Monday, September 21, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကမ္ဘာအဝန်း ကိုဗစ်ကူးစက်သူ သန်း ၃၀ ကျော်ပြီ

Posted: 20 Sep 2020 10:33 AM PDT

အိန္ဒိယနိုင်ငံ Ahmedabad မြို့က ဘူတာရုံတခုမှာ COVID-19 စစ်ဆေးဖို့ တန်းစီနေတဲ့ ခရီးသွားများ။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အလျင်အမြန် ဆက်လက်ဖြစ်ပေါ်နေပြီး အခုဆိုရင် ကူးစက်သူ အရေအတွက်ဟာ ၃၀.၈ သန်း ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။ အဲဒီထဲမှာ အမေရိကန်နိုင်ငံကတော့ ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပြီး ကူးစက်သူ ၆.၈ သန်းလောက် ရှိ

မြန်မာ ကိုဗစ်လူနာ သေဆုံးသူ ၉၀ ကျော်လာ

Posted: 20 Sep 2020 10:31 AM PDT

ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅,၅၀၀ ကျော်နဲ့ သေဆုံးသူ ၉၂ ယောက်ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ဒီနေ့ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရတော့ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၂၇၈ ယောက် ထပ်မံတွေ့ရှိတာကြောင့် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံသူ ၅,၅၄၁

ကိုဗစ်ကာလ ရခိုင်မှာ လူထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရ

Posted: 20 Sep 2020 10:30 AM PDT

ရသေ့တောင် နဲ့ကျောက်တော် မြို့နယ်ထဲက ကျေးရွာ ၇ ရွာက ဒေသခံတွေ စစ်ဘေးကြောင့် နေရပ်စွန့်ခွာလာကြရခိုင်ပြည်နယ်မှာ ဒေသတွင်းစစ်ရေးတင်းမာမှု တွေ မြင့်လာနေတဲ့အတွက် ရခိုင်မြောက်ပိုင်းက မြို့နယ်နှစ်ခုအတွင်းမှာ ထောင်နဲ့ချီတဲ့ ဒေသခံကျေးရွာသားတွေဟာ စုပြုံပြီး နေရပ် စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။အဲ့ဒီ ထွက်ပြေးနေကြရတဲ့ ကျေးရွာသားတွေဟာ ရသေ့တောင်မြို့နယ်က ကျေးရွာသုံး

မဲဆွယ်စည်းရုံးရေးကာလမှာ ကွာရန်တင်း ဝင်နေရတဲ့ အမတ်လောင်းတွေ

Posted: 20 Sep 2020 10:27 AM PDT

နိုဝင်ဘာရွေးကောက်ပွဲမှာ အမတ်လောင်း ခုနစ်ထောင်ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ရှိပါတယ်။ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားတဲ့ မဲဆွယ်စည်းရုံးရေးကာလ နဲ့ အတူဝင်ရောက်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းကြောင့် ကွာရန်တင်းဝင်နေရတဲ့အမတ်လောင်းတွေ ရှိနေတယ်လို့ နိုင်ငံရေးပါတီအချို့က ဘီဘီစီကိုအတည်ပြုပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ရခိုင်အမျိုးသား

မြန်မာကျန်းမာရေးဝန်ထမ်းများ ပိုးမကူးရေး အလေးပေးဆောင်ရွက်

Posted: 20 Sep 2020 10:23 AM PDT

ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ရှိ ကွာရမ်တင်းစင်တာမှာ COVID-19 စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်သူ ၅,၀၀၀ ကျော်အထိ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးပညာရှင်တွေပါ ပိုးကူးစက်မခံရအောင် ဆောင်ရွက်နေရသလို ပိုးတွေ့ရှိသူတွေ အပါအဝင် ဆက်စပ်ထိတွေ့သူတွေကို နေရာသစ်တွေ တိုးချဲ့ပြီး သီးခြားကန့်သတ်ထားရှိ ကုသပေးနေတဲ့ အနေအထားနဲ့ ပြည်သူ

COVID-19 ကပ်လှိုင်းဒဏ်ကြောင့် ကျန်းမာရေးစနစ် ကျိုးပေါက်ခဲ့တဲ့ နယူးယောက်သင်ခန်းစာ မြန်မာ ဘယ်လိုယူသင့်သလဲ

Posted: 20 Sep 2020 10:46 AM PDT

ရန်ကုန်မြို့မှာ ကိုဗစ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အိမ်တိုင်ရာရောက် စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ စနေနေ့က COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၂၄၉ ဦး ထပ်တိုးလာတဲ့အတွက် ရောဂါကူးစက်သူ စုစုပေါင်း ၄,၈၇၀ ဦး ရှိသွားပါပြီ။ လက်ရှိ သေဆုံးသူပေါင်း ၈၁ ဦး ရှိနေပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု မြင့်လာနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး

စစ်တောင်းမြစ်ကမ်းနားမှာ နေထိုင်သူ သုံးဦး ရေထဲ မျောပါပျောက်ဆုံးနေ

Posted: 20 Sep 2020 10:45 AM PDT

စစ်တောင်းမြစ်ထဲ မျောပါသွားတဲ့ သားအမိသုံးယောက်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို တွေ့ရစဉ်  / Photo: IPRD Monမွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာရပ်ကွက် ကမ်းနားပိုင်းမှာ စစ်တောင်းမြစ်ထဲကို သားအမိ သုံးယောက် မျောပါသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။စက်တင်ဘာ ၂၀ ရက် ဒီနေ့မနက် ငါးနာရီခွဲလောက်မှာ မိုးသည်းပြီး လှိုင်းပုတ်တာကြောင့် ကမ်းနားမှာရှိတဲ့ နေအိမ်

ရန်ကုန်တစ်တိုင်းလုံး နေအိမ်အပြင်မထွက်ဖို့ အစိုးရအမိန့်ထုတ်

Posted: 20 Sep 2020 10:15 AM PDT

ရန်ကုန်တိုင်းတစ်တိုင်းလုံးက ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at home အမိန့်ကို အစိုးရက ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀၀၀ ကျော်အထိ ရှိလာတဲ့အချိန်မှာ ရောဂါကူးစက်ခံထားရသူ အများဆုံးရှိတဲ့ ရန်ကုန်တိုင်းအတွင်း အခုလို အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ရန်ကုန်တိုင်းမြို့နယ် ၄၅ မြို့နယ်ထဲက ကိုကိုးကျွန်းမြို့နယ် တစ်မြို့နယ်ကတော့ ဒီအမိန့်

(၂၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇၈) ဦး တွေ့ရှိ

Posted: 20 Sep 2020 10:14 AM PDT

၁။ (၂၀-၉-၂၀၂၀)  ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည  (၈:၀၀)နာရီအတွင်း COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၂၉)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်)ဓာတ်ခွဲနမူနာ (၂၄၉) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၉၉) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.