Wednesday, August 19, 2020

သစ်ထူးလွင်

သစ်ထူးလွင်


(၁၉-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးတွေ့ရှိ

Posted: 19 Aug 2020 07:30 AM PDT

၁။ (၁၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၅၆၀) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၂၃၇) ခုနှင့်- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၀၈) ခု၊- စုစုပေါင်း (၁,၀၀၅) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -• COVID-19 ရောဂါ ဓာတ်ခွဲ

တောင်ကိုရီးယားမှာ ကိုဗစ်အတည်ပြုလူနာတွေ ပြန်များနေ

Posted: 19 Aug 2020 06:07 AM PDT

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ COVID 19 ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (သြဂုတ် ၁၉၊ ၂၀၂၀)အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးဆက်မှုတွေ ဆက်လက်ဖြစ်ပွါးနေတာမှာ ဒီကနေ့တရက်ထဲ တောင်ကိုရီးယားမှာ လူနာသစ် ၂၉၇ ယောက် အတည်ပြုခဲ့တဲ့ အတွက် မတ်လအစောပိုင်းကတည်းကနေ အခုထိ တနေ့တာ ကူးစက်မှု အများဆုံးဖြစ်ပါတယ်။ မြို့တော် Seoul နဲ့ အနီးတဝိုက် ဒေသတွေမှာ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် လူစုလူဝေးမလုပ်ကြဖို့

အမေရိကန်ကို ကိုဗစ်ပစ္စည်းလိမ်လည်ရောင်းချသူ ဗီယက်နမ်နိုင်ငံသား ၃ ဦး ဖမ်းခံရ

Posted: 19 Aug 2020 06:05 AM PDT

ဗီယက်နမ် လုံခြုံရေး ရဲတဦးကို တွေ့ရစဉ်အမေရိကန်တွေကို ပစ်မှတ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ ပစ္စည်းတွေ အွန်လိုင်းကနေ ရောင်းချပြီး လိမ်လည်မှု နဲ့ ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ဗီယက်နမ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ဗီယက်နမ်ဆိုင်ရာ အမေရိကန် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက် အရ ဗီယက်နမ်နိုင်ငံသားတွေဖြစ်တဲ့ Phan Dinh Thu ၊ Tran Quoc Khanh နဲ့ Nguyen Duy Toan ၃ ယောက်က ဝက်ဆိုက်

ငြိမ်းချမ်းရေးအခွင့်အလမ်းကို ဆုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Posted: 19 Aug 2020 06:04 AM PDT

၂၀၂၀၊ သြဂုတ် ၁၉ ရက်နေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် / ဓာတ်ပုံ - သက်စုအောင်/ RFA"ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် လက်နက်အားကိုးပြီး အင်အားသုံးမှ ထိရောက်မယ်၊ အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးနဲ့ ဒီစိတ်ဓာတ်ကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကို နိဂုံးချုပ်ဖြတ်တောက်ဖို့အထိ၊ ရည်ရွယ် ဆောင်ရွက်နေကြောင်း" နိုင်ငံတော် အတိုင်ပင်ခံ

သျှမ်းရှေ့တွင် ဆုံဆို့နာရောဂါကြောင့် ကလေး ၅ဦးသေဆုံး

Posted: 19 Aug 2020 05:52 AM PDT

သျှမ်းပြည်အရှေ့ပိုင်း တွင် ဆုံဆို့နာ ရောဂါကြောင့် သေဆုံးသည့် ကလေးငယ် (၅) ဦးရှိကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိရသည်။ဆုံဆို့နာ ရောဂါသည် အသက်ရှူလမ်းကြောင်း ကျဉ်းပြီး ကူးစက်နိုင်သည့် ရောဂါဖြစ်ကာ အသက်အန္တရာယ် ရှိလာနိုင်ကြောင်း သိရသည်။ဇူလိုင်လကုန်မှ ယနေ့ထိ ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေသည့် ဆုံဆို့နာ ရောဂါဖြစ်ပွားသူ (၃၆) ဦးရှိပြီး သေဆုံးသူ (၅) ဦး ရှိပြီးဖြစ်ကြောင်း

Democratic ပါတီသမ္မတလောင်းအဖြစ် Joe Biden ကို တရားဝင်ရွေးချယ်

Posted: 19 Aug 2020 05:39 AM PDT

ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံရတဲ့ Joe Biden။နိုဝင်ဘာမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် Joe Biden ကို နိုင်ငံလုံးဆိုင်ရာညီလာခံဒုတိယနေ့မှာ တရားဝင်ရွေးချယ်လိုက်ပါပြီ။ပါတီညီလာခံမှာ မစ္စတာ Biden ရဲ့ ဦးဆောင်မှု စွမ်းရည်အချင်းကို ချီးကျူးပြောဆိုပြီး သမ္မတ Donald Trump ရဲ့ လုပ်ရည်ကိုင်ရည်အေပေါ် ဝေဖန်ခဲ့သူတွေထဲမှာထင်ရှားတဲ့ ရီပတ်ဘလစ်

စိန်ခေါ်မှုတွေ ထောက်ပြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်

Posted: 19 Aug 2020 05:36 AM PDT

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနား မြင်ကွင်း။ (ဓာတ်ပုံ - Union Peace Conference - 21st Century Panglong's Facebook - သြဂုတ် ၁၉၊ ၂၀၂၀)၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဒီကနေ့ ပထမနေ့မှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ထိပ်တန်းခေါင်းဆောင်တွေ အလေးထား ပြောကြားခဲ့ကြပြီး ချဉ်းကပ်ပုံကွဲပြားမှုတွေလည်း ရှိနေတဲ့အကြောင်းကို တင်ပြပါ

လူငယ်တွေက ဗိုင်းရပ်စ်အဓိကဖြန့်သူတွေဖြစ်နေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

Posted: 19 Aug 2020 05:33 AM PDT

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုဟာ အခုရက်ပိုင်းတွေအတွင်း လူငယ်တွေကို ပိုဦးတည်လာနေပြီး လူငယ်တွေဟာ အဓိကရောဂါဖြန့်နေတဲ့သူတွေဖြစ်လာနေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်ပါတယ်။လူငယ်တွေမှာ ရောဂါလက္ခဏာပြတဲ့နှုန်းနည်းတာကြောင့် ကူးစက်ခံထားရတာမသိဘဲ ပေါ့ပေါ့ဆဆနေမိကြရာကနေ ရောဂါဖြန့်တဲ့သူတွေဖြစ်လာနေတာလို့ WHO အနောက်ပိစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Takeshi Kasai က မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်မှာ စံချိန်တင် ရေကြီးမှု လုရှန် ဗုဒ္ဓရုပ်ပွားတော်ရဲ့ ခြေတော် အထိရေတက်

Posted: 19 Aug 2020 05:31 AM PDT

လုရှန် ဗုဒ္ဓရုပ်ပွားတော်တရုတ်နိုင်ငံမှာ မိုးကြီး ရေလျှံမှုကြောင့် ၁၉၄၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အဲဒီက ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူရဲ့ ခြေဖျားတော်အထိ ရေတွေတက်လာခဲ့ပါတယ်။ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ၇၁ မီတာ အမြင့်ရှိတဲ့ ဒီရုပ်ပွားတော်ကြီးကို အေဒီ ၈ ရာစုဝန်းကျင်က စီချွမ် ပြည်နယ် ချန်ဒူးမြို့အနီးက ကျောက်ဆောင်နံရံတခုကို ထွင်းထု ပူဇော်ခဲ့တာ ဖြစ်ပါတယ်။ဒီ

ရခိုင်မှာ Quarantine ဝင်နေရသူတွေရဲ့ စိုးရိမ်မှု

Posted: 19 Aug 2020 05:24 AM PDT

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ တွေ့ရတဲ့ ကျန်းမာရေးတာဝန်ရှိသူများ။ (မေ ၁၆၊ ၂၀၂၀)ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ တပတ်အတွင်း COVID-19 ရောဂါပိုးကူးစက်သူ ၄ ဦးကို အတည်ပြုခဲ့ပြီးနောက် ထိတွေ့ဆက်ဆံခဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေပေမဲ့ သူတို့ကိုထားတဲ့ နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့အပေါ် စိုးရိမ်နေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါ

ဖားကန့်ရေကြီးမှု ၄,၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းနေရ

Posted: 19 Aug 2020 05:22 AM PDT

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် ဥရုချောင်းရေများ ဝင်ရောက်တာကြောင့် ရေကြီးမှုနဲ့ ကြုံနေရသူများကို အကူအညီပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Myanmar Fire Services Department - သြဂုတ် ၁၈၊ ၂၀၂၀)ကချင်ပြည်နယ်၊ ဖားကန့်မှာ ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၁,၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရသလို နောက်ထပ် ရေကြီးနိုင်တဲ့ အန္တရာယ် ရှိနေတဲ့

(၁၉-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦးတွေ့ရှိ

Posted: 19 Aug 2020 05:12 AM PDT

၁။ (၁၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲနမူနာ (၉၄၃)ခုတွင်-• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦးတွေ့ရှိရပါသည်။၂။   (၁၉-၈-၂၀၂၀)ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၃၇၉)ဦး ရှိပါသည်။၃။ (၁၈-၈-၂၀၂၀) ရက်နေ့အတွက်  COVID-19 ရောဂါ ဓာတ်ခွဲ

စစ်တွေကထပ်တိုး ကိုဗစ်လူနာသုံးဦးမှာ နှစ်ဦးက ဘဏ်ဝန်ထမ်းမိသားစုတွေဖြစ်နေ

Posted: 19 Aug 2020 05:09 AM PDT

ခရီးသွားလာခြင်းမရှိတဲ့ စစ်တွေမြို့ခံ၃ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၃ ယောက်ထပ်ပြီးတော့ စစ်ဆေးတွေ့ရှိရတယ်လို့ ဩဂုတ် ၁၉ ရက် ဒီနေ့မနက်၈နာရီမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီပိုးတွေ့လူနာ သုံးဦးထဲမှာ နှစ်ဦးက လူနာနံပါတ် ၃၇၅ နဲ့ဆက်စပ်နေတဲ့ ဘဏ်ဝန်ထမ်းမိသားစုတွေထဲကလို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ

စီအိုင်အေ အရာရှိဟောင်းကို တရုတ်အတွက် သူလျှိုလုပ်ပေးမှုနဲ့ စွဲချက်တင်

Posted: 18 Aug 2020 07:35 PM PDT

လျှို့ဝှက်ချက်တွေပေးလို့ မစ္စတာမာ ငွေလက်ခံယူနေတာကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ ရထားတယ်လို့ဆိုအမေရိကန် စီအိုင်အေ (ဗဟိုထောက်လှမ်းရေးအေဂျင်စီ) အရာရှိဟောင်းတယောက်ကို သူ့လိုပဲ စီအိုင်အေမှာ လုပ်ဖူးတဲ့ ဆွေမျိုးတယောက်နဲ့အတူ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်အစိုးရက ဖမ်းဆီးလိုက်ပါတယ်။အသက် ၆၇ နှစ်အရွယ် အလက်ဇန်းဒါး ယွတ်ခ်ချင်းမာ ကို သောကြာနေ့က ဖမ်းဆီးလိုက်ပြီး တရားစွဲထားတယ်လို့ အ

ကန် တက္ကသိုလ်တချို့မှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်ဖြစ်ပေါ်နေ

Posted: 18 Aug 2020 06:49 PM PDT

မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများကို တွေ့ရစဉ်အမေရိကန် ပြည်ထောင်စုမှာ တက္ကသိုလ်တွေ ပြန်လည် ဖွင့်လှစ်လာချိန်မှာဘဲ တက္ကသိုလ်တွေ အတွင်း COVID 19 ကူးစက်သူတွေ များလာတဲ့ အကြောင်း မ သိင်္ဂ ီထိုက် တင်ပြပေးပါမယ်။မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Chapel Hill က မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ဟာ နိုင်ငံတွင်း အကြီးဆုံး တက္ကသိုလ်တွေထဲက တခုပါ။ တက္ကသိုလ် အတန်းတွေ ပြန်စဖွင့်တဲ့ သြဂုတ်လ ၁၀ ရက်နေ့

Cox’s Bazar မှာ ဒုက္ခသည်တွေအတွက် IOM က ကိုဗစ်ကျန်းမာရေးဗဟိုဌာနသစ်ဖွင့်

Posted: 18 Aug 2020 06:47 PM PDT

Cox's Bazar မှာ ဒုက္ခသည်တွေအတွက် IOM က ကိုဗစ်ကျန်းမာရေးဗဟိုဌာနသစ်ဖွင့် (ဓါတ်ပုံ-IOM)ရွှေ့ပြောင်းအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ (IOM) က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် Cox's Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတစ်ခုမှာ ကုတင် ၁၂၀ ဆံ့ COVID 19 ရောဂါဆိုင်ရာ ကျန်းမာရေးဗဟိုဌာန အသစ် တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဗဟိုဌာနမှာ ပြင်းထန် အဆုတ်ရောင်ကူးစက်ရောဂါ အတွက် သီးခြားခွဲ

AA ဖမ်းဆီးထားတဲ့ ALP အဖွဲ့ဝင် ငါးဦး ပြန်လွတ်လာ

Posted: 18 Aug 2020 06:45 PM PDT

ကျောက်တော်မြို့မှာရှိတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဆက်ဆံရေးရုံးကို တွေ့ရစဉ်Photo: RFAရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကနေ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားတဲ့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က တွဲဘက်အတွင်းရေးမှူးအပါအဝင် ၅ ဦးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ALP  ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က သူတို့ ၅ ဦး  ဒီနေ့ နေ့လယ် ၂ နာရီလောက်က အားလုံးကျန်းကျန်းမာမာနဲ့

နိုင်ငံပိုင်ရုပ်သံမှာ မဲဆွယ်ခွင့် ကန့်သတ်မှုကို HRW ဝေဖန်

Posted: 18 Aug 2020 06:43 PM PDT

နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ ရေဒီယိုအစီအစဉ်တွေကနေ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့် ပေးပေမယ့် ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ထိန်းချုပ်နေတဲ့ နိုင်ငံပိုင်ရုပ်သံတွေ အသုံးပြုမှုဆိုင်ရာ စည်းကမ်းတင်း ကျပ်ထားမှုကို ဖြည့်စွက်ပြင်ဆင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က  တိုက်တွန်းထား ပါတယ်။နိုင်ငံရေးပါတီ အတော်များများကလည်း လွတ်လပ်စွာဟောပြောခွင့် ပြုသင့်တယ်လို့ ထောက်ပြကြပါတယ်။

ရေမှော်လေးတွေကြောင့် မီးစုန်းပြာ တောက်ပတဲ့ ကမ်းခြေ

Posted: 18 Aug 2020 06:40 PM PDT

သဘာဝ မြတ်နိုးသူတွေကို ကော့ခ် ကမ်းခြေက တောက်ပလင်းလက်နေတဲ့ ရေလှိုင်းတွေနဲ့ကြိုဆို"ကြည့်ရတာ အံ့မခန်းပဲ၊ လှိုင်းလေးတွေက သန်းနဲ့ချီတဲ့ မီးစုန်းအလင်းလေးတွေနဲ့ တလက်လက်တောက်ပနေပြီး ကမ်းခြေကိုလာ ရိုက်ခတ်နေတာလေ။"အိုင်ယာလန်နိုင်ငံ ကောခ့် ကောင်တီ အရပ်က ကမ်းခြေတလျောက် အပြာရောင်မီးစုန်းတွေနဲ့တောက်ပနေတဲ့ ရေလှိုင်းတွေကို ကြည့်ရင်း သဘာဝ ချစ်သူတယောက်ရဲ့ နှုတ် တအံ့တဩ ထွက်ကျလာတဲ့ စကားလုံးတွေပါ။ဒီသီတင်းပတ်အတွင်း

အပန်းဖြေ ရေကူးကန်တွေမှာ လူတွေ ပြည့်နှက်နေတဲ့ ဝူဟန်မြို့

Posted: 18 Aug 2020 06:36 PM PDT

ဂီတဖျော်ဖြေပွဲတစ်ခုမှာ လူတွေ ထောင်နဲ့ချီ ပြွတ်သိပ်နေဂီတပွဲတော်တစ်ခုမှာ နှာခေါင်းစည်း ဝတ်မထားကြတဲ့ လူထောင်ပေါင်းများစွာဟာ ရော်ဘာဗောကွင်းတွေပေါ် စီးရင်း တစ်ယောက်နဲ့တစ်ယောက် ပုခုံးပွတ်တိုက်၊ သီချင်းတွေလိုက်ဆို အားပေးနေကြတာ တွေ့ရပါတယ်။ဒီလိုပုံမျိုးက အခု ၂၀၂၀ ခုနှစ်မှာ မတွေ့ရတော့သလောက်ပါ။ ဒါပေမဲ့ ဒီပုံဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အခု သီတင်းပတ်ကုန်ကပဲ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ ဝူဟန်မြို့ဟာ မနှစ်

AA ကိုသတင်းပို့သည်ဟုစွပ်စွဲချက်ဖြင့် ကျောက်ဖြူတွင် ရဲတပ်သားတစ်ဦး အကြမ်းဖက်မှုဥပဒေပုဒ်မနှင့် အမှုဖွင့်ခံရ

Posted: 18 Aug 2020 12:33 PM PDT

နိရဥ္စရာ၊ သြဂုတ် ၁၈ / ၂ဝ၂ဝကျောက်ဖြူမြို့နယ်၊ စနဲရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးဖြစ်သူ ကိုရဲကိုနိုင် အသက် (၂၇) နှစ်ကို AA ကိုသတင်းပို့သည်ဟု စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှု ဥပဒေပုဒ်မနှင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။အမှုဖွင့်ခံရသူမှာ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာ ဇာတိဖြစ်ပြီး  ကျောက်ဖြူမြို့နယ်၊ စနဲရဲစခန်းတွင် တာဝန်ထမ်းဆောင်နေချိန်တွင် ဖမ်းဆီးခံရကာ အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့်

ရခိုင်မှ စောင့်ကြည့်လူနာ ၈၀ ကျော် ရောဂါပိုးမတွေ့

Posted: 18 Aug 2020 12:31 PM PDT

နိရဥ္စရာ၊ သြဂုတ် ၁၈/ ၂ဝ၂ဝရခိုငျမှ စောင့်ကြည့်လူနာ ၈၄ ဦးမှာ ရောဂါပိုးမတွေ့၍ ယနေ့ ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။ဒေါက်တာ ဇော်လွင်က " Negative ဖြစ်တဲ့ လူနာတွေ ဆေးရုံက ဆင်းပါပြီ။ လောလောဆယ်က တစ်ယောက်ပဲ ကျန်ခဲ့တယ်။ အကုန်လုံး ဆင်းပါပြီ။" ဟု နိရဥ္စရာသို့ ပြောသည်။ယင်း ၈၄ ဦးမှာ သြဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့၊ ဓညဝတီ (ခ) ရပ်ကွက်နေသူ အသက် (၂၆) နှစ်အရွယ် CB ဘဏ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.