သစ္ထူးလြင္ |
- မြန်မာအလုပ်သမားတွေ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ ပြန်သွားနိုင်တော့မယ်
- မြန်မာ အလုပ်လက်မဲ့ပြဿနာကြောင့် လူမှောင်ခိုအန္တရာယ် စိုးရိမ်ဖွယ်ရှိ
- ကပ်ရောဂါကာလအတွင်း KIA အခွန်ကြောင့် ဒေသခံတွေအခက်ကြုံ
- AA ကလွဲလို့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ၂၁ ပင်လုံတက်ဖို့ ဖိတ်မည်
- လူငယ်တွေအကြား COVID-19 ကူးစက်မှု တိုးလာ
- အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှု တနေ့ ၅၀,၀၀၀ ကျော် ၈ ရက်ဆက်တိုက်ဖြစ်လာ
- ရခိုင်ဒေသ တိုက်ပွဲတချို့နဲ့ ပတ်သက်ပြီး တပ်နဲ့ AA သတင်းထုတ်ပြန်
- မေယုတောင်ကြားတိုက်ပွဲမှာ သေဆုံးခဲ့တဲ့လဝကအရာရှိ နာရေး စစ်တွေမှာ ပြုလုပ်မယ်
- မြန်မာတွေဦးဆောင်တဲ့ စာချုပ်စာတမ်းအတုဂိုဏ်း မလေးအာဏာပိုင်တွေဖမ်းမိ
- Mitsubishi ကုမ္ပဏီ မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်ဖို့ စဉ်းစားနေ
- လဝကဝန်ကြီး ဦးသိန်းဆွေမိသားစု မဲစာရင်း မှားယွင်းနေ
- ကိုဗစ် ကူးစက်မှု မြင့်နေတဲ့ကြားက အိန္ဒိယဝန်ကြီးချုပ် ဟိန္ဒူ ဘုရားကျောင်း အုတ်မြစ်ချ
- မွတ်ဆလင်တွေနဲ့အငြင်းပွားနေတဲ့ ဘာသာရေးမြေပေါ် ဟိန္ဒူဘုရားကျောင်းဆောက်ဖို့ ဝန်ကြီးချုပ် Modi အုတ်မြစ်ချ
- ရှမ်းပြည် နမ့်ခမ်းတိုက်ပွဲ ဒေသခံများ တရုတ်နယ်စပ်တိမ်းရှောင်
- RCSS နဲ့ တပ်မတော် တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် တရုတ်နိုင်ငံဘက် ထွက်ပြေးခဲ့ရ
- ဂျွန်အိုကယ် - နှစ် ၆၀ ကျော်မြန်မာစာ သင်ပေးသွားခဲ့သူ
- ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်မှာ သီတင်း ၂ ပတ် အရေးပေါ်အခြေအနေ ကြေညာ
- ဘေရွတ်ပေါက်ကွဲမှုမှာ တာဝန်ရှိသူတွေကိုအရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်
မြန်မာအလုပ်သမားတွေ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ ပြန်သွားနိုင်တော့မယ် Posted: 06 Aug 2020 07:43 AM PDT ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင် တခုက မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားများ။ (သြဂုတ် ၀၆၊ ၂၀၂၀)အိမ်နီးချင်း သုံး နိုင်ငံက အလုပ်သမားတွေ ထိုင်းနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေလည်း တရားဝင် ပြန်လာနိုင်ကြတော့မယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို အိမ်နီးချင်း သုံး |
မြန်မာ အလုပ်လက်မဲ့ပြဿနာကြောင့် လူမှောင်ခိုအန္တရာယ် စိုးရိမ်ဖွယ်ရှိ Posted: 06 Aug 2020 07:41 AM PDT ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တခုမှာ အလုပ်နေကြတဲ့ အလုပ်သမားတချို့။ (မေ ၀၈၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ လူမှောင်ခိုမှုတွေ သိသိသာသာ ကျဆင်းသွားပေမဲ့ အလုပ်လက်မဲ့ဦးရေ တိုးလာနေတာကြောင့် ပြဿနာ တကျော့ပြန်ကြီးထွားလာနိုင်တဲ့ အန္တရာယ်ရှိနေတာကို သတိပေးနေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ် |
ကပ်ရောဂါကာလအတွင်း KIA အခွန်ကြောင့် ဒေသခံတွေအခက်ကြုံ Posted: 06 Aug 2020 07:33 AM PDT ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခု ရက်ပိုင်းအတွင်း အခွန်ငွေတွေ ကောက်ခံနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။KIA က နှစ်စဉ် အခွန်ငွေကောက်ခံတာ ဖြစ်ပေမယ့် အခုနှစ်ဟာ Covid-19 ကပ်ရောဂါကြောင့် အလုပ်အကိုင်တွေ မကောင်းတဲ့အချိန်မို့ အခက်အခဲ ဖြစ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။"သူတို့က ရိုးရိုး ဆိုင်အသေးစား အလတ်စားတွေဆို |
AA ကလွဲလို့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ၂၁ ပင်လုံတက်ဖို့ ဖိတ်မည် Posted: 06 Aug 2020 07:29 AM PDT NLD အစိုးရလက်ထက် နောက်ဆုံးအကြိမ် ကျင်းပမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေးကို အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ကို ဖိတ်ကြားမှာဖြစ်ပေမယ့် AA ကို တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။တချို့အဖွဲ့တွေကို ဖိတ်ကြားဖို့က ဥပဒေအရ အကန့်အသတ်ရှိနေတယ်လို့ နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ သတင်းစာ |
လူငယ်တွေအကြား COVID-19 ကူးစက်မှု တိုးလာ Posted: 05 Aug 2020 08:24 PM PDT ပြင်သစ်နိုင်ငံ Biarritz မြို့ရှိ ကမ်းခြေတခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (သြဂုတ် ၀၃၊ ၂၀၂၀)လူငယ်တွေကြား COVID-19 ကူးစက်မှုနှုန်း လွန်ခဲ့တဲ့ ၅ လအတွင်း ၃ ဆ တိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက် ပါတယ်။ လူချင်းချဲ ခပ်ခွါခွါနေရမဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် အခုလို ကူးစက်မှုနှုန်းတက်လာရကြောင်း လည်း WHO က ပြစ်တင် ဝေဖန်လိုက်ပါတယ်။WHO အကြီးအကဲ Tedros Adhanom Ghebreyesusဖေဖော်ဝါရီလနှောင်း |
အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှု တနေ့ ၅၀,၀၀၀ ကျော် ၈ ရက်ဆက်တိုက်ဖြစ်လာ Posted: 05 Aug 2020 08:24 PM PDT အိန္ဒိယနိုင်ငံ New Delhi က ဆေးရုံတခုမှာ COVID 19 ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့။ (ဇူလိုင် ၃၁၊ ၂၀၂၀)အာရှတလွှား COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ်မှာ ဒီကနေ့တရက်ထဲ ကူးစက်သူ ၇၂၅ ယောက်နဲ့ သေဆုံးသူ ၁၅ ယောက်ရှိပါတယ်။ အသွားအလာ ကန့်သတ်ချက် အသစ်တွေပြန်ပြီး ချထားတာကြောင့် Melbourne မြို့မှာ အရေးမကြီးတဲ့ စီးပွါးရေးလုပ်ငန်းတွေကို သီတင်း ခြောက်ပတ် ပိတ်ထားပါ |
ရခိုင်ဒေသ တိုက်ပွဲတချို့နဲ့ ပတ်သက်ပြီး တပ်နဲ့ AA သတင်းထုတ်ပြန် Posted: 05 Aug 2020 08:14 PM PDT ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီး သြဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တပ်မတော်သားတွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ဖမ်းဆီးရမိတဲ့ တပ်မတော်သားတွေဟာ ဘူးသီးတောင် အခြေစိုက် ခလရ ၂၆၃ တပ်ရင်းကဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်း |
မေယုတောင်ကြားတိုက်ပွဲမှာ သေဆုံးခဲ့တဲ့လဝကအရာရှိ နာရေး စစ်တွေမှာ ပြုလုပ်မယ် Posted: 05 Aug 2020 08:11 PM PDT ဦးကျော်ဇောခိုင်ဟာ ပလက်ဝဇာတိရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ သုံးလကမှ မောင်တောလဝကဌာနကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာပါ။ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အနီး မေယုတောင်ကြားလမ်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောခိုင်ရဲ့ ရုပ်အလောင်း စစ်တွေကို ရောက်ရှိလာပြီဖြစ်ပြီး သူ့နာရေးကို သြဂုတ် ၆ မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက ဘီဘီစီကို ပြောပါ |
မြန်မာတွေဦးဆောင်တဲ့ စာချုပ်စာတမ်းအတုဂိုဏ်း မလေးအာဏာပိုင်တွေဖမ်းမိ Posted: 05 Aug 2020 08:11 PM PDT မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့Jalan Lebuh Pudu ဧရိယာမှာ မြန်မာတွေ ဦးဆောင်တဲ့ စာချုပ်စာတမ်းအတုလုပ်တဲ့ ဂိုဏ်း နှစ်ဂိုဏ်းကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ်လ ၄ ရက်နေ့က စစ်ဆင်ရေးတစ်ခုနဲ့ နှိမ်နင်းနိုင်ခဲ့တယ်လို့ ဘာနားမား သတင်းဌာနက ပြောပါတယ်။အဲဒီ ဂိုဏ်းတွေ လုပ်ငန်း လှုပ်ရှားနေတာ ၂ နှစ် နီးပါးရှိနေဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လထဲ Kedah ပြည်နယ်၊ Kuala Muda ကမ်းခြေကို Rohingya လှေတစ်စင်းကမ်းကပ်ခဲ့ |
Mitsubishi ကုမ္ပဏီ မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်ဖို့ စဉ်းစားနေ Posted: 05 Aug 2020 08:11 PM PDT Mitsubishi ကား စက်ရုံအရှေ့တောင်အာရှမှာ စျေးကွက်ချဲ့ထွင်လာတဲ့ ဂျပန် Mitsubishi ကား ကုမ္ပဏီက မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ရေးစက်ရုံတခု တည်ဆောက်ဖို့ စဉ်းစားနေတယ် လို့ Mitsubishi အမှုဆောင်အရာရှိချုပ် Takao Kato က Nikkei Asian Review သတင်းဌာနကို ပြောပါတယ်။ ဘယ်နေရာမှာ ဆောက်မလဲဆိုတာနဲ့ ဘယ်တော့ ဆောက်မလဲဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ သူကပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ |
လဝကဝန်ကြီး ဦးသိန်းဆွေမိသားစု မဲစာရင်း မှားယွင်းနေ Posted: 05 Aug 2020 08:10 PM PDT အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရွေးကောက်ပွဲကော်မရှင်က ကနဦးထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းမှာ သူ့ရဲ့မိသားစု မဲစာရင်းလည်း လွဲမှားနေတာ တွေ့ရတယ်လို့ ပြောပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလ ရွေးကောက်ပွဲကျင်းပရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ |
ကိုဗစ် ကူးစက်မှု မြင့်နေတဲ့ကြားက အိန္ဒိယဝန်ကြီးချုပ် ဟိန္ဒူ ဘုရားကျောင်း အုတ်မြစ်ချ Posted: 05 Aug 2020 08:09 PM PDT ဟိန္ဒူဘုရားကျောင်း အုတ်မြစ်ချပွဲအပြီး ဝန်ကြီးချုပ် မိုဒီ မိန့်ခွန်းပြောအိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ နိုင်ငံမြောက်ပိုင်း အယုဒ္ဓယမြို့ကို သွားရောက်ပြီး ဟိန္ဒူဘုရားကျောင်းတစ်ခုအတွက် အုတ်မြစ်ချခဲ့ပါတယ်။အဲဒီဘုရားကျောင်းနေရာဟာ အလယ်ခေတ်ရာစု ဗလီတစ်ခုကို ဟိန္ဒူလူအုပ်ကြီးက ၁၉၉၂ ခုနှစ်တုန်းက ဖြိုချထားခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အဲဒီဗလီဟာ ရာမနတ်ဘုရား ဗိမာန်ပျက်ပေါ်မှာ ဆောက်ထားတာလို့ ပြောပြီး ဖြိုချခဲ့ကြတာ |
Posted: 05 Aug 2020 08:08 PM PDT ဟိန္ဒူဘုရားကျောင်းဆောက်ဖို့ ဝန်ကြီးချုပ် Modi အုတ်မြစ်ချအိန္ဒိယနိုင်ငံ Ayodhya မြို့မှာ မွတ်ဆလင်နဲ့ ဟိန္ဒူဘာသာဝင်တွေအကြား ဆယ်စုနှစ်တွေကြာ အငြင်းပွားနေတဲ့ ဘာသာရေးမြေပေါ်မှာ ဟိန္ဒူ ဘုရားကျောင်း စတင် ဆောက်လုပ်ဖို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က မနေ့ ဗုဒ္ဓဟူးနေ့က အုတ်မြစ်ချပေးလိုက်ပါတယ်။"ဒီ ဘုရားကျောင်းဟာ ကျွန်တော်တို့ ယဉ်ကျေးမှုရဲ့ ခေတ်သစ် သင်္ကေတ ဖြစ်လာမှာပါ။ သန်းပေါင်း များစွာသော ပြည်သူတွေ |
ရှမ်းပြည် နမ့်ခမ်းတိုက်ပွဲ ဒေသခံများ တရုတ်နယ်စပ်တိမ်းရှောင် Posted: 05 Aug 2020 08:08 PM PDT ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသော စစ်ရှောင် ဒုက္ခသည်တချို့။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့ မနေ့ ညနေပိုင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးပြီး ရွာသားတွေ တိမ်းရှောင်နေရရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။မနေ့က ညနေပိုင်းမှာ |
RCSS နဲ့ တပ်မတော် တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် တရုတ်နိုင်ငံဘက် ထွက်ပြေးခဲ့ရ Posted: 05 Aug 2020 08:07 PM PDT ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ကြားက ကျေးရွာတချို့မှာ မနေ့ညနေ လေးနာရီလောက်က တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ရာမှာ ဒေသခံရွာသားတချို့ တရုတ်နယ်နိမိတ်ထဲကို ထွက်ပြေးခဲ့ရပါတယ်။ တိုက်ပွဲအတွင်း အရပ်သားတစ်ဦး ထိခိုက်ဒဏ် ရာရတယ်လို့ တပ်မတော်ဘက်က ပြောပေမယ့် RCSS အဖွဲ့ကတော့ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ တပ်မတော်ဘက်က တဖက်သတ်ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။ပစ်ခတ်မှုအတွင်း ဒေသတွင်းက |
ဂျွန်အိုကယ် - နှစ် ၆၀ ကျော်မြန်မာစာ သင်ပေးသွားခဲ့သူ Posted: 05 Aug 2020 08:16 PM PDT ဂျွန်အိုကယ်လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျွန်အိုကယ်ဟာ သြဂုတ်လ (၃) ရက်က လန်ဒန်မြို့မှာ ကွယ်လွန်သွားပါတယ်။ သူ့ကို မြန်မာအမည် ဦးလှသိန်း၊ ကိုအုတ်ခဲ စတဲ့နာမည်တွေနဲ့လည်း သိကြပါတယ်။ဂျွန်အိုကယ်ဟာ အသက် (၈၆) နှစ် အရွယ် မကွယ်လွန်ခင် တလလောက်အထိ ကျောင်းသားတွေကို မြန်မာစာ သင်ကြားပေးသွားခဲ့ပါတယ်။ ၁၉၅၉ မှာ ဘာသာဗေဒ လက်ထောက်ကထိက အဖြစ် ထမ်းဆောင်ချိန်ကနေ ဝါရင့်ကထိကအဖြစ် ပင်စင်ယူတဲ့ ၁၉၉၉ |
ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်မှာ သီတင်း ၂ ပတ် အရေးပေါ်အခြေအနေ ကြေညာ Posted: 05 Aug 2020 08:06 PM PDT ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ဘေရွတ်မြို့Lebanon အစိုးရဝန်ကြီးများအဖွဲ့က ဘေရွတ်မြို့ကို သီတင်း ၂ ပတ် - နိုင်ငံတော် အရေးပေါ် အခြေနေကြေညာလိုက်ပါတယ်။ ဒါ့အပြင် လူပေါင်းတရာကျော် သေဆုံးခဲ့ရတဲ့ ဘေရွတ်မြို့က ဆိပ်ကမ်းကုန်လှောင်ရုံ ပေါက်ကွဲမှုနဲ့ ဆက်နွယ်နေသူမှန်သမျှကို နေအိမ်အကျယ်ချုပ် ချထားဖို့ လည်း Lebanon အစိုးရက စစ်တပ်ကိုအမိန့် ပေးခဲ့ပါတယ်။အင်္ဂါနေ့က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီးတဲ့ နောက်မှာအခုလို |
ဘေရွတ်ပေါက်ကွဲမှုမှာ တာဝန်ရှိသူတွေကိုအရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင် Posted: 05 Aug 2020 08:06 PM PDT ဘေရွတ်မြို့တော် ပေါက်ကွဲမှုကြီးကို စတင် စုံစမ်းစစ်ဆေးနေလက်ဘနွန် နိုင်ငံ ဘေရွတ်မြို့တော်မှာ အင်္ဂါနေ့ ညက ပေါက်ကွဲမှုကြီးကို စတင် စုံစမ်းစစ်ဆေးနေတဲ့ အခြေအနေတွေကို မ သိင်္ဂ ီထိုက် စုစည်း တင်ပြပေးပါမယ်။အင်္ဂါညက ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ်မြို့တော် ဆိပ်ကမ်းနဲ့ အနီးဝန်းကျင် မိုင်ချီဝေးတဲ့ နေရာတွေက အဆောက်အအုံတွေပါ ပျက်စီးခဲ့ရတာပါ။ အခုတော့ ဆိပ်ကမ်းက ပေါက်ကွဲမှု အပျက်အစီးတွေကြားမှာ စုံစမ်းစစ်ဆေးရေးမှူး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.