Thursday, September 3, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ဂျပန်ကမ်းလွန်မှာ တိုင်ဖွန်းကြောင့် သင်္ဘောသားတွေနဲ့အတူ ကုန်တင်သင်္ဘောကြီးတစီး ပျောက်ဆုံးနေ

Posted: 03 Sep 2020 06:24 AM PDT

သင်္ဘောသား တယောက်ကို ဂျပန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဂျပန်ကမ်းလွန်အနီးမှာ နစ်မြုပ်သွားပြီလို့ ယူဆရတဲ့ ကုန်တင် သင်္ဘောတစီးပေါ်က လူတဦးကို ဂျပန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်ခဲ့ပါတယ်။အဲဒီသင်္ဘောပေါ်မှာ သင်္ဘောအမှုထမ်း ၄၀ ကျော် ပါသလို ကျွဲနွားတိရစ္ဆာန် ၆၀၀၀ ကျော် ကိုလည်း တင်ဆောင်လာတာပါ။သူတို့ သင်္ဘောမှောက်သွားတယ်လို့ အသက်ကယ် ဝတ်စုံတစုံနဲ့ ပင်လယ်ထဲမျောနေခဲ့တဲ့ အဲဒီ

ကိုဗစ်ကန့်သတ်ချက် မလိုက်နာလို့ အရေးယူခံရသူ အရေအတွက်များ

Posted: 03 Sep 2020 06:08 AM PDT

ကန့်သတ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့် လှိုင်သာယာမြို့နယ်တွင် သွားလာနေကြသူတချို့။ (မေ ၁၆၊ ၂၀၂၀)COVID- 19 ရောဂါကူးစက်ခံရသူ တိုးလာတာနဲ့အမျှ ချမှတ်ထားတဲ့ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းချိုးဖောက်သူတွေကိုလည်း နေရာတော်တော်များများမှာ အရေးယူတာတွေ တိုးလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။ကပ်ရောဂါကူးစက်တွေ တိုးလာနေချိန်မှာပဲ ရောဂါကာကွယ်

မြန်မာအများစုပါ မလေးရှားပြန်ပေးဂိုဏ်း မလေးရဲတပ်ဖွဲ့နှိမ်နင်း

Posted: 03 Sep 2020 06:06 AM PDT

မလေးရှားရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်တဲ့ မြင်ကွင်း။ (စက်တင်ဘာ ၀၃၊ ၂၀၂၀)မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲ ရာဇဝတ်ဂိုဏ်းတဂိုဏ်းကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းရာမှာ အဓိကသံသယရှိသူ မြန်မာနိုင်ငံသားကို အသေပစ်ခတ် ဖမ်းဆီးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။မြန်မာနဲ့နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲ ငွေတောင်းနေတဲ့ ပြန်ပေးဂိုဏ်းဝင်တွေအဖြစ် သံသယရှိသူတွေ

ပျားဆိပ်က 'ရင်သား ကင်ဆာဆဲလ် တချို့ကို သတ်နိုင်'

Posted: 03 Sep 2020 06:03 AM PDT

ပျားရည်ထုတ်ပျားပျားက ရတဲ့ အဆိပ်ရည်ဟာ ဓာတ်ခွဲခန်းတွင်းမှာ မွေးထားတဲ့ ပွားနှုန်းမြန် ရင်သားကင်ဆာဆဲလ်မျိုးတွေကို ဖျက်ဆီးနိုင်တယ်လို့ သြစတြေးလျ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ပျားဆိပ်ထဲမှာ မယ်လစ်တင် (melittin) လို့ အမည်ရတဲ့ ဒြပ်ပေါင်းတမျိုးပါပြီး အဲဒီ ဒြပ်ပေါင်းကို ကုသရခက်ခဲတဲ့ ကင်ဆာဆဲလ် ၂ မျိုးဖြစ်တဲ့ triple-negative နဲ့ HER2-enriched ဆဲလ်မျိုးတွေကို တိုက်ခိုက်ရာမှာ ပညာရှင်တွေက အသုံးပြုခဲ့ကြပါတယ်။

ကျောက်ဖြူဆေးရုံမှာ ကိုဗစ်လူနာတွေ ပြည့်လုနီးဖြစ်၊မြို့တော်ခန်းမကို တိုးချဲ့ ဖို့ပြင်နေ

Posted: 03 Sep 2020 06:01 AM PDT

ရခိုင်ပြည်နယ်မှာ စစ်တွေပြီးရင် ကျောက်ဖြူက ဒုတိယကူးစက်မှုအများဆုံးကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု တစ်ဟုန်ထိုးမြင့်မားလာနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ကျောက်ဖြူမြို့နယ်ဟာ မြို့တော်စစ်တွေပြီးရင် ပိုးကူးစက်ခံရသူ ဒုတိယအများဆုံးအဖြစ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။လက်ရှိမှာတော့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက ကျောက်ဖြူမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း

ရှမ်းပြည်နယ် မဲစာရင်းရှင် ခုနှစ်သိန်းကျော်မှာ မှတ်ပုံတင်မရှိ

Posted: 03 Sep 2020 05:57 AM PDT

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မှာ မဲပေးဖို့ တန်းစီနေကြသူတွေကို တွေ့ရစဉ်Photo: Aung Thain Kha/RFAရှမ်းပြည်နယ် ရွေးကောက်ပွဲမှာ မဲပေးမယ့်သူ ခုနှစ်သိန်းကျော်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မရှိဘူးလို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က RFA ကိုပြောပါတယ်။တစ်ပြည်နယ်လုံး မဲပေးနိုင်သူ စုစုပေါင်း ၃၅ သိန်းကျော် ရှိတဲ့အထဲ ၂၀ ရာခိုင်နှုန်းနီးပါးက မှတ်ပုံတင် မရှိတာ

ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ

Posted: 03 Sep 2020 05:56 AM PDT

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတရုံးက တာဝန်ကနေ ရပ်စဲကြောင်း အကြောင်းကြားစာ ပို့လာတယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက RFA ကို ဒီနေ့ ပြောပါတယ်။သမ္မတရုံးရဲ့ စာမှာ အခြေခံဥပဒေပုဒ်မ ၂၆၃ ပါ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နဲ့ တိုင်း/ပြည်နယ် အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၅တို့ပါ ပြဋ္ဌာန်းချက်တွေအရ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်ကနေ

ရခိုင်တွင်မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင်ဆို

Posted: 03 Sep 2020 05:53 AM PDT

နိရဥၥရာ၊ စက္တင္ဘာ ၃/ ၂ဝ၂ဝရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်သည်။စက်တင်ဘာ ၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ရွေးကောက်ပွဲ ဆိုင်ရာသတင်းထုတ်ပြန်ရေးကိစ္စအစီအစဉ်များနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာ၏ မေးမြန်းမှုကို ဖြေဆိုရာတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်

အမ်းမြို့နယ်တွင်လူတစ်ဦးအား သုံးပိုင်းပိုင်း၍သတ်ဖြတ်ခဲ့သူများကို ၄၈ နာရီအတွင်းဖမ်းဆီးရမိဟု ရဲကဆို

Posted: 03 Sep 2020 05:51 AM PDT

နိရဥၥရာ၊ စက္တင္ဘာ ၃/ ၂ဝ၂ဝအမ်းမြို့နယ်၊ စခန်းမော်ကျေးရွာအုပ်စု၊ လူပျိုချောင်းကျေးရွာမှ လူတစ်ဦးအားသတ်ဖြတ်ခဲ့ကြသူများဟု သံသယရှိသူ လူ ၅ ဦးအား ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။ဖမ်ဆီးရမိသူများမှာ အောင်ကျော်(ခ)မောင်ပေ(၁၈)နှစ်၊ ကျော်ဌေး(၂၄)နှစ်၊ ရောင်းပိန်(၄ဝ)နှစ်၊ ငနှောင်း(၃၃) နှစ်နှင့် ဦးဆုံး(၄၅)နှစ်ဖြစ်ကာကာ အမ်းမြို့နယ်တွင် နေထိုင်သည့် ချင်းလူမျိုးများဖြစ်ကြသည်ဟု အမ်းမြို့မ ရဲစခန်းမှ ရဲ

(၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၃) ဦး တွေ့ရှိ

Posted: 03 Sep 2020 05:45 AM PDT

၁။ (၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၅၁၀)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၇၁) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၄၁) ခု၊- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၁၅) ခုနှင့်- နေပြည်တော်၊

ဘွဲ့ ရုပ်သိမ်းထားတဲ့ ကြင်ရာတော်ကို ထိုင်း ဘုရင် ပြန်လည် တင်မြှောက်

Posted: 02 Sep 2020 09:09 AM PDT

ဆီနီနတ်ဟာ ရာစုနှစ်တခုလောက်အတွင်း ပထမဆုံး တင်မြှောက်ခံခဲ့ရတဲ့ တော်ဝင်ကြင်ရာတော် ဖြစ်ထိုင်း ဘုရင်ဟာ သူ့ကြင်ရာတော်ရဲ့ ဘွဲ့ အဆောင်အယောင်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး တနှစ်နီးပါး အကြာမှာ တော်ဝင်ကြင်ရာတော်ဘွဲ့ကို ပြန်လည် အပ်နှင်းလိုက်ပါတယ်။ထိုင်းဘုရင် ဝချီရာ လောင်ကွန်းဟာ ကြင်ရာတော် ဆီနီနတ် ဝုန်ဝချီရာပါ့ခ်ရဲ့ ဘွဲ့နဲ့ ရာထူးတွေကို ဗုဒ္ဓဟူးနေ့က ပြန်လည် အပ်နှင်းခဲ့တယ်လို့ ထိုင်းတော်ဝင် ဂေဇက်မှာ ဖော်ပြထားပါ

တစ်ကျော့ပြန် ကိုဗစ်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဖို့မရှိဘူးလို့ပြော

Posted: 02 Sep 2020 09:06 AM PDT

ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက် (Standard Operating Procedure - SOP ) နှင့်အညီဆန္ဒမဲပေးခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြမြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုတွေ တစ်ကျော့ပြန်ပြီး မြင့်တက်လာမှုတွေရှိပေမဲ့လည်း လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လတ်တလော ရွှေ့ဆိုင်းဖို့မရှိဘူးလို့ ရွှေးကောက်ပွဲကော်မရှင်က ပြောခွင့်ရသူ ဦးမြင့်နိုင်က သတင်းထောက်တွေကို ပြောပါတယ်။လတ်တလော ရန်ကုန်နဲ့

ဂွမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

Posted: 02 Sep 2020 09:01 AM PDT

နိရဥၥရာ၊ စက္တင္ဘာ ၂/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးက လက်မှတ်ရေးထိုးပြီး ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ဂွမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးက "ဟုတ်ကဲ့ ကျွန်တော်တို့ ဒီနေ့ပဲ အဲဒီအမိန့်ကို ထုတ်လိုက်တာပါ။ ကျွန်တော်တို့က အဓိကကတော့ အိမ်ထဲမှာ နေစေချင်တာပေါ့။ ဒီကူးစက်ရောဂါ ဘာညာဖြစ်မှာစိုးလို့ နေအိမ်မှာ နေစေချင်လို့

ကပ်ရောဂါနဲ့ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲထိခိုက်မှာ စိုးရိမ်

Posted: 02 Sep 2020 08:59 AM PDT

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုရဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေသလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။ရွေးကောက်ပွဲတွေ ကျင်းပဖို့ လ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.