သစ္ထူးလြင္ |
- Huawei အပေါ် ကန့်သတ်မှုတွေ ကန် တိုးမြင့် ချမှတ်မည်
- လူငယ်တွေကြား ကိုဗစ်ကူးစက်မှုအန္တရာယ် WHO သတိပေး
- စစ်တွေက ကိုဗစ်လူနာသစ် နဲ့ ထိတွေ့ခဲ့သူ ၅၀ ခန့်ကို ဒုတိယအသုတ် နမူနာယူမယ်
- ကမ္ဘာ့ အပူချိန်အမြင့်ဆုံး အမေရိကန်နိုင်ငံ သေမင်းတမန် တောင်ကြားမှာ စံချိန်တင်ခဲ့
- ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ဖို့ ကော်မရှင်ပြင်ဆင်
- မူဆယ်ဘဏ်ခွဲတချို့ ပိတ်ရတဲ့အကြောင်းရင်း TNLA နဲ့ မဆိုင်ကြောင်းငြင်းဆန်
- ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် လေအိတ်အမြန်ရထား ပြန်လည်ပြေးဆွဲပေးမည်
- ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု စုံစမ်းစစ်ဆေးပေးဖို့ CAfT အဖွဲ့ တောင်းဆို
- NCA အတွက် ကမ်းလှမ်းချက်ကို မြောက်ပိုင်းအဖွဲ့ လက်ခံတယ်လို့ အစိုးရ ပြော
Huawei အပေါ် ကန့်သတ်မှုတွေ ကန် တိုးမြင့် ချမှတ်မည် Posted: 18 Aug 2020 06:13 AM PDT Huawei အပေါ် ကန့်သတ်မှုတွေ ကန် တိုးမြင့် ချမှတ်မည်တရုတ် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei Technologies Co အပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ပိုပြီး ချမှတ်သွားမယ်လို့ အမေရိကန် အစိုးရက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။အခု ကြေညာချက်ဟာ မေလတုန်း ကတည်းက Huawei ကုမ္ပဏီ အပေါ်ချမှတ်ထားတဲ့ တားမြစ်ပိတ်ပင်ချက်တွေကိုထပ်တိုးပြီး ဈေးကွက်ထဲမှာ ရှိတဲ့ ကွန်ပြူတာ chips ပြားတွေကို Huawei ကုမ္ပဏီ အလွယ်တကူ မဝယ်ယူနိုင်အောင် |
လူငယ်တွေကြား ကိုဗစ်ကူးစက်မှုအန္တရာယ် WHO သတိပေး Posted: 18 Aug 2020 06:12 AM PDT ပြင်သစ်နိုင်ငံ Paris မြို့မှာ တွေ့ရတဲ့ နှာခေါင်းစည်းတပ်ထားတဲ့ လူတချို့။ (သြဂုတ် ၁၅၊ ၂၀၂၀)ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကမ္ဘာ့လူငယ်လူရွယ်တွေကြား ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောလိုက်ပါတယ်။ကပ်ရောဂါကူးစက်ပျံ့နှံ့မှုဟာ ပုံစံပြောင်းလာနေပြီး ဒေသတွင်းက အသက် ၂၀၊ ၃၀ နဲ့ ၄၀ ကြားလူငယ်တွေကြားမှာ ပိုးကူးစက်မှုမြင့်တင်လာတယ်လို့ WHO ရဲ့ အနောက်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Dr. Takeshi Kasai |
စစ်တွေက ကိုဗစ်လူနာသစ် နဲ့ ထိတွေ့ခဲ့သူ ၅၀ ခန့်ကို ဒုတိယအသုတ် နမူနာယူမယ် Posted: 18 Aug 2020 06:09 AM PDT စစ်တွေဓာတ်ပုံ ရင်းမြစ်, Myint Lwinကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ခံရသူ စစ်တွေမြို့က လူနာနံပါတ် ၃၇၅ နဲ့ ထိတွေ့ခဲ့သူတွေဖြစ်တဲ့ စစ်တွေမြို့က လူ ၅၀ လောက်ကို ဒုတိယအသုတ်အဖြစ် ဆေးစစ်ချက်နမူနာတွေယူသွားဖို့ရှိနေတယ်လို့ ပြည်နယ် ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စပ်ပိုးကူးစက်ခံရမှု ပထမလှိုင်းကို ထိမ်းချုပ်နိုင်တဲ့အနေအထားရှိနေပေ |
ကမ္ဘာ့ အပူချိန်အမြင့်ဆုံး အမေရိကန်နိုင်ငံ သေမင်းတမန် တောင်ကြားမှာ စံချိန်တင်ခဲ့ Posted: 18 Aug 2020 06:03 AM PDT အပူချိန်အမြင့်ဆုံး စံချိန်တင်ရနိုင်ဖွယ် ကယ်လီဖိုးနီးယားပြည်နယ် သေမင်းတမန်တောင်ကြားအမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က သေမင်းတမန်တောင်ကြား အမျိုးသားဥယျာဉ်မှာ ပူခဲ့တဲ့အပူချိန် ၁၃၀ ဒီဂရီဖာရင်ဟိုက် ( ၅၄.၄ ဒီဂရီ ဆဲလ်ဆီရပ်စ် ) ဟာ ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ခဲ့ဖူးသမျှထဲမှာ အမြင့်ဆုံး အပူချိန် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ဒီအပူချိန်ဟာ ကမ္ဘာ့အမြင့်ဆုံး စံချိန်တင် အပူချိန် ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ အမေရိကန် |
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ဖို့ ကော်မရှင်ပြင်ဆင် Posted: 18 Aug 2020 05:52 AM PDT ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲဆန္ဒရုံတခုမှာ မဲများရွေးတွက်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူများ။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားသူ ၇,၀၀၀ လောက်ကို သတ်မှတ်ထားတဲ့ရက် မနက်ဖြန် နောက်ဆုံးထား စိစစ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ကိုယ်စားလှယ်လောင်း |
မူဆယ်ဘဏ်ခွဲတချို့ ပိတ်ရတဲ့အကြောင်းရင်း TNLA နဲ့ မဆိုင်ကြောင်းငြင်းဆန် Posted: 18 Aug 2020 05:48 AM PDT TNLA တအာင်းလက်နက်ကိုင်အဖွဲ့ က တပ်ဖွဲ့ဝင်တချို့။ (ဇန်နဝါရီ ၁၅၊ ၂၀၁၄)ရှမ်းပြည်နယ်မှာ ပုဂ္ဂလိက ဘဏ်ခွဲ သုံးခု ပိတ်လိုက်ရတာဟာ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က စီးပွားရေး လုပ်ငန်းတွေအပေါ် အခွန်ကောက်ခံနေတာနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။မူဆယ်မြို့ပေါ်က ဘဏ်ခွဲ သုံးခုကို ဩဂုတ်လ ၁၇ ရက်ကစပြီး ခေတ္တပိတ်မယ်လို့ |
ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် လေအိတ်အမြန်ရထား ပြန်လည်ပြေးဆွဲပေးမည် Posted: 18 Aug 2020 05:38 AM PDT မော်လမြိုင် ၁၈ သြဂုတ်ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် လေအိတ်အမြန်ရထားကို သြဂုတ်လ (၂၂) ရက် ည(၉)နာရီမှ စတင်ပြီး၊ အမှတ်(၈၃) အဆန်/အမှတ် (၈၄)အစုန် မော်လမြိုင်-ရန်ကုန် လေအိတ်အမြန်ရထား ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။လက်မှတ်ခနှုန်းထားမှာ မော်လမြိုင် - ရန်ကုန် ရိုးရိုးတန်းလက်မှတ်ခ (၄၀၀၀) ကျပ်၊ အထက်တန်းလက်မှတ်ခ(၈၀၀၀)ကျပ်ဖြစ်ပါသည်။ လမ်းခရီး၌ ခေတ္တ ရပ်တန့်ပေးမည့် ဘူတာများမှာ ပေါင်၊ သထုံ၊ |
ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု စုံစမ်းစစ်ဆေးပေးဖို့ CAfT အဖွဲ့ တောင်းဆို Posted: 18 Aug 2020 05:34 AM PDT ပွင့်လင်းမြင်သာ လူထုလှုပ်ရှားမှုအဖွဲ့ (CAfT) ရဲ့ ရန်ကုန်မြို့မှာ ပွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ သြဂုတ် ၁၈ ရက်နေ့က တွေ့ရစဉ်Photo: Thant Zin Oo/RFA၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်အစီရင်ခံစာအရ နိုင်ငံတော်ဘဏ္ဍာရေး အခြေအနေ တွေကို ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိနိုင်အောင်ထုတ်ပြန်ပေးဖို့နဲ့ ဆုံးရှုံးနစ်နာနေတာတွေကိုလည်း ကျော်ကြားမှုမြောက်တဲ့ အဂတိဖြစ်စဉ်ဖြစ်တဲ့အတွက် |
NCA အတွက် ကမ်းလှမ်းချက်ကို မြောက်ပိုင်းအဖွဲ့ လက်ခံတယ်လို့ အစိုးရ ပြော Posted: 18 Aug 2020 05:32 AM PDT အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်/ Photo: Kan Thar/RFAတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ ပါဝင်ရေးအတွက် ကမ်းလှမ်းထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး အဆင့် ၃ ဆင့်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ မဟာမိတ် အဖွဲ့တွေက လက်ခံကြောင်း တရားဝင် အကြောင်းပြန်ထားတယ်လို့ အစိုးရက သြဂုတ် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.