သစ္ထူးလြင္ |
- အီရန်ကို ကန်အရေးယူပိတ်ဆို့မှုသစ်ချမှတ်
- မြေပုံမြို့နယ်မှာ ဒေသခံနှစ်ဦးကို တပ်မတော်က ဖမ်းဆီးရိုက်နှက်ခဲ့
- သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်သူ တရုတ်သူဌေး ထောင် ၁၈ နှစ်ကျ
- အမေရိကန်အခြေစိုက်စခန်းနဲ့ ပုံစံတူ နေရာကို ဗုံးကြဲတိုက်ခိုက်လေ့ကျင့်နေတဲ့ ဗွီဒီယို တရုတ် ထုတ်ပြန်
- COVID-19 ကာကွယ်ဆေး တကမ္ဘာလုံး အသုံးပြုနိုင်ရေး WHO အစီအစဉ် နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်
- သိန်း ၈၀၀ ကျော် အလွဲသုံးစားလုပ်တယ်လို့ ကျိုက်ထီးရိုး ဂေါပက စာရေး စွပ်စွဲခံရ
- ထိုင်းရောက်မြန်မာတွေ နေရပ်ပြန်မှု လျော့နည်းလာ
- သုဝဏ္ဏကိုဗစ်ကုသရေးဌာနကို ခုတင် ၇၇၀ ဆံ့အဖြစ် ထပ်မံတိုးချဲ့
- မြန်မာမှာ ကိုဗစ်လူနာတွေထဲ သေဆုံးသူ တစ်ရာ ရှိပြီ
- မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၂)ဦး ရှိပြီ
- နိုင်ငံ့ဝန်ထမ်းများ လစာ (၂) လစာ ထုတ်ချေးခြင်းကို အောက်တိုဘာ (၁) ရက် စတင်မည်
- ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ မူဆယ် ရွှေလီ နယ်စပ်ပြန်ဖွင့်
- ထိုင်းမြန်မာနယ်စပ်ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးထိခိုက်
- ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုထိန်းချုပ်ရေး ရန်ကုန်အခြေစိုက် သတင်းစာတွေ ယာယီရပ်နား
- ဗိုင်းရပ်စ်ကာကွယ်ဆေး အချိန်နဲ့တစ်ပြေးညီ သုံးနိုင်ဖို့ ပြင်ဆင်ထားကြောင်း အတိုင်ပင်ခံ ပြော
- ပေါက်တောမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ လူငယ်တစ်ဦးသေဆုံး
- COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၃၀) နာရီ
- ကိုဗစ် ထိန်းချုပ်မှု ကန့်သတ်ချက်တွေနဲ့ ရန်ကုန်လူထု စိန်ခေါ်မှုများ
- မြန်မာ ကိုဗစ်ပိုးတွေ့သူ ၆,၀၀၀ ကျော် သေဆုံးသူ ၉၈ ဦး
- ဒဏ်ခတ် ပိတ်ဆို့ ခံထားရတဲ့ သမ္မတပူတင်နဲ့ Barclays ဘဏ် ငွေသန်းချီ ခဝါချမှု ဆက်နွှယ်နေ
- ဟောင်ကောင်မှာ ၁၉၉၅ ခုနှစ် ကတည်းကစလို့ HSBC ရှယ်ယာတန်ဖိုး အနိမ့်ဆုံး ထိုးကျ
- အလုပ်အကိုင်ကြောင့် ကပ်ဘေးကာလ အိမ်မှာပဲနေဖို့ ခက်ခဲနေ
- “ပိုးတွေ့လူနာဆိုတာ ရေခဲတုံးကြီး ရေပေါ်ပေါ်တဲ့အပိုင်းလောက်ပဲရှိ” - ဒေါက်တာခင်ခင်ကြီး, MOHS
- နိုင်ငံတဝန်း မိုးသည်းရေကြီးလို့ လူ ၄ ဦးထက်မနည်းသေဆုံးခဲ့
- တပ်မတော် အရာရှိစစ်သည် စုစုပေါင်း၄၅ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
အီရန်ကို ကန်အရေးယူပိတ်ဆို့မှုသစ်ချမှတ် Posted: 22 Sep 2020 05:47 AM PDT အမေရိကန်အလံနဲ့ အီရန်အလံ။အီရန်နိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးလက်နက်တွေအပြင် သမရိုးကျ လက်နက်အစီအစဉ်တွေကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေချမှတ်လိုက်ပါတယ်။အီရန်ကို လက်နက်မရောင်းချနိုင်အောင် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကန့်အသတ်မရှိပြန်ချမှတ်လိမ့်မယ်လို့ အမေရိကန်က စနေနေ့နှောင်းပိုင်းမှာ အခိုင်အမာပြောဆိုထားတာပါ။ အီရန်နိုင်ငံရဲ့ နျူကလီယား၊ ပဲ့ထိန်းတပ် |
မြေပုံမြို့နယ်မှာ ဒေသခံနှစ်ဦးကို တပ်မတော်က ဖမ်းဆီးရိုက်နှက်ခဲ့ Posted: 22 Sep 2020 05:45 AM PDT ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦိးကို ၂၀၁၉ စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက မြိုင်သာယာရွာသားနှစ်ယောက်ကို တပ်မတော်က မနေ့က ဖမ်းဆီး ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။မြေပုံမြို့နယ် မြိုင်သာယာရွာက အသက် ၂၆ နှစ်အရွယ် ကိုထွန်းမြင့်သန်းနဲ့ အသက် ၂၈ နှစ်အရွယ် ကိုမြင့်မောင် တို့ နှစ်ယောက် စက်တင်ဘာ ၂၁ |
သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်သူ တရုတ်သူဌေး ထောင် ၁၈ နှစ်ကျ Posted: 22 Sep 2020 05:43 AM PDT ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံမှုကို တရုတ်အစိုးရရဲ့ ကိုင်တွယ်မှုအကြောင်း ဝေဖန် ရေးသားခဲ့ပြီးတဲ့နောက် မတ်လထဲမှာ မစ္စတာ ရန် ပျောက်ဆုံးသွားခဲ့တချိန်က အိမ်ခြံမြေ လုပ်ငန်းမှာ သြဇာရှိပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ တရုတ်သူဌေးကြီးတဦး အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထောင် ၁၈ နှစ် ပြစ်ဒဏ်ချခံလိုက်ရပါတယ်။သူဌေးကြီး မစ္စတာ ရန် ဂျင်ချမ်း ဟာ "အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ လုပ်မှု၊ |
အမေရိကန်အခြေစိုက်စခန်းနဲ့ ပုံစံတူ နေရာကို ဗုံးကြဲတိုက်ခိုက်လေ့ကျင့်နေတဲ့ ဗွီဒီယို တရုတ် ထုတ်ပြန် Posted: 22 Sep 2020 05:41 AM PDT တရုတ် H-6K ဗုံးကြဲလေယာဉ်အမျိုးအစားပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် Guam ကျွန်းပေါ်က စစ်စခန်းနဲ့ သဏ္ဍာန်တူ စခန်းတခုကို နျူကလီးယား လက်နက် တပ်ဆင် အသုံးပြု နိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်နဲ့ပုံစံတူ လေ့ကျင့်တိုက်ခိုက်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုကို တရုတ်လေတပ်က ထုတ်ပြန် လိုက်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြားဆက်ဆံရေးတင်းမာနေတဲ့ အချိန်မှာ အခုလို ပုံစံတူလေ့ကျင့်တဲ့ ဗွီဒီယိုကို တရုတ်က ထုတ် ပြန်လိုက်တာဖြစ်တဲ့အတွက် |
COVID-19 ကာကွယ်ဆေး တကမ္ဘာလုံး အသုံးပြုနိုင်ရေး WHO အစီအစဉ် နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင် Posted: 22 Sep 2020 05:39 AM PDT COVID-19 ကာကွယ်ဆေးကို ကမ္ဘာတလွှား တန်းတူညီမ ျှ ဖြန့်ဝေပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ WHO က ဦးဆောင်တဲ့ COVAX အစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် နိုင်ငံတွေဟာ အခုဆို ၁၅၀ ကျော်သွားပြီလို့ WHO က တနင်္လာနေ့ ဂျနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ဒီနိုင်ငံတွေထဲမှာ ဝင်ငွေသိပ်ကောင်းတဲ့ နိုင်ငံ ၆၄ နိုင်ငံပါဝင်ပြီး သူတို့ဟာ ဝင်ငွေနည်းပါးတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း ကိုဗစ်ရောဂါ |
သိန်း ၈၀၀ ကျော် အလွဲသုံးစားလုပ်တယ်လို့ ကျိုက်ထီးရိုး ဂေါပက စာရေး စွပ်စွဲခံရ Posted: 22 Sep 2020 05:36 AM PDT ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို တွေ့ရစဉ်Photo: Nyan Soe Win / RFAမွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ရုံးက စာရေးကြီး ဦးမြင့်သန်းက ဘုရားဘဏ္ဍာငွေကျပ်သိန်းပေါင်း ၈၆၀ ကျော်ကို အလွဲသုံးစားပြုခဲ့တယ်လို့ စွပ်စွဲခံထားရပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့ မနေ့က ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ ထိန်းသိမ်းခံလိုက်ရပါတယ်။စခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ |
ထိုင်းရောက်မြန်မာတွေ နေရပ်ပြန်မှု လျော့နည်းလာ Posted: 22 Sep 2020 05:35 AM PDT ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာသူတွေကို ၂ဝ၂ဝ စက်တင်ဘာ ၂၀ ရက်နေ့က မြဝတီ အမှတ်၂ တံတားမှာ တွေ့ရစဉ်Photo: Thant Zin Aung's FBထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ နယ်စပ်ဂိတ်ဖြတ်ကျော်ပြီး နေရပ်ပြန်နိုင်ကြပေမယ့် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု များပြားလာတာကြောင့် နေရပ်ပြန်ဖို့ တွန့်ဆုတ်လာကြပါတယ်။မဲဆောက်မြို့ ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ ဖြတ်ပြန်သူ လေးငါးရာ နေ့စဉ်ရှိခဲ့ပေမယ့် အခု |
သုဝဏ္ဏကိုဗစ်ကုသရေးဌာနကို ခုတင် ၇၇၀ ဆံ့အဖြစ် ထပ်မံတိုးချဲ့ Posted: 22 Sep 2020 05:32 AM PDT သုဝဏ္ဏအားကစားကွင်းအတွင်း ကိုဗစ်အရေးပေါ်လူနာကုသရေးဌာန စတင်တည်ဆောက် ဧရာဝတီဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုနဲ့ ငါးရက်အတွင်းအပြီး တည်ဆောက်ထားတဲ့ သုဝဏ္ဏကိုဗစ်ယာယီကုသရေးဌာနကို အခုအခါ ခုတင် ၇၇၀ ဆံ့အဖြစ် ထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ ရန်ကုန်ကိုဗစ်ကော်မတီက ဆုံးဖြတ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဧရာဝတီဖောင်ဒေးရှင်းက စက်တင်ဘာ ၂၂ မှာ ကြေညာပါတယ်။ လက်ရှိလူနာတွေ လက်ခံထားရှိ ကုသနေပြီဖြစ်တဲ့ သုဝဏ္ဏမြတ်ခင်းတုအားကစားကွင်းက ကုသ |
မြန်မာမှာ ကိုဗစ်လူနာတွေထဲ သေဆုံးသူ တစ်ရာ ရှိပြီ Posted: 22 Sep 2020 05:27 AM PDT ကပ်ရောဂါအတွက် ကျပ်ဘီလီယံ တစ်ထောင်သုံးတာဟာ သမိုင်းတလျှောက် အများဆုံးသုံးတဲ့ပမာဏ ဖြစ်ရန်ကုန်တစ်တိုင်းလုံး ကိုကိုးကျွန်းကလွဲလို့ အကျုံးဝင်တဲ့ အိမ်မှာနေဖို့ အမိန့် စတင်အသက်ဝင်တဲ့ စက်တင်ဘာ ၂၁ ရက်မှာပဲ မြန်မာနိုင်ငံ မှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်းက ခြောက်ထောင်ကျော်ခဲ့ပါပြီ။လူနာ ခြောက်ထောင်ကျော်မှာ ရန်ကုန်တစ်မြို့တည်းကပဲ လေးထောင်ခန့် ရှိပါတယ်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း |
မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၂)ဦး ရှိပြီ Posted: 22 Sep 2020 05:24 AM PDT မန္တလေးခရိုင်အတွင်း(၂၂-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၂)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။ မန္တလေးခရိုင်အတွင်းရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ အောင်မြေသာစံမြို့နယ်တွင် (၄)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် (၂၁)ဦး၊ မဟာအောင်မြေမြို့နယ်တွင် (၂၀)ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် (၈)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၄)ဦး၊ အမရပူရမြို့နယ် |
နိုင်ငံ့ဝန်ထမ်းများ လစာ (၂) လစာ ထုတ်ချေးခြင်းကို အောက်တိုဘာ (၁) ရက် စတင်မည် Posted: 22 Sep 2020 05:23 AM PDT COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအား လစာ (၂) လစာ ကြိုတင် ထုတ်ပေး၍ ဆိုင်းငံ့ကာလ (၆) လ၊ ပြန်ဆပ်ကာလ (၁) နှစ် သတ်မှတ်ကာ အတိုးမဲ့ ထုတ်ချေးခြင်းကို အောက်တိုဘာ (၁) ရက်နေ့တွင် စတင် ဆောင်ရွက်မည် ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြဲထမ်းဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် ငွေကျပ် ၅၅၄.၉၇၃ ဘီလီယံ ကို ထုတ်ချေးသွားမည် |
ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ မူဆယ် ရွှေလီ နယ်စပ်ပြန်ဖွင့် Posted: 22 Sep 2020 05:18 AM PDT တရုတ်မြန်မာနယ်စပ် ရွှေလီမြို့ရှိ နယ်စပ်စစ်ဆေးရေးဂိတ်။ (စက်တင်ဘာ ၃၀၊ ၂၀၀၇)မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် သီတင်းတပတ်ကြာ အသွားအလာ ကန့်သတ်ထားတာတွေ အဆုံးသတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ပြန်လည်စတင်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။သီတင်းတပတ်ကြာ အသွားအလာ ကန့်သတ်ထားတဲ့ တရုတ်ရွှေလီမြို့ကို မနေ့က ည |
ထိုင်းမြန်မာနယ်စပ်ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးထိခိုက် Posted: 22 Sep 2020 05:17 AM PDT မြန်မာဘက်ကိုပိုမယ့်ထိုင်းကုန်စည်များလည်းမဲဆိုင်ဘက်မှာ ပိတ်မိနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၂၊ ၂၀၂၀)ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကြား ရောဂါပြန့်ပွားမယ့် အန္တရာယ်ကို ထိန်းချုပ်တဲ့အနေနဲ့ ကန့်သတ်မှုတွေ တိုးမြှင့်လာတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ |
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုထိန်းချုပ်ရေး ရန်ကုန်အခြေစိုက် သတင်းစာတွေ ယာယီရပ်နား Posted: 22 Sep 2020 05:14 AM PDT ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းအနီးတွင် သတင်းစာဖတ်နေသူများကို တွေ့ရစဉ်။Photo: Saw Sergey Doh/RFAရန်ကုန်တိုင်းအတွင်းက ၄၅ မြို့နယ်ကို နေအိမ်မှာပဲနေဖို့ အစိုးရက ကြေညာပြီးနောက် တစ်ရက်အကြာမှာ ရန်ကုန်အခြေစိုက် သတင်းစာတွေ ယာယီရပ်နားမှုတွေ ဆက်တိုက်ရှိလာပါတယ်။ယာယီရပ်နားလိုက်တဲ့ သတင်းစာတွေထဲမှာ စံတော်ချိန်၊ 7 Day News၊ မြန်မာတိုင်းမ်နဲ့ The Voice Daily သတင်းစာတို့ပါဝင်ပါတယ်။7Day News သတင်းစာက |
ဗိုင်းရပ်စ်ကာကွယ်ဆေး အချိန်နဲ့တစ်ပြေးညီ သုံးနိုင်ဖို့ ပြင်ဆင်ထားကြောင်း အတိုင်ပင်ခံ ပြော Posted: 22 Sep 2020 05:13 AM PDT နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ စက်တင်ဘာ ၂၁ ရက်နေ့က ပြည်သူလူထုထံ မိန့်ခွန်းပြောကြားစဉ် / Photo: Myanmar State Counsellor Officeကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၊ ကုသဆေးတွေ ပေါ်ပေါက်လာပြီဆိုရင် မြန်မာနိုင်ငံအတွင်း အချိန်နဲ့ တစ်ပြေးညီ အမြန်ဆုံး ရောက်ရှိနိုင်အောင် အစိုးရက ပြင်ဆင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာလ ၂၁ ရက်နေ့ မနေ့က |
ပေါက်တောမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ လူငယ်တစ်ဦးသေဆုံး Posted: 22 Sep 2020 05:10 AM PDT နိရဥၥရာ၊ စက္တင္ဘာ ၂၂ / ၂ဝ၂ဝရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီကျော်အချိန်ခန့်က မိုးကြိုးပစ်ခံရ၍ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။သေဆုံးသွားသူမှာ စိုင်းတုတ်ကျေးရွာမှ ဦးခင်မောင်ဝင်း၏သား ကိုနေဇော်ဦး အသက် ၁၈ နှစ်ဖြစ်ပြီး ၎င်းမှာ ရွာ၏ အရှေ့ဖက် ၁ မိုင်ခန့် လယ်ကွင်းတွင် ကျွဲကျောင်းနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း စိုင်းတုတ် |
Posted: 22 Sep 2020 05:07 AM PDT ၁။ (၂၁-၉-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲအတည်ပြုလူနာ (၆၆၅) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar |
ကိုဗစ် ထိန်းချုပ်မှု ကန့်သတ်ချက်တွေနဲ့ ရန်ကုန်လူထု စိန်ခေါ်မှုများ Posted: 21 Sep 2020 12:07 PM PDT ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် ရန်ကုန်မြို့ သတင်းဓါတ်ပုံများဖြစ်ပါသည်။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားတာ တနင်္လာနေ့က စတင်အသက်ဝင်တဲ့ ရန်ကုန်တိုင်းအတွင်း ဒေသခံတွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရသလဲ။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် အိမ့်သန္တာထွန်းက ပြောပြမှာပါ။တကျော့ပြန် ရောဂါကူးစက်မှုတွေကြောင့် |
မြန်မာ ကိုဗစ်ပိုးတွေ့သူ ၆,၀၀၀ ကျော် သေဆုံးသူ ၉၈ ဦး Posted: 21 Sep 2020 12:06 PM PDT ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် ရန်ကုန်မြို့မြင်ကွင်း။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့တယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၉၈ ယောက်ရှိသွားပါပြီ။ သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့မှာ အတည်ပြုလူနာသစ်ကလည်း |
ဒဏ်ခတ် ပိတ်ဆို့ ခံထားရတဲ့ သမ္မတပူတင်နဲ့ Barclays ဘဏ် ငွေသန်းချီ ခဝါချမှု ဆက်နွှယ်နေ Posted: 21 Sep 2020 12:04 PM PDT ဗလာဒီမီယာ ပူတင်နဲ့ အာကဒီ ရိုတန်ဘာ့ဂ် တို့ ကလေးဘဝကတည်းက ခင်မင်ခဲ့ကြရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်တဲ့ အာကဒီ ရိုတန်ဘာ့ဂ်ဟာ ငွေကြေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ဖို့ ငွေမည်းတွေကို ငွေဖြူလုပ်ပြီး လန်ဒန်မြို့က Barclays ဘဏ်ကို အသုံးချခဲ့ဖွယ် ရှိတယ်လို့ ပေါက်ကြားပေါ်ထွက်လာတဲ့ အစီရင်ခံစာ ဖိုင်တွဲတွေမှာ ဖော်ပြထားပါတယ်။ဘီလျံနာ သူဌေးကြီး မစ္စတာ ရိုတန်ဘာ့ဂ်ဟာ သမ္မတပူတင်နဲ့ ငယ် |
ဟောင်ကောင်မှာ ၁၉၉၅ ခုနှစ် ကတည်းကစလို့ HSBC ရှယ်ယာတန်ဖိုး အနိမ့်ဆုံး ထိုးကျ Posted: 21 Sep 2020 12:00 PM PDT ဓာတ်ပုံ ရင်းမြစ်, Getty ImagesHSBC ဘဏ်ကြီးမှာ ငွေဖြူ ငွေမည်းတွေ ခဝါချမှုတွေ ရှိနေတယ် ဆိုတဲ့စွပ်စွဲချက်တွေ ပေါ်ထွက်နေစဉ်မှာပဲ ဟောင်ကောင်ဈေးကွက်မှာ HSBC အစုရှယ်ယာဈေးတွေ အနိမ့်ဆုံး ထိုးကျသွားခဲ့ပါတယ်။ဒီလို ငွေဖြူ ငွေမည်း ခဝါချမှုတွေ ဖြစ်နေတယ် ဆိုတာကို သိထားပြီးချိန်မှာတောင် HSBC ဘဏ်က အဲဒီလို လုပ်နေသူတွေကို ကမ္ဘာတစ်ဝန်း ဒေါ်လာသန်းပေါင်းများစွာ လွှဲခွင့်ပြုခဲ့တယ် ဆိုတာကို ပေါက်ကြား ပေါ်ထွက်လာတဲ့ |
အလုပ်အကိုင်ကြောင့် ကပ်ဘေးကာလ အိမ်မှာပဲနေဖို့ ခက်ခဲနေ Posted: 21 Sep 2020 11:56 AM PDT ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ရန်ကုန်တိုင်းထဲက မြို့နယ်တွေအားလုံးကို စက်တင်ဘာလ ၂၁ ရက်နေ့ ဒီကနေ့စပြီး နေအိမ်တွေမှာနေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်လိုက်ပေမယ့် ရန်ကုန်မြို့ထဲမှာတော့ ပြီးခဲ့တဲ့ ရက်တွေမှာ သွားလာနေကျအတိုင်း ပုံမှန်သွားလာနေကြတဲ့အပြင် အခြေခံလူတန်းစားတွေမှာလည်း စားဝတ်နေ ရေးအတွက် အလုပ်ကို ပုံမှန်လုပ်ကိုင်နေရဆဲဖြစ်ပါတယ်။ရန်ကုန်တိုင်းတစ်တိုင်းလုံးက ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင် |
“ပိုးတွေ့လူနာဆိုတာ ရေခဲတုံးကြီး ရေပေါ်ပေါ်တဲ့အပိုင်းလောက်ပဲရှိ” - ဒေါက်တာခင်ခင်ကြီး, MOHS Posted: 21 Sep 2020 11:55 AM PDT ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်မှာ COVID ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အိမ်မှာပဲနေထိုင်ကြဖို့ အမိန့်ထုတ်လိုက်တဲ့ ရန်ကုန်မှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး အရှိန်မြှင့် ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ကပ် |
နိုင်ငံတဝန်း မိုးသည်းရေကြီးလို့ လူ ၄ ဦးထက်မနည်းသေဆုံးခဲ့ Posted: 21 Sep 2020 11:51 AM PDT မိုးရွာနေချိန် နှာခေါင်းစည်းတပ် သွားလာနေသော လမ်းသွားလမ်းလာတချို့ကို ရန်ကုန်မြို့မှာတွေ့ရ။ (ဇွန် ၁၄၊ ၂၀၂၀)အပူပိုင်းမုန်တိုင်း NOUL နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးသည်းထန် ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ကြုံခဲ့ရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မိုးများပြီး |
တပ်မတော် အရာရှိစစ်သည် စုစုပေါင်း၄၅ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ Posted: 21 Sep 2020 11:46 AM PDT တပ်မတော်က ကွာရန်တင်းစင်တာတွေဖွင့်ထားကိုဗစ်-၁၉ ရောဂါမြန်မာနိုင်ငံမှာ စတင်ကူးစက်တဲ့ အချိန်ကစပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ထိ တပ်မတော် အရာရှိစစ်သည် ၄၅ ဦးမှာ ပိုးကူးစက်ခံထားရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။တပ်မတော် အရာရှိစစ်သည် မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းနဲ့ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေပါ ပေါင်းရင် စုစုပေါင်း ၁၅၀ ဝန်းကျင် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.