Wednesday, September 16, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ရခိုင်ဒေသ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွေကို WFP ကူညီမည်

Posted: 16 Sep 2020 06:32 AM PDT

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်ဝင်းထဲက အသွားအလာကန့်သတ်စောင်ကြည့်ရေး စင်တာတစ်ခုကို ၂၀၂၀ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ Photo: Ni Min Tun/RFAရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားနိုင်ရေးအတွက် အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းမှာ နေထိုင်နေရသူတွေကို အသင့်စားသုံးနိုင်တဲ့ အစားအစာ ထောက်ပံ့မယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က စက်တင်ဘာ ၁၅ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။တစ်

ညမထွက်ရအမိန့် ဖောက်ဖျက်မှုနဲ့ ပလက်ဝမှာ ၄၁ ဦး အရေးယူခံရ

Posted: 16 Sep 2020 06:31 AM PDT

ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေကို တွေ့ရစဉ်Photo: Salai KT HauKhai/RFAချင်းပြည်နယ်၊ ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အခုလ ဒုတိယအပတ်အတွင်း သွားခဲ့တဲ့ အရပ်သား ၄၁ ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ ညမထွက်ရအမိန့်တို့ကို ချိုးဖောက်မှုတွေနဲ့ အရေးယူထားတယ်လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောပါတယ်။တောလမ်းကနေ ခရီးသွားနေတဲ့ သူတို့ကို တပ်မတော်ခြေလျင်တပ်ရင်း ၂၈၉ က

ကျန်းမာရေးစည်းမျဉ်းနဲ့အညီ စက်ရုံတွေဆက်ဖွင့်ထားမည်

Posted: 16 Sep 2020 06:20 AM PDT

COVID-19 ကာလ စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားများ။ (မေ ၂၈၊ ၂၀၂၀)စက်ရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ရှိလာပေမယ့်လို့ အဲဒီစက်ရုံတွေကို မပိတ်သိမ်းဘဲ ရောဂါအတည်ပြုလူနာနဲ့ ၆ ပေ ပတ်လည်မှာ ရှိသူတွေနဲ့ အနီးနားထိတွေ့မှုရှိသူတွေကိုသာ လုပ်ငန်းခွင်လာရောက်ခြင်း မပြုဖို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အကြောင်း ပြောပြပေးပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။ကိုဗစ်ရောဂါ

ထိုင်းနိုင်ငံပြန် စောင့်ကြည့်သူတွေထဲ ၆၅ဦး ကိုဗစ်ပိုးတွေ့ခဲ့

Posted: 16 Sep 2020 06:18 AM PDT

ကိုဗစ်ကာလအတွင်း ထိုင်းမြန်မာနယ်စပ်ကနေ နေရပ်ပြန်မြန်မာ အလုပ်သမားများ။ (စက်တင်ဘာ ၁၆၊ ၂၀၂၀)ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကို ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံက ပြန်လာပြီး စောင့်ကြည့်ရေးစင်တာ ဝင်နေကြတဲ့ မြန်မာမိသားစုရဲ့ နှစ်နှစ်အရွယ်ကလေးမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်အရေးပေါ်ကာလအတွင်းမှာ ထိုင်းနိုင်ငံက ပြန်လာသူတွေထဲက ကပ်ရောဂါပိုးတွေရှိသူ ၆၅ ဦး ရှိပြီလို့ မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။ ဒီ

ကိုဗစ် သံသယလူနာတွေ အဖြေမထွက်ခင် အိမ်မှာစောင့်နိုင်မယ့်အစီအစဉ် စမ်းသပ်

Posted: 16 Sep 2020 06:16 AM PDT

ပိုးတွေ့လူနာတွေ တရှိန်ထိုးတက်လာလို့ ဝန်ပိနေတဲ့ဆေးရုံတွေကို ကူညီနိုင်ဖို့ ဒီအစီအစဉ် စတင်တာဖြစ်ပါတယ်။ကိုဗစ် သံသယလူနာတွေကို ဖျားနာကုအခမဲ့ဆေးခန်း(Fever Clinics) တွေမှာ နှာခေါင်းနဲ့ အာခေါင် တို့ဖတ်နမူနာယူပြီး အဖြေမထွက်သေးခင် အိမ်မှာစောင့်ခိုင်းထားတဲ့အစီအစဉ်ကို အင်းစိန်မှာ စတင်စမ်းသပ်နေပါတယ်။အရင်က ကိုဗစ် သံသယလူနာတွေဆီက တို့ဖတ်နမူနာတွေကို ဆေးရုံတွေမှာပဲ ယူတာဖြစ်ပါတယ်။အင်းစိန် ဖျားနာကုအခမဲ့ဆေးခန်းမှာ

'အမေရိကန်ကို ရွှေ့ပြောင်းဝင်လာတဲ့ အမျိုးသမီးတွေရဲ့ သားအိမ်တွေကို ခွဲစိတ်ထုတ်နေတယ်' လို့ သူနာပြုက စွပ်စွဲ

Posted: 16 Sep 2020 06:15 AM PDT

သူနာပြုနဲ့ ထိန်းသိမ်းခံ ရွှေ့ပြောင်းဝင်ရောက်သူတွေက ဒီအမှုကို ပြည်ထောင်စုအစိုးရဆီကို တိုင်ထားအမေရိကန်မှာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ထိန်းသိမ်းထားရှိတဲ့ စခန်းတခုအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပစ်ပယ်ခံထားရကြောင်း အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့တွေက စွပ်စွဲပြီး အရေးယူဆောင်ရွက်ပေးဖို့ ဖက်ဒရယ်ပြည်ထောင်စုအစိုးရထံ တင်ပြထားပါတယ်။ဂျော်ဂျီယာပြည်နယ် အာဝင် ကောင်တီ မှာရှိတဲ့ ပုဂ္ဂလိက အဖွဲ့

သုဝဏ္ဏဘောလုံးကွင်းမှာ ကူးစက်လူနာလေးရာဆံ့ ဆေးရုံ တည်ဆောက်

Posted: 16 Sep 2020 06:07 AM PDT

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ မြက်ခင်းတု ဘော်လုံးကွင်းမှာ ကုတင် ၄၀၀ ဆံ့ ယာယီဆေးရုံကို ၂၀၂၀ စက်တင်ဘာ ၁၆ ၇က်နေ့က ဆောက်လုပ်နေစဉ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေကို ကုသပေးဖို့အတွက် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းမှာ ကုတင် လေးရာဆံ့ ယာယီဆေးရုံတစ်ရုံ တည်ဆောက်နေပါတယ်အခုလ ၁၂ ရက်နေ့က စတင်ခဲ့တဲ့ တည်ဆောက်ရေးလုပ်ငန်းကို ဒီတပတ်အတွင်း အပြီးသတ်မှာဖြစ်ပြီး၊ အတည်ပြုလူနာတွေ

မိုးကုတ်မှာ မိုးကြီးလို့ မြေပြိုပြီး လူလေးဦး သေဆုံး

Posted: 16 Sep 2020 06:05 AM PDT

မိုးကုတ်မြို့နယ်မှာ ၂၀၂၀ စက်တင်ဘာလ ၁၅ ရက်နေ့ညက မိုးရွာသွန်းမှုများတာကြောင့် ရေကြီးနေတာကို တွေ့ရစဉ် / ဓာတ်ပုံ -ကိုကျော်မင်းလှိုင်မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းက ပာင်းပြင်ကျေးရွာအုပ်စု၊ ကိုးလံကျေးရွာနဲ့ ရွှေတိုင်ရွာတွေမှာ ရေကြီးတာနဲ့ မြေသားနံရံပြိုကျမှုတွေဖြစ်ခဲ့တာပါ။ကိုးလံကျေးရွာက အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် မိသားစုဝင် သုံးယောက် သေဆုံးခဲ့ပြီး ရွှေတိုင်ရွာက အသက် ၆၀ ကျော်

(၁၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၄) ဦးတွေ့ရှိ

Posted: 16 Sep 2020 06:02 AM PDT

၁။    (၁၅-၉-၂၀၂၀) ရက်နေ့၊ ည (၈) နာရီမှ (၁၆-၉-၂၀၂၀)ရက်နေ့၊ နံနက်(၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၀၉၄) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၃၆၄) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၂၀၁) ခု၊- ပြည်သူ့

ဗြိတိန် လော်ရီကားပေါ် လူတွေသေဆုံးမှု - ဗီယက်နမ်မှာ လူ ၄ ယောက်ကို ထောင်ဒဏ်တွေ စီရင်

Posted: 15 Sep 2020 11:10 AM PDT

လော်ရီပေါ်က အအေးခန်းကုန်သေတ္တာကြီးထဲမှာ သေဆုံးနေတဲ့ ဗီယက်နမ်နိုင်ငံသား ၃၉ ယောက်ရဲ့ အလောင်းတွေကို တွေ့ရဗြိတိန်နိုင်ငံ အက်စ်ဆက် ကောင်တီကို ဝင်ရောက်လာခဲ့တဲ့ လော်ရီကားတစီးရဲ့ ကုန်သေတ္တာကြီးအတွင်းမှာ သေဆုံးလျက်သားတွေ့ခဲ့ရတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၃၉ ယောက်အမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူ ၄ ယောက်ကို ဗီယက်နမ်မှာ ထောင်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေက တဆင့် သိရပါတယ်။ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ

အိန္ဒိယ ကိုဗစ်ပိုးတွေ့သူ ၅ သန်းနီးပါး ရှိလာ

Posted: 15 Sep 2020 11:09 AM PDT

ကိုဗစ် ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ စောင့်ဆိုင်းနေကြသူများကို အိန္ဒိယနိုင်ငံ Jammu မြို့မှာ တွေ့ရ။ (စက်တင်ဘာ ၁၅၊ ၂၀၂၀)အာရှတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ဖြစ်နေပြီး အိန္ဒိယမှာ ဒီကနေ့တရက်ထဲ လူနာသစ် ၈၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၀၀၀ ကျော် ရှိတဲ့အတွက် စုစုပေါင်းကူးစက်သူ ၅,၀၀၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၈၀,၀၀၀ ကျော်ရှိပါတယ်။အမေရိကန်ပြီးရင် ကမ္ဘာမှာ ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယမှာပြီးခဲ့

ကိုဗစ်အကန့်အသတ်ကြောင့် တိုင်းရင်းဒေသတွေ လူမှုအခက်အခဲကြုံ

Posted: 15 Sep 2020 11:06 AM PDT

COVID-19 ကာလ ကချင်လူမှုအဖွဲ့အစည်း ထွယ်ဂျန်ဒါက လိုက်လံ ကူညီထောက်ပံ့ပေးနေကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Htoi Gender and Development Foundation - စက်တင်ဘာ ၀၄၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုး လူရာနဲ့ချီ တွေ့ရှိလာချိန် ကူးစက်မှုကာကွယ်နိုင်ရေး အသွားအလာကန့်သတ်မှု အမိန့်စည်းမျဉ်းတွေကြား နေ့စဉ်လူနေမှု ဘဝစားဝတ်နေရေး အခက်တွေ့လာကြတဲ့ တိုင်းရင်းဒေသက လူထုရဲ့အခက်အခဲနဲ့ လူမှုအဖွဲ့တွေ လိုက်လံကူညီပေးနေကြတဲ့

စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များတွင် ကိုဗစ်ပိုးတွေ့

Posted: 15 Sep 2020 11:03 AM PDT

နိရဥၥရာ၊ စက္တင္ဘာ ၁၅ /၂ဝ၂ဝကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မွန်းလွဲ ၃ နာရီ ကိုဗစ် ပိုးတွေ့လူနာ စာရင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရှိရသည်။စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က " မနက် ပိုးတွေ့တဲ့လူနာတွေထဲမှာတော့ အမှတ် (၁) ရဲစခန်းက ရဲသားတွေလည်း ပါဝင်တယ်။ ဘယ်နှစ်ယောက်ပါတယ်ဆိုတာတော့ မသိတော့ဘူး။ ၄ ယောက်လား။ ၆ ယောက်လား မသိဘူး

ရသေ့တောင်မြို့နယ်မူစဲကမ်းအနီး ဇက်စစ်ရေယာဉ်နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ကျွဲနှစ်ကောင်သေပြီး အိမ်တချို့ပျက်စီးမှုရှိ

Posted: 15 Sep 2020 11:02 AM PDT

(ဓာတ်ပုံ- ရခိုင်ပြည်နယ်အတွင်း ခုတ်မောင်းသွားလာနေသည့် ဇက်စစ်ရေယာဉ်တစ်စီးကို တွေ့ရစဉ်။ ယခုဖြစ်ပွားမှုနှင့် သက်ဆိုင်မှု မရှိပါ။)နိရဥၥရာ၊ စက္တင္ဘာ ၁၅/၂ဝ၂ဝရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်းအနီးတွင် မေယုမြစ်ထဲမှ စစ်ရေယာဉ်နှင့် AA တို့အကြား အပြန်အလှန်ပစ်မှု ဖြစ်ပွားခဲ့၍ ကျွဲနှစ်ကောင်သေဆုံးကာ၊ အိမ်တချို့ ကျည်ဆံ ထိမှန်ပျက်စီးခဲ့မှု ရှိကြောင်း သတင်းရရှိသည်။မူစဲကမ်း ဒေသခံ တစ်ဦးက " ရသေ့တောင်ဘက်ကနေ

လောက်ကိုင်မြို့ တွင် အကြွေးမပေးသဖြင့် တရားမဝင် ဖမ်းဆီးနှိပ်စက်သူများအား အရေးယူ

Posted: 15 Sep 2020 10:57 AM PDT

လောက်ကိုင်          စက်တင်ဘာ             ၁၅ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လောက်ကိုင်မြို့နယ်  ဟိုတယ်တစ်ခု၌ လူတစ်ဦးအား အကြွေး မပေးသဖြင့် တရားမဝင် ဖမ်းဆီးနှိပ်စက်သူများအား စက်တင်ဘာ ၆ ရက်နေ့ က အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။လောက်ကိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ် ဇော်ဦးလွင် ၊ ကိုးကန့်ရဲတပ်ဖွဲ့မှ ရဲအရာခံ လီဖူချုံး(ခ) လီဖူဆို နှင့် တပ်ဖွဲ့ဝင်များသည်  အခင်းဖြစ်ရာသို့

ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် မြန်မာ့နိုင်ငံအရေးကို တရုတ်တို့ ဘယ်လိုမြင်သလဲ

Posted: 15 Sep 2020 10:54 AM PDT

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာရန်ကျဲ့ချိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဦးတည်း သီးခြား နာရီဝက်ခန့် တွေ့ဆုံပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာ

ရှင်ကျန်း - လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တရုတ်ရဲ့ တင်ပို့ကုန် တချို့ကို အမေရိကန်က ပိတ်

Posted: 15 Sep 2020 10:49 AM PDT

 ရှင်ကျန်း - လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တရုတ်ရဲ့ တင်ပို့ကုန် တချို့ကို အမေရိကန်က ပိတ်လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ အထူးသဖြင့် မွတ်စလင် ဝီဂါလူနည်းစုတွေ အပေါ်ဖိနှိပ်မှုတွေကြောင့် တရုတ်ရဲ့ ရှင်ကျန်းဒေသက တင်ပို့ကုန်တချို့ကို အမေရိကန်က ပိတ်ပင်ပါတော့မယ်။အဲဒီကုန်တွေ ထုတ်လုပ်ရာမှာ "အတင်းအဓမ္မလုပ်အားစေခိုင်းမှုတွေ" ရှိတယ်လို့ အမေရိကန်ကပြောပြီး အဲဒီ အဓမ္မစေခိုင်းတာတွေလုပ်နေရတဲ့ နေရာတွေထဲမှာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေး စိုးရိမ်စရာ မရှိ

Posted: 15 Sep 2020 10:46 AM PDT

နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ကိုဗစ်ရောဂါ ကူးစက်သူတဦး စစ်ဆေးတွေ့ရှိထားပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်ကြောင်း အစိုးရပြောခွင့်ရသူက ဒီကနေ့ပဲ အတည်ပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထာက်စုစုက တင်ဆက်ပေးမှာပါ။နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ထမ်းတဦး ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့

(၁၅-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၀၃) ဦး တွေ့ရှိ

Posted: 15 Sep 2020 10:44 AM PDT

၁။ (၁၅-၉-၂၀၂၀)  ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည  (၈:၀၀)နာရီအတွင်း COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၈၃၃)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်) (၂၉၁) ခု- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၅၉) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ  (ပထမ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.