Wednesday, August 5, 2020

သစ်ထူးလွင်

သစ်ထူးလွင်


လာမယ့်ရွေးကောက်ပွဲနဲ့ ဒေါ်ဝင်းမြမြ မျှော်မှန်းချက်

Posted: 05 Aug 2020 04:12 AM PDT

မြန်မာနိုင်ငံ အနာဂတ် လွှတ်တော်မှာ ဘာသာပေါင်းစုံ ကိုယ်စားပြုသူတွေ ပိုမိုပါဝင်လာရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ NLD က စတင်ကြိုးစားဆောင်ရွက် နေကြောင်းပါတီကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါ်ဝင်းမြမြက ဗွီအိုအေကိုပြောပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် အခု ၂၀၂၀ပြည့်ရွေးကောက်ပွဲမှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ရွေးချယ် ခံခဲ့ရတဲ့ မန္တလေးမြို့က နိုင်ငံရေးအရ ထင်ရှားလူသိများ

ဆွေးနွေးအဖြေရှာရေး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာတင်မာအောင် မျှော်လင့်

Posted: 05 Aug 2020 04:10 AM PDT

ဒေါက်တာတင်မာအောင် ( ၂၀၁၈ခုနှစ် မေလ(၃၀)ရက် -ဓါတ်ပုံ-My Hidden City - Mrauk U HeritageFilm)နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးဆုံးကိုယ်ရေးအရာရှိလုပ်ခဲ့သူ ဒေါက်တာ တင်မာအောင်၊ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကနေ ဝင်ပြိုင်တော့မှာပါ။ဒီ ALD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲခဲ့ပြီး၊ ရခိုင်မှာ အများစုနိုင်ခဲ့ပါတယ်။

အန္တရာယ်ရှိတဲ့ လက်သန့်ဆေးရည်တွေ အမေရိကန် FDA သတိပေး

Posted: 04 Aug 2020 05:52 PM PDT

ကပ်ရောဂါကာလအတွင်း ရောဂါမကူးစက်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရတဲ့အချိန် လက်သန့် ဆေးရည် Hand sanitizer တွေဟာ ဘယ်သွားသွား ကိုယ်နဲ့မကွာ ဆောင်ထားရတဲ့ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ ဒီလို လက်သန့်ဆေးရည်တွေနဲ့ လက်မကြာမကြာဆေးရတဲ့အချိန်မှာ လက်သန့်ဆေး အရည်အသွေး မကောင်းဘူး ဆိုရင်လည်း ဘေးဥပဒ်ဖြစ်စေပြန်တာပါ။အမေရိကန်အစားအသောက်နဲ့ စားဝါးကွပ်ကဲရေးဌာန FDA ကနေ အသုံးမပြုသင့်တဲ့ လက်သန့်ဆေးရည် Hand

နေပြည်တော်က တပ်မဲရုံအားလုံး တပ်ပြင်ထုတ်ပြီး မဲပေးရမယ်လို့ ရွေးကောက်ပွဲ‌ကော်မရှင်ပြော

Posted: 04 Aug 2020 05:47 PM PDT

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် ဇေယျာသီရိမြို့နယ်က အနော်ရထာမဲရုံ အမှတ် ၁ မှာ ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့က မဲထည့်နေစဉ် / Photo: Win Ko Ko Latt/ RFAလာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တပ်တွင်းမဲရုံအားလုံးကို တပ်ပြင်ထုတ်ပြီး မဲပေးရမယ်လို့ "နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ" အဖွဲ့ဝင် ဦးမိုးဇော်က ပြောလိုက်ပါတယ်။

'ဝ' တိုင်းမှာ NLD ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ပြိုင်မယ်

Posted: 04 Aug 2020 05:41 PM PDT

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်၃၀ ပြည့်အခမ်းအနားကို ပြီးခဲ့တဲ့နှစ်က ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းအရ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မဲဆန္ဒနယ်တွေမှာ အာဏာရပါတီဟာ ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မှာ ဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲတုန်းက 'ဝ' ကမဲဆန္ဒနယ်တွေမှာ NLD က ဝင်မပြိုင်ခဲ့ပေ

ကိုဗစ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ၆၀% ခန့် ကျဆင်း

Posted: 04 Aug 2020 05:07 PM PDT

ကမ္ဘာလည့် ခရီးသည်များကို ပုဂံတွင် တွေ့ရစဉ် (မှတ်တမ်းဓါတ်ပုံ-၂၀၀၉၊ အောက်တိုဘာလ ၅ ရက်နေ့ )COVID- 19 ကပ်ရောဂါကာလမှာ မြန်မာ့ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ရာမှာ ဒီနှစ်ဝက်အတွင်း ၆၀ ရာခိုင်နှုန်း ကျဆင်းသွားတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။ကပ်ရောဂါကြောင့် ပြည်တွင်းပြည်ပ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားရချိန်မှာ ခရီးသွား လုပ်ငန်းတွေ သိသိသာသာ အထိနာခဲ့သလို နောက်ထပ် ဆက်လက် ကျဆင်း

ဂျပန် Aeon ကုမ္ပဏီ ရန်ကုန်မှာ စျေးဝယ်စင်တာဆောက်ဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြုပ်နှံမည်

Posted: 04 Aug 2020 04:55 PM PDT

ဂျပန် Aeon ကုမ္ပဏီ ရန်ကုန်မှာ စျေးဝယ်စင်တာဆောက်မည် (ဓါတ်ပုံ-Shwe Taung Co.,Ltd )ဂျပန် လက်လီဖြန့်ချီရေး စီးပွါးရေးလုပ်ငန်းစု အဖွဲ့ Aeon က ရန်ကုန်မြို့မှာ စျေးဝယ်စင်တာကြီးတခုဆောက်လုပ်သွားဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ အင်္ဂါနေ့ကပြောပါတယ်။ ဒါဟာ Aeon စီးပွားရေး အုပ်စုအနေနဲ့မြန်မာနိုင်ငံ ဈေးကွက်ထဲ ပထမဆုံးအကြိမ် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ဒီ Aeon Mall shopping complex ကို ရန်ကုန်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.