Friday, September 18, 2020

သစ်ထူးလွင်

သစ်ထူးလွင်


အမရပူရမြို့နယ်၊ မဟာဝရဇိန်မစိုးရိမ်ကျောင်းတိုက်မှာ ကိုဗစ်အတည်ပြုလူနာတွေ့ရှိ၊ ကျောင်းတိုက်ကို Lockdown ပြုလုပ်

Posted: 18 Sep 2020 08:01 AM PDT

မန္တလေးမြို့ ၊ အမရပူရမြို့နယ်၊ ဗားဂရာကျောင်းတိုက်အတွင်းရှိ မဟာဝရဇိန်မစိုးရိမ်ကျောင်းက သံဃာတော်တစ်ပါးမှာ Covid-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိတာကြောင့် ကျောင်းတိုက်ကို  Lockdown ပြုလုပ်ထားပါတယ်။ ဒီကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သံဃာ ၆၂ ပါးနဲ့ နေထိုင်နေတဲ့ ကပ္ပိယ ၁၁ ဦးတို့ ကို ကွာရန်တင်းစင်တာကို မပို့ဆောင်ဘဲ  ကျောင်းတိုက်အတွင်းမှာပဲ အသွားအလာ ကန့်သတ်ထားတာဖြစ်ပါတယ်။ တစ်ကျော့ပြန် Covid-19 ဖြစ်ပွားမှု

ရခိုင်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာ

Posted: 18 Sep 2020 07:56 AM PDT

ကျောက်တော်မြို့နယ်ထဲက အလယ်ကျွန်း၊ ကျောက်ဂူစု၊ မျောက်တောင်၊ သာစည်၊ ရွှေပြည် ရွာဟောင်း-ရွာသစ် စတဲ့ ရွာပေါင်း ၆ ရွာက ဒေသခံတွေဟာ မဟာမြတ်မုနိဘုရားကသိမ်တွေအပြင် စပါးဆိပ်၊ သာယာကုန်း၊ ရွာမပြင် စတဲ့ နေရာတွေကို ထွက်ပြေးခိုလှုံနေကြတာ ဒီနေ့အထိဆိုရင် လူ ၂ဝဝဝ ကျော်ရှိတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။ဒီရွာတွေဟာ ကုလားတန်မြစ်ကမ်းဘေးမှာရှိတဲ့ ရွာတွေဖြစ်ပြီး၊ တပ်မတော်ရေယာဉ်တွေ ခုတ်မောင်းရင်း ရွာတွေကို လှမ်းပစ်

မုံရွာ ဗကသ ခေါင်းဆောင်တစ်ဦး ကလေးမြို့ နေအိမ်မှာ အဖမ်းခံရ

Posted: 18 Sep 2020 07:54 AM PDT

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ကိုတွေ့ရစဉ် / Photo: Linn Thura Ko Facebookဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေအတွင်းရေးမှူး ဖြစ်သူကို ကလေးမြို့က သူ့ရဲ့နေအိမ်မှာ စက်တင်ဘာ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။မုံရွာမြို့မ ရဲစခန်းမှာ အထိန်းသိမ်းခံထားရတဲ့ ကိုလင်းသူရကိုက သူ့

ကိုဗစ်ကာကွယ်ရေး တရုတ်-မြန်မာနယ်စပ် တင်းကြပ်မှုကြောင့် ကုန်သွယ်ရေး ထိခိုက်

Posted: 18 Sep 2020 07:54 AM PDT

ကုန်တင်ကားတချို့ကို တရုတ် မြန်မာနယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့အနီးမှာ တွေ့ရ။ (ဧပြီ ၂၀၊ ၂၀၁၉)တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား ၂ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့ပြီးနောက် နယ်စပ်လုံခြုံရေး တိုးမြှင့်လိုက်တာကြောင့် ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ကြံုနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ ကိုဗစ်

NOUL မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်း မိုးကြီးနိုင်

Posted: 18 Sep 2020 07:52 AM PDT

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညနေ ၄:၀၀ နာရီအချိန် မိုးလေဝသခန့်မှန်းချက်။ (ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - စက်တင်ဘာ ၁၈၊ ၂၀၂၀)မြန်မာနိုင်ငံကို စတင်ဖြတ်သန်းနေတဲ့ အပူပိုင်းမုန်တိုင်း NOUL ကြောင့် နေရာတော်တော်များများမှာ မိုးကြီးနိုင်တဲ့အကြောင်း မိုးလေဝသဌာနက သတိပေးထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က တင်ပြပေးထားပါတယ်။တောင်တရုတ်ပင်လယ်မှာ

အမေရိကန်ကိုယ်စားလှယ်တွေ ထိုင်ဝမ်ရောက်နေတုန်း တရုတ်စစ်ရေးလေ့ကျင့်

Posted: 18 Sep 2020 07:47 AM PDT

၂၀၁၀ တုန်းက တရုတ် စစ်တပ်က စစ်သင်္ဘောတစ်စင်းအမေရိကန်အစိုးရ ထိပ်တန်းကိုယ်စားလှယ်တစ်ဦး ထိုင်ဝမ်ကို ရောက်ရှိနေချိန်မှာပဲ တရုတ်အစိုးရက သူ့နိုင်ငံရဲ့ အချုပ်အချာအဏာကို ကာကွယ်ဖို့အတွက် ထိုင်ဝမ်ရေလက်ကြားအနားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။တရုတ်နဲ့ အမေရိကန်အကြားဆက်ဆံရေး အဆင်မပြေ ဖြစ်လာနေပြီး ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ ထောက်ခံအားပေးမှုတွေ ပိုတိုးလာခဲ့ချိန်မှာပဲ တရုတ်က လက်နက်

ဆိုရှယ်မီဒီယာပေါ် လေယာဥ်လက်မှတ်ပုံ တင်ခဲ့မိလို့ ဒုက္ခရောက်ခဲ့ရတဲ့ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း

Posted: 18 Sep 2020 07:45 AM PDT

ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ကိစ္စ မစ္စတာ အက်ဘော့နဲ့ ဖုန်းပြောခဲ့တယ်လို့ ဟက်ကာက ပြောသြစတြေးလျ ဝန်ကြီးချုပ်ဟောင်း တိုနီ အက်ဘော့ဟာ လေယာဉ်ပေါ်တက်ခါနီး ပြရတဲ့ လက်မှတ်ပုံကို အင်စတာဂရမ် လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့အတွက် သူ့ရဲ့ဖုန်းနံပါတ်နဲ့ နိုင်ငံကူးလက်မှတ်ပါ အချက်အလက် အသေးစိတ်တွေ ဟက်ကာ တစ်ယောက်ရဲ့ ခိုးယူခံလိုက်ရပါတယ်။အချက်အလက်တွေ ဖော်ထုတ်ရယူခဲ့သူ အဲလက်စ် ဟုပ် ဆိုသူ ဟက်ကာက မစ္စတာ အက်ဘော့ရဲ့ ကိုယ်

နေပြည်တော်မှာ ပိုးတွေ့လူနာ နေ့စဥ်တိုးနေ

Posted: 18 Sep 2020 07:42 AM PDT

နေပြည်တော် စီလမ်းဆုံ အဝင်ဂိတ်မှာ ၂၀၂၀ ဧပြီ ၁၄ရက်နေ့က ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်နေစဉ်  / Photo: Thet Su Aung / RFAနေပြည်တော်မှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရှစ်ဦး ထပ်တိုးလာပြီး ပိုးတွေ့သူ စုစုပေါင်း ၆၅ ဦးရှိတယ်လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။ပိုးတွေ့လူနာတွေကို နေပြည်တော် ကုတင် ၁၀၀၀

မှော်ဘီစစ်တပ်ရှေ့ မဲဆွယ်ဆိုင်းဘုတ် ဖယ်ရှားပေးဖို့ တပ်က တောင်းဆို

Posted: 18 Sep 2020 07:40 AM PDT

မှော်ဘီမြို့နယ်အတွင်းက စစ်တပ်ရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ဆိုင်းဘုတ်ကိုတွေ့ရစဉ် / Photo: တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းက စစ်တပ်ရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ဆိုင်းဘုတ်ကို ဖယ်ရှားပေးဖို့ တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားပါတယ်။တပ်ရဲ့ခြံစည်းရိုးအနီးပတ်ဝန်းကျင်မှာ ပါတီဆိုင်းဘုတ်တွေ မစိုက်ထူရဆိုတာမျိုး

ပလက်မြို့တွင် မျှစ်ခူးသွားသည့် အမျိုးသမီးတစ်ဦးမိုင်းနင်း သေဆုံး

Posted: 18 Sep 2020 07:38 AM PDT

နိရဥၥရာ၊ စက္တင္ဘာ ၁၈/၂ဝ၂ဝချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ရခိုင် အမျိုးသမီးတစ်ဦးသည် ယနေ့နံနက် ၉ နာရီခန့်က ပလက်ချောင်းနံဘေး အောင်စေတီအနီးတွင် မိုင်းနင်းမိ၍ ၎င်းနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသတင်းရရှိသည်။သေဆုံးသူမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်နေ ဒေါ်မေနုသိန်း(၄၂)နှစ်ဖြစ်သည်။သူမသည် အဖော်အမျိုးသမီးနှစ်ဦးနှင့်အတူ ယနေ့နံနက်က (၂၈၉) တပ်ရင်း အောက်ဘက် ပလက်ချောင်းနဘေးတွင် မျှစ်ခူးနေရာမှ မိုင်းပေါက်ကွဲ

(၁၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆၈) ဦး တွေ့ရှိ

Posted: 18 Sep 2020 07:33 AM PDT

၁။ (၁၈-၉-၂၀၂၀)  ရက်နေ့၊ နံနက် (၈:၀၀) နာရီမှ ည  (၈:၀၀) နာရီအတွင်း COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၁၄)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၀၁) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၄၅၉) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.