သစ္ထူးလြင္ |
- TNLA က ကျေးလက်လူထုကို နှိပ်စက်နေတယ်လို့ အရပ်ဘက်အဖွဲ့တွေ စွပ်စွဲ
- NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲလုပ်
- အောင်နိုင်ရေးထိခိုက်စေလို့ ကိုယ်စားလှယ်လောင်းတချို့ လဲလှယ်ရကြောင်း NLD ပါတီပြော
- ရန်ကုန်မြို့သစ်စီမံကိန်းတွေအတွက် စျေးပြိုင်စနစ်နဲ့ တင်ဒါခေါ်မည်
- ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြား ကမ္ဘာတဝန်း အစ်ဒ်ပွဲတော်ဆင်နွှဲ
- ကရင်အမျိုးသမီးကို သတ်ဖြတ်မှု တပ်သားနှစ်ယောက်ကို ပြစ်ဒဏ်ချ
- ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းနင်းမိလို့ အရပ်သားနှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- ဧရာဝတီမြစ်ရေတက်လို့ ညောင်ဦးဘက်မှာ ရွှေ့ပြောင်းကြရ
- ပအို့ဝ် PNO ပါတီ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖြုတ်ပြီး နေရာ ၃၀ ကျော် ဝင်ပြိုင်မယ်
- တိုက်ပွဲကြား သေဆုံးခဲ့တဲ့ ရွာသားအလောင်း အိမ်သာကျင်းထဲမှာတွေ့
- အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက် အိန္ဒိယနဲ့ တရုတ်တို့ လမ်းတံတားတွေ အပြိုင်ဆောက်နေ
- ကြီးထွားလာတဲ့ ကန်-တရုတ် တင်းမာမှုအပေါ် အမြင်တချို့
- ကန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ဆောင်ခတချို့ ၈၀ ရာခိုင်နှုန်းတိုး
TNLA က ကျေးလက်လူထုကို နှိပ်စက်နေတယ်လို့ အရပ်ဘက်အဖွဲ့တွေ စွပ်စွဲ Posted: 01 Aug 2020 06:36 AM PDT ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တွေမှာ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က အရပ်သား တချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ ခြိမ်းခြောက်ငွေတောင်းခံတာတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့ ၅၀ နီးပါးက ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့တာပါ။TNLA အဖွဲ့ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးချိန်မှာ အဲဒီလို ကျူးလွန်ခဲ့တာလို့ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။မူးယစ် |
NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲလုပ် Posted: 01 Aug 2020 06:33 AM PDT NLD ပါတီဝင်များကို နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ်မှာ ဇူလိုင် ၂၁ ရက်နေ့က တွေ့ရစဉ် - Photo: Thet Su Aung / RFAလာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ၁၂ ဦးကို အပြောင်းအလဲလုပ်ထားတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။မဲဆန္ဒနယ် ၁၂ နေရာကို ပါတီအောင်နိုင်ရေးအတွက် မ |
အောင်နိုင်ရေးထိခိုက်စေလို့ ကိုယ်စားလှယ်လောင်းတချို့ လဲလှယ်ရကြောင်း NLD ပါတီပြော Posted: 01 Aug 2020 06:29 AM PDT ကိုယ်စားလှယ်လောင်းကန့်ကွက်တာတွေကို NLD ပါတီ ဗဟိုက ပြန်လည်စိစစ်အပြီးမှာ ၁၂ ဦးကို ကိုယ်စားလှယ်စာရင်းကနေ ဖယ်ရှားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဦးရေ တစ်ထောင်ကျော်ထဲကနေ ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်လောင်းတချို့ကို ဝင်ရောက်ယှဉ်ပြိုင်မယ့် စာရင်းကနေ ဖယ်ရှားလိုက်ပါတယ်။လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် |
ရန်ကုန်မြို့သစ်စီမံကိန်းတွေအတွက် စျေးပြိုင်စနစ်နဲ့ တင်ဒါခေါ်မည် Posted: 01 Aug 2020 06:27 AM PDT The New Yangon City project infograph / NYDC (New Yangon Development Company Limited)တရုတ်အစိုးရက ကြောထောက်နောက်ခံပေးထားတဲ့ ကုမ္ပဏီတွေနဲ့ အကောင်အထည်ဖေါ်ဖို့ အလားအလာများခဲ့တဲ့ ၊ ရန်ကုန် ကြည့်မြင်တိုင်တဖက်ကမ်းက ရန်ကုန်မြို့သစ် စီမံကိန်းကြီးကို စီမံကိန်း အငယ်စားတွေအဖြစ် ခွဲပြီး ၊ စျေးပြိုင်တင်တာ စနစ်နဲ့ လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတဦးက ဇူလိုင် (၂၉)ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ဂျပန် |
ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြား ကမ္ဘာတဝန်း အစ်ဒ်ပွဲတော်ဆင်နွှဲ Posted: 01 Aug 2020 06:24 AM PDT အိန္ဒိယနိုင်ငံ Ahmedabad မြို့က ဗလီတခုမှာ အစ်ဒ်နေ့အထိမ်းအမှတ် ဆုတောင်းပွဲကျင်းပနေတဲ့မြင်ကွင်း။ (သြဂုတ် ၁။ ၂၀၂၀)ဒီကနေ့ဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးအထွတ်အမြတ် အစ်ဒ်ပွဲတော်ကို ဆင်နွှဲကြတဲ့နေ့ ဖြစ်ပါတယ်။COVID-19 ကပ်ရောဂါကာလအတွင်းမှာ အစ်ဒ်ပွဲတော် ကျရောက်တာကြောင့် ကပ်ရောဂါဆိုင်ရာ အကန့်အသတ်တွေကြားကပဲ မွတ်စလင်တွေအနေနဲ့ အစ်ဒ်ပွဲတော်ကို ဆင်နွှဲကြရပါတယ်။မြန်မာ့ |
ကရင်အမျိုးသမီးကို သတ်ဖြတ်မှု တပ်သားနှစ်ယောက်ကို ပြစ်ဒဏ်ချ Posted: 31 Jul 2020 05:56 PM PDT ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထာရွာသူ နော်မုနော်ကို ပစ္စည်းလုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို ၂ဝ၂ဝ ဇူလိုင် ၃၁ ရက်နေ့က စစ်တရားရုံးတွင် စစ်ဆေးနေစဉ်။ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထာရွာသူ နော်မုနော် ကို ပစ္စည်းလုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို ဇူလိုင် ၃၁ ရက်နေ့မှာ စစ်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်သတင်းမှန် |
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းနင်းမိလို့ အရပ်သားနှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Posted: 31 Jul 2020 05:47 PM PDT ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းကြောင့် အရပ်သား သုံးဦး သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နဲ့ ၃ဝမှာ မိုင်းနင်းမိလို့ အရပ်သား နှစ်ဦး သေဆုံးပြီး၊ တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဇူးကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ နဲ့ ၃၀ ရက်နေ့ တွေက မြေမြှုပ်မိုင်းနင်းမိလို့ ချင်းအမျိုးသား နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ |
ဧရာဝတီမြစ်ရေတက်လို့ ညောင်ဦးဘက်မှာ ရွှေ့ပြောင်းကြရ Posted: 31 Jul 2020 05:31 PM PDT မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ဧရာဝတီမြစ်ကမ်းဘေးက နေအိမ်အတွင်းရှိ ပစ္စည်းများကို ကူညီ ရွှေ့ပြောင်းပေးနေတဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Myanamr Fire Services Department - ဇူလိုင် ၃၁၊ ၂၀၂၀) ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်လာနေပြီး ညောင်ဦးဘက်မှာ ရွှေ့ပြောင်းနေကြရသလို ကျန်တဲ့ဒေသတွေက မြစ်ဘေးနားနေသူတွေလည်း သတိထားကြဖို့ နှိုးဆော်နေတဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က |
ပအို့ဝ် PNO ပါတီ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖြုတ်ပြီး နေရာ ၃၀ ကျော် ဝင်ပြိုင်မယ် Posted: 31 Jul 2020 05:30 PM PDT ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) (ဓာတ်ပုံ - Pa-O National Organization - ဇွန် ၃၀၊ ၂၀၂၀) တိုင်းရင်းသားနိုင်ငံရေး ပါတီတခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၃၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။ အင်အားကြီးနိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ |
တိုက်ပွဲကြား သေဆုံးခဲ့တဲ့ ရွာသားအလောင်း အိမ်သာကျင်းထဲမှာတွေ့ Posted: 31 Jul 2020 05:20 PM PDT ရသေ့တောင်မြို့နယ် တောင်ဘက် မေယုကမ်းဒေသ ချိန်ခါလီကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပစ်သတ်ခံလိုက်ရတဲ့ အသက် ၆၀ ခန့်အရွယ် ဦးထွန်းမောင်စိန်ရဲ့အလောင်းကို ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အိမိသာကျင်းထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ဇူလိုင် ၁၃ ရက်နေ့မနက်ပိုင်း ၇ နာရီကျော်လောက်မှာ ချိန်ခါလီကျေးရွာနဲ့ ကိုးတန်ကောက် ကျေးရွာအကြား တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက် |
အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက် အိန္ဒိယနဲ့ တရုတ်တို့ လမ်းတံတားတွေ အပြိုင်ဆောက်နေ Posted: 31 Jul 2020 05:17 PM PDT အိန္ဒိယ အစိုးရက လာဒက်ခ်ဒေသမှာ လမ်းတွေ၊ တံတားတွေ အများအပြားဆောက်နေအိန္ဒိယနဲ့ တရုတ်နိုင်ငံက နှစ်နိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဟိမဝန္တာ နယ်စပ်တစ်လျှောက်မှာ လမ်းတံတား၊ အဆောက်အအုံတွေ အပြိုင်အဆိုင် ဆောက်ဖို့ ကြိုးစားနေကြပါတယ်။တောင်ထိပ်အမြင့်မှာ ရှိတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုအတွက် အိန္ဒိယက လမ်းသစ်ဖောက်ခဲ့တာဟာ ပြီးခဲ့တဲ့လက တရုတ်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်စေတဲ့ အဓိက |
ကြီးထွားလာတဲ့ ကန်-တရုတ် တင်းမာမှုအပေါ် အမြင်တချို့ Posted: 31 Jul 2020 04:49 PM PDT လတ်တလော တင်းမာလာနေတဲ့ တရုတ်- အမေရိကန် ဆက်ဆံရေးဟာ ဘယ်အခြေအနေကို ဦးတည်လာနေသလဲ ဆိုတာနဲ့ အင်အားကြီးနှစ်နိုင်ငံရဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံနဲ့ ဘယ်လို ပတ်သက်ဆက်နွယ်လာနိုင်သလဲ ဆိုတာကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကနေတဆင့် တရုတ်နဲ့ အမေရိကန်အကြားမှာ နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့သလို စစ်ရေးအရ |
ကန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ဆောင်ခတချို့ ၈၀ ရာခိုင်နှုန်းတိုး Posted: 31 Jul 2020 04:46 PM PDT အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် နဲ့ နိုင်ငံသားဖြစ်ခွင့် ရရေး လျှောက်ထားလိုသူတွေ ပေးဆောင်ရမယ့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်ခ တွေကို ၈၀% စျေးတက်တော့မယ်လို့ သမ္မတ Trump အစိုးရက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ အမေရိကန် နိုင်ငံသားပြုမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) က အခု အသစ်ထုတ်ပြန်လိုက်တဲ့ ဝန်ဆောင်ခ နှုန်းထားသစ်ဟာ လာမယ့် အောက်တိုဘာလက စပြီး အကျိုးသက်ရောက် လိမ့်မယ်လို့ မှန်းထားပါ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.