Sunday, August 2, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ရွေးကောက်ပွဲနီးချိန် ရခိုင်နဲ့ချင်းမှာ အင်တာနက်လိုင်း ပြန်ရ

Posted: 02 Aug 2020 07:54 AM PDT

ရခိုင်နဲ့ချင်းမှာ တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံရတာဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်ခံရမှုလည်း ဖြစ်ပါတယ်။စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်ရှစ်ခုမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ တစ်နှစ်ကျော်ကြာဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေဟာ သြဂုတ်လ ၁ ရက် ညပိုင်းမှာ ပြန်ပွင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒါပေမဲ့ အင်တာနက်လိုင်းတွေဟာ ပုံမှန်သုံးစွဲနိုင်တဲ့အခြေအနေမှာ

သမ္မတဦးဝင်းမြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်း

Posted: 02 Aug 2020 07:52 AM PDT

သမ္မတဦးဝင်းမြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ ၂၀၂၀ သြဂုတ် ၂ ရက်နေ့က ကိုယ်စားလှယ်လောင်း အမည်စာရင်းလာသွင်းစဉ် - Photo: RFAတာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ ဒီနေ့ ကိုယ်စားလှယ်လောင်း အမည် စာရင်း လာသွင်းသွားကြောင်း ရန်ကုန်တိုင်း

တပ်မဲရုံ ခြောက်ရာကျော် တပ်ပြင်ပမှာထားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြော

Posted: 02 Aug 2020 07:49 AM PDT

နေပြည်တော်မှာကျင်းပတဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ချီတက်အလေးပြုတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ် - Photo: RFAလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ သီးသန့်မဲပေးနိုင်ဖို့ တပ်မဲရုံ ၆၃၂ ရုံ သတ်မှတ်ပြီး တပ်ပြင်ပမှာ ထားရှိမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ပါတယ်။ရွေးကောက်ပွဲနည်းပဒေ ၃၉ (က) နဲ့ အညီ ပွင့်လင်းမြင်သာမှုရှိစေရန်နဲ့ ရွေးကောက်ပွဲ စောင့်ကြည်လေ့လာသူတွေ

အမေရိကန်မှာ TikTok သုံးတာ ပိတ်မယ် - သမ္မတ Trump

Posted: 01 Aug 2020 05:24 PM PDT

အင်တာနက် အွန်လိုင်းပေါ်က လူမှုကွန်ရက်တွေမှာ လူကြိုက်များနေတဲ့ TikTok Application နည်းပညာဆော့ဖ်ဝဲ အသုံးပြုတာကို အမေရိကန်မှာ တားမြစ်ပိတ်ပင်သွားဖို့ ရည်မှန်းထားတယ်လို့ အမေရိကန်သမ္မတ Trump က ပြောလိုက်ပါတယ်။လူမှုကွန်ရက်တွေမှာ ဗွီဒီယိုတွေ မျှဝေနေတဲ့ နာမည်ကြီး TikTok application ကို အမေရိကန်မှာ အသုံးပြုတာတွေကို ရပ်တန့်ဖို့ စနေနေ့ အစောဆုံးထားပြီး လုပ်လာနိုင်တယ်လို့ သမ္မတ Trump က မနေ့ သောကြာနေ့က ပြောတာပါ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း သမ္မတ Trump ရင်ဆိုင်နေရတဲ့ အခက်အခဲ

Posted: 01 Aug 2020 05:22 PM PDT

အမေရိကန်ပြည်သူတွေ သမ္မတ တယောက် ရွေးချယ်ဖို့အတွက် နိုဝင်ဘာလ ၃ ရက်နေ့မှာ မဲဆန္ဒ ပေးကြတော့မှာ ဖြစ်ပါတယ်။ လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်ပါတီဘက်က စိန်ခေါ်သူ ဖြစ်လာနိုင်တဲ့ Joe Biden တို့ နှစ်ဦးဟာ အုပ်စုတွေ ကွဲပြားနေတဲ့ မဲဆန္ဒရှင်တွေနဲ့ တွေ့ကြရပါလိမ့်မယ်။ ဒီအခြေအနေမှာ လက်ရှိသမ္မတ Donald Trump က ပြည်သူတွေကို ဘယ်ပုံဘယ်နည်း စည်းရုံး မဲဆွယ်လာမလဲ ဆိုတာကို ဗွီအိုအေသတင်းထောက် Mike O'Sullivan ရေးတဲ့

ကွမ်းခြံကုန်းတွင်ဖမ်းမိသည့် ကျပ်(၈၀)ဘီလီယံခန့် မူးယစ်ဆေးဝါးများကို ဧရာဝတီတိုင်းသို့ သယ်ဆောင်ဖို့ စီစဉ်ထားခြင်းဖြစ်

Posted: 01 Aug 2020 05:09 PM PDT

ကွမ်းခြံကုန်းမြို့နယ်အတွင်းက ပင်လယ်ကမ်းခြေမှာဖမ်းမိခဲ့တဲ့ ကျပ်(၈၀) ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုက ဖမ်းမိသူကို ကနဦးစစ်ဆေးချက်အရ ဧရာဝတီတိုင်းဒေသကြီးကို သယ်ဆောင်ဖို့ဖြစ်တယ်လို့လက်ခုပ်ကုန်း နယ်မြေရဲစခန်းမှူးရဲအုပ်ကျော်သူကပြောပါတယ်။အဲဒီ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး မူးယစ်ရဲတပ်ဖွဲ့က နောက်ကွယ်မှာ ပါဝင်တဲ့ကွင်းဆက်တွေကို ဖော်ထုတ်နေတယ်လို့လည်း ရဲအုပ်ကျော်သူကပြောပါတယ်။လက်ရှိမှာ

ရခိုင်မှ ရန်ကုန်တွင်ပြောင်းရွှေ့နေထိုင်နေသည့် ဇနီးမောင်နှံနှစ်ဦးကို တိုက်ခန်းအတွင်း သေဆုံးလျက်တွေ့

Posted: 01 Aug 2020 05:03 PM PDT

သြဂုတ် ၁ ၊ ရန်ကုန်ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ ခြောက်လမ်း(ခ)ရှိကန်ထရိုက်တိုက် ငါးလွှာတွင် နေထိုင်နေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရခိုင်ဇနီးမောင်နှံနှစ်ဦး တိုက်ခန်းအတွင်း သေဆုံးနေသည်ကို ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီကျော်ခန့်ကတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။သေဆုံးသူနှစ်ဦးမှာ ဦးထွန်းလှိုင် (၄၈ နှစ်)နှင့် ဒေါ်လှလှ (၄၈ နှစ်)တို့ဖြစ်ကြပြီး ဇနီးသည်ဖြစ်သူ

တောင်ဥက္ကလာပ နှစ်လောင်းပြိုင်လူသတ်မှုမှ မသင်္ကာသူတစ်ဦးကို စီစီတီဗီပုံရိပ်ကတွေ့ရှိထား

Posted: 01 Aug 2020 05:05 PM PDT

ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီကျော်ခန့်က တွေ့ရှိခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်က တိုက်ခန်းထဲမှာ လင်မယား(၂)ဦးအသတ်ခံရတဲ့အမှုက မသင်္ကာသူအမျိုးသား(၁)ဦးကို စီစီတီဗီကနေတွေ့ရှိထားပြီး စုံစမ်းနေတယ်လို့သိရပါတယ်။ အဲဒီအမှုကိုတိုင်း၊ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ တွေပူးပေါင်းပြီး အထူးအမှုစစ်ဖွဲ့နဲ့ စုံစမ်းဖော်ထုတ်နေတယ်လို့ တောင်ဥက္ကလာပမြို့မရဲစခန်းမှူး ဒုရဲမှူးရွှေဌေးကပြောပါတယ်။အခင်းဖြစ်တိုက်ထဲမှာ လင်မယား(၂)ဦး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.