိတ်ဆို့ခဲ့စဥ်နိုင်ငံတဝန်း ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စကလွဲလို့ ခရီးမသွားကြဖို့ အစိုးရက ညွန်ကြားပြီးတဲ့နောက် စက်တင်ဘာ ၁၁ ရက် ဒီကနေ့ ကနေ လကုန်အထိ အဝေးပြေးကားလိုင်းတွေနဲ့ လေကြောင်းလိုင်းတွေ ပြေးဆွဲပျံသန်းမှုကို ရပ်လိုက်ပါပြီ။အမျိုးသားအဆင့် ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မလိုအပ်ဘဲ ခရီးမသွားရအမိန့် ထုတ် |
(၁၁-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၇) ဦး တွေ့ရှိ Posted: 11 Sep 2020 09:04 AM PDT ၁။ (၁၁-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁,၀၂၀)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၁၈) ခု- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၄) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၅၅) ခု |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.