သစ္ထူးလြင္ |
- ဘော်တွင်းသတ္တုတွင်းမှ ရဲစခန်းကို ကေအိုင်အေတပ်ဖွဲ့ တိုက်ခိုက်
- အင်းတော်တွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းတွင် အကျဉ်းသားများ ပါဝင်နေဟုဆို
- မတ္တရာနယ်ထဲ နယ်မြေရှင်းဖို့လာတဲ့ စကစစစ်ကြောင်းကို ပဒေသာမိုင်းနဲ့တိုက်ခိုက်၊ စကစ ငါးယောက် ငရဲရောက်
- ဝက်လက်နယ် မင်းရွာတိုက်ပွဲတွင် PDFရဲဘော် ၁၁ဦးကျဆုံးပြီး စစ်ကောင်စီတပ် ၄၀ခန့်သေ
- တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျုစောထီးများက သေနတ်ဖြင့်ပစ်သတ်
- စစ်ကိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး
- တောင်တွင်းကြီးက ပျူစောထီးလင်မယား သေနတ်နဲ့ပစ်သတ်ခံရ
- ရေနံချောင်းက ဒလန်ဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးနိုင်
- ဝက်လက်မြို့တွင် အကြမ်းဖက်စစ်တပ်က စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို သတ်ဖြတ်
- ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ဇွန်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၄၁၀ ခန့် သေ
- ဂန့်ဂေါတောင်ပိုင်းမှာ ရွာသားများ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံထားရ
- မြင်းမူမှာ စစ်ကောင်စီကားတစီး မိုင်းခွဲခံရလို့ စစ်သား ၃ ဦးသေဆုံး
- ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်
- စစ်ကိုင်း ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို
ဘော်တွင်းသတ္တုတွင်းမှ ရဲစခန်းကို ကေအိုင်အေတပ်ဖွဲ့ တိုက်ခိုက် Posted: 05 Jul 2022 10:18 AM PDT နမ္မတူ - ဇူလိုင် ၅၊ ၂၀၂၂။ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္ထုတွင်းရှိ စစ်ကောင်စီရဲစခန်းကို ယမန်နေ့ နံနက် ၈နာရီခန့်က ကေအိုင်အေတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ကချင်လွတ်မြောက်ရေးတပ်(KIA) တပ်မဟာ (၄)၊ တပ်ရင်း - ၃၄ က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။"ကေအိုင်အေက ဖြတ်သွားရင်းနဲ့ RPG နဲ့ နှစ်ချက်ပစ်သွားတာ။ နှစ် |
အင်းတော်တွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းတွင် အကျဉ်းသားများ ပါဝင်နေဟုဆို Posted: 05 Jul 2022 10:17 AM PDT ပုံ - စစ်ကိုင်းတိုင်း ရှေ့တန်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။အင်းတော်- ဇူလိုင် ၅၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းသို့ စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းတွင် အကျဉ်းသားများနှင့် မူးယစ်ဆေးစွဲနေသူ အချို့လည်း ပါဝင်နေကြောင်း သိရသည်။စစ်သည် အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၈ ရက်နေ့က အင်းတော်မြို့နယ် အောင်းကုန်းရွာနှင့်တုံမဖွဲရွာတို့တွင် တပ်စွဲခဲ့ |
မတ္တရာနယ်ထဲ နယ်မြေရှင်းဖို့လာတဲ့ စကစစစ်ကြောင်းကို ပဒေသာမိုင်းနဲ့တိုက်ခိုက်၊ စကစ ငါးယောက် ငရဲရောက် Posted: 05 Jul 2022 10:08 AM PDT ဇူလိုင် - ၅ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲကို နယ်မြေရှင်းလင်းဖို့ အင်အား (၂၀)ခန့်နဲ့ လာတဲ့ စစ်အုပ်စုရဲ့ စစ်ကြောင်းကို ပန်းသလဲတောင်နဲ့ ကျောက်ဆည်လေးရွာကြား ထုံးဘိုတောတိုက်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဇူလိုင်လ (၄)ရက် မွန်းလွဲ တစ်နာရီခန့်မှာ ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စကစ ငါးယောက် ငရဲပြည်ရောက်သွားတယ်လို့ ဖော်ပြထားပါ |
ဝက်လက်နယ် မင်းရွာတိုက်ပွဲတွင် PDFရဲဘော် ၁၁ဦးကျဆုံးပြီး စစ်ကောင်စီတပ် ၄၀ခန့်သေ Posted: 05 Jul 2022 10:05 AM PDT ▪️ဒေသခံအချို့ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် ဒေသကာကွယ် ရေးတပ်ဖွဲ့များမှ PDF ရဲဘော် ၁၁ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၄၀ခန့်သေဆုံးနိုင်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၁၅) Tiger King ပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၅) အသိပေးထုတ်ပြန်သည်။စစ်ကောင်စီတပ်မှ အင်အား ၁၅၀ဝန်းကျင်သည် ဝက်လက်မြို့နယ် ဝက်လည်ရွဲကျေးရွာဘက်သို့ ဇူလိုင် ၂ |
Posted: 05 Jul 2022 10:04 AM PDT တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို တမူးမြို့ စောဘွားရပ်ကွက်ရှိ စစ်ကောင်စီဂိတ်မှ ပျုစောထီးများက သေနတ်ဖြင့်ရက်ရက် စက်စက်ပစ်သတ်လိုက်ကြောင်း မြို့ခံများက ပြောသည်။ အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုသည် ယနေ့(ဇူလိုင် ၅ရက်) နေ့လည် ၁နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ " ပျုစောထီးတွေက ပစ်သတ်တာ။ စော်ဘွားရပ်ကွက်ဆိုတာ ပျုစောထီးကြီးစိုးတဲ့ ရပ်ကွက်။ အိန္ဒိယ |
စစ်ကိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး Posted: 05 Jul 2022 09:58 AM PDT ဇူလိုင် ၅၊စစ်ကိုင်း-ရွှေဘိုကားလမ်းပေါ် စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာနှင့် ဆားတောင်မြို့ကြားမှာဇူလိုင်လ ၃ရက်နေ့ ည ၇:၃၀ နာရီအချိန်ဝန်းကျင်က စစ်ကောင်စီတပ်သားများတင်ဆောင်လာတဲ့ ယာဉ်တန်းကို The Pentagram-ငါးထောင့်ကြယ်၊ နယ်စည်းမခြားစစ်ကိုင်းသား နှင့် PHOENIX(SGG) အညာသားညီနောင် ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။ ပြည်သူ့ |
တောင်တွင်းကြီးက ပျူစောထီးလင်မယား သေနတ်နဲ့ပစ်သတ်ခံရ Posted: 05 Jul 2022 09:56 AM PDT တောင်တွင်းကြီး၊ ဇူလိူင် ၅၊ ၂၀၂၂။မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က ပျူစောထီးလို့လူသိများတဲ့ လင်မယားနှစ်ဦးကို ဇူလိူင် ၄ ရက် မနေ့ကမနက်ပိုင်းမှာ သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုလှမြင့်သိန်းနဲ့ မခင်မာချိုတို့ဖြစ်ပြီး၊ သူတို့ကို တောင်တွင်းကြီး လမ်းခုလတ်တနေရာမှာ မနက် ၄ နာရီလောက်က ပစ်သတ်ခံ |
ရေနံချောင်းက ဒလန်ဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးနိုင် Posted: 05 Jul 2022 09:55 AM PDT ရေနံချောင်း၊ ဇူလိုင် ၅၊ ၂၀၂၂။မကွေးတိုင်း၊ ရေနံချောင်းမြို၊ သူဌေးကုန်းဒိုင်နယ်၊ ယာကြီးပြင်ရပ်ကွက်က ဒလန်ဆိုသူအမျိုးသားတဦး ဇူလိုင်လ ၅ ရက် ဒီမနက် ၁၁ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသက် ၄၀ နှစ်အရွယ် ကိုကျော့ခိုင်ဆိုသူဖြစ်ပြီး၊ ယာကြီးပြင်ရပ်ကွက်အတွင်းမှာပဲ အမည်မသိသေနတ်သမားတဦးက ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။"လာပစ်တဲ့လူက တကိုယ်တော်တယောက်ထဲလာပြီး သေနတ်နဲ့ပစ်သွားတာ၊ |
ဝက်လက်မြို့တွင် အကြမ်းဖက်စစ်တပ်က စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို သတ်ဖြတ် Posted: 05 Jul 2022 09:55 AM PDT စစ်ကိုင်း၊ ဇူလိုင် ၅စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းက ကျေးရွာများကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မွှေနှောက်နေပြီး စိတ်ကျန်းမာရေးချို့ယွင်းနေသူ တစ်ဦးကိုလည်း သတ်ဖြတ်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ များထံမှ သိရသည်။ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂ ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးနေပြီး ဇူလိုင်လ ၄ ရက်တွင် ရုံးပင်ကုန်းကျေးရွာကိုရောက်ရှိလာကာ စိတ်ကျန်းမာရေး |
Posted: 05 Jul 2022 09:54 AM PDT ဇူလိုင် ၅ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့ဝင် ၄၁၀ ခန့်သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ(ဗဟို)က ယနေ့သတင်းထုတ်ပြန်သည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် PDF ပူးပေါင်း တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စစ်ကောင်စီနှင့် နယ်ခြား |
ဂန့်ဂေါတောင်ပိုင်းမှာ ရွာသားများ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံထားရ Posted: 05 Jul 2022 09:49 AM PDT ဂန့်ဂေါ၊ ဇူလိုင် ၅၊ ၂၀၂၂။မကွေးတိုင်း၊ ဂန့်ဂေါမြို့တောင်ပိုင်းက ပျားရွာထဲကို နေ့လည် ၂ နာရီက စစ်ကောင်စီတပ်တစ်ခု ဝင်သွားပြီး ရွာသား ၅ဦးကို ဓားစာခံအဖြစ်ဖမ်းကာ အောင်မြင်ရွာနဲ့ပျားရွာ ကူးတဲ့တံတားမှာ လူသားဒိုင်းအဖြစ်အသုံးပြုနေတယ်လို့ ဂန့်ဂေါ PDF ထံကသိရပါတယ်။နေ့လည် ၁ နာရီခွဲဝန်းကျင်ကလည်း ပျားရွာထဲကို လက်နက်ကြီး လက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသူတွေရှိနေနိုင်ပြီး ရွာထဲနဲ့အဆက်သွယ်ပြတ်တောက်နေလို့ အခြေ |
မြင်းမူမှာ စစ်ကောင်စီကားတစီး မိုင်းခွဲခံရလို့ စစ်သား ၃ ဦးသေဆုံး Posted: 05 Jul 2022 09:48 AM PDT မြင်းမူ၊ ဇူလိုင် ၅၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းမှာ စစ်ကောင်စီကားတစီးကို ဒေသခံကာကွယ်ရေးတပ်တွေက ဇူလိုင်လ ၅ ရက် ဒီနေ့ ညနေ ၃ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားတယ်လို့ Moe Nyo Revolution Force (M.N.R.F) က သတင်းထုတ်ပြန်ထားပါတယ်။စစ်သားတွေကို တင်ဆောင်လာတဲ့ ၁၂ ဘီးကားဟာ စစ်ကိုင်းမြို့ဘက်ကနေ မြင်းမူမြို့ဘက်ကိုဦးတည်လာစဥ် မြင်းမူမြို့နယ်၊ ထီးဆောင်းရွာနဲ့ ကန် |
ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန် Posted: 05 Jul 2022 09:42 AM PDT စစ်ကိုင်းတိုင်းဒေသ ဆားလင်းကြီးမြို့နယ် တရားနှင့် ကန်တွင်း ကျေးရွာ ၂ခုမှ ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သေနတ်လိုက်လံပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Salingyi Special Task Force မှ သိရသည်။ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် သံဖိုတောင်ကျေးရွာသို့ ရုတ်တရက် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် တရားကျေးရွာဘက်သို့ ထပ်မံဝင်ရောက်လာစဉ် |
စစ်ကိုင်း ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို Posted: 05 Jul 2022 09:41 AM PDT စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မင်းရွာကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁၃ဦး ထက်မနည်း ကျဆုံးခဲ့သည်ဟု Tiger King ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ဇွန်လ ၂ရက်နေ့တွင် ဝက်လက်မင်တော်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ဝက်လည်ရွဲကျေးရွာ၏ အနောက်ဘက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.