Friday, September 4, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကပ်ရောဂါကာလ စည်းကမ်းချိုးဖောက်သူ နှစ်သောင်းနီးပါးကို အရေးယူခဲ့

Posted: 04 Sep 2020 05:45 AM PDT

ရန်ကုန်မြို့လည်ခေါင်က လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦး။ကပ်ရောဂါကာလအတွင်းမှာ စည်းကမ်းမလိုက်နာသူပေါင်း (၁၉၈၉၇) ကို အရေးယူခဲ့ပြီးပြီလို့   နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။မတ်လ ၂၆ ရက်နေ့ကနေစပြီး ဒီကနေ့အထိ အရေးယူခဲ့တဲ့သူတွေထဲမှာ ကူးစက်ရောဂါ တားဆီးနှိမ်နင်းရေးဥပဒေနဲ့ အမှုပေါင်း ၉၁၄၈ မှုနဲ့ အမျိုးသား၊အမျိုးသမီးပေါင်း ၁၃၉၀၈ ယောက်၊ သဘာဝ

ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး နိုဝင်ဘာမှာထွက်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေ

Posted: 04 Sep 2020 05:43 AM PDT

အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ တခုဖြစ်တဲ့ Moderna က ကာကွယ်ဆေးတမျိုးကို ကျန်းမာရေးဝန်ထမ်း တဦးက ကိုင်ထားတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၇၊ ၂၀၂၀)နိုဝင်ဘာလမှာ အစောဆုံး ထွက်လာနိုင်တဲ့ COVID-19 ကာကွယ်ဆေး နှစ်မျိုးဟာ အလားအလာကောင်းတဲ့ နည်းစနစ်တွေကို အသုံးပြုထားပြီး ထွက်လာဖို့အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။ရောဂါပိုးအစား မျိုးဗီဇကို အခြေခံတဲ့ အဲဒီကာကွယ်ဆေးအသစ်တွေကို

ကျယ်ဂေါင်က မြန်မာကုန်ကားဂိတ်တွေအရေး တရုတ်ဘက်က ယာယီရွှေ့ဆိုင်း

Posted: 04 Sep 2020 05:41 AM PDT

တရုတ် မြန်မာနယ်စပ်ရှိ ကျယ်ဂေါင်မြို့ မြင်ကွင်း။ (စက်တင်ဘာ ၂၆၊ ၂၀၁၇)တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ဂေါင်မြို့က မြန်မာကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားတွေ အစုရှယ်ယာ မပါရင် ပိတ်ပစ်မယ့်အကြောင်း သတိပေးချက်ကို ယာယီရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံကျယ်ဂေါင်မြို့ထဲက မြန်မာကုန်စည်

AA ကို ငွေထောက်ပံ့မှုနဲ့ အမျိုးသားတစ်ဦး ထောင် ၁၅ နှစ် ကျ

Posted: 04 Sep 2020 05:39 AM PDT

ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူတွေကို ၂ဝ၁၉ သြဂုတ် ၂၃ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်Photo: Thant Zin Oo/RFAရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ကိုအောင်မျိုးဝင်းကို ရက္ခိုင့်တပ်တော် AA ကို ငွေကြေး ထောက်ပံ့မှုနဲ့  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် မနေ့ကပဲ ချမှတ်လိုက်ပါတယ်။AA ကို ထောက်ပံ့တယ်ဆိုတဲ့

AA ဟာ ငြိမ်ချမ်းရေးလိုချင်တဲ့အဖွဲ့မဟုတ်ဘူးလို့ အစိုးရပြောခွင့်ရပြောကြား

Posted: 04 Sep 2020 05:38 AM PDT

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးAA တပ်ဖွဲ့ဟာ ငြိမ်းချမ်းရေးလိုချင်တဲ့ တပ်ဖွဲ့မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ဒ့ါအပြင် လတ်တလော  ကပ်ရောဂါကာလ အတွင်းမှာ AA ဟာ နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့လည်းဆိုပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က အင်အားတိုးချဲ့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီး

တာချီလိတ်နယ်စပ် မယ်ဆိုင်ဘက်ခြမ်း ထိုင်းစစ်ဦးစီးချုပ် စစ်ဆေးကြည့်ရှု

Posted: 04 Sep 2020 05:35 AM PDT

ထိုင်းနယ်ခြားစောင့်တပ်တွေ စစ်ဆေးကြည်ရှုနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၀၄၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်နေတဲ့ ထိုင်းနိုင်ငံမှာ စစ်တပ်အကြီးအကဲ ကိုယ်တိုင် အခြေအနေတွေကို သွားရောက် စစ်ဆေးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံမှာ ကပ်ရောဂါကူး

ကျောက်တော်ဘက်ပစ်ခတ်မှု ကျေးရွာတချို့မီးလောင်ပြီး ရွာသားတွေ သေဆုံးဒဏ်ရာရ

Posted: 04 Sep 2020 05:34 AM PDT

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း သေဆုံးခဲ့သူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉)ကိုဗစ်ကပ်ဘေးသင့် ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေရာမှာ ကျေးရွာတချို့ မီးလောင်ပျက်စီးခဲ့သလို ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်မှာ မနေ့တုန်းက ပစ်ခတ်မှု

ရသေ့တောင်မြို့နယ် အမျက်တောင်အနီးတိုက်ပွဲဖြစ်၊ ရဟတ်ယာဉ်နှစ်စီးဖြင့်ပစ်ခတ်တိုက်ခိုက်

Posted: 04 Sep 2020 05:31 AM PDT

(ဓာတ်ပုံ-- ရခိုင်စစ်ပွဲအတွင်းမှ စစ်ရဟတ်ယာဉ်ဓာတ်ပုံများသာဖြစ်ပါသည်။ ယခုတိုက်ပွဲမှ ဓာတ်ပုံ မဟုတ်ပါ။)နိရဉ်စရာ၊ စကျတငျဘာ ၄/၂ဝ၂ဝရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းနယ်မြေ၊ အမျက်တောင်ကျေးရွာအနီး၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၁ဝ နာရီခွဲခန့်အချိန်တွင် တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ပြိန်းတောဒေသခံတစ်ဦးက " ဒီကနေ့ ၁ဝ နာရီလောက်

အိမ်ခြေ ၁ဝဝ ကျော်မီးရှို့ခံခဲ့ရသော ဘုရားပေါင်းရွာမှ သေဆုံးသူနှစ်ဦး၏ အလောင်း ကျောက်တော်မြို့နယ်ဆေးရုံသို့ရောက်ရှိလာ

Posted: 04 Sep 2020 05:29 AM PDT

နိရဥၥရာ၊ စက္တင္ဘာ ၄/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ ယမန်နေ့က အသတ်ခံခဲ့ရသူ နှစ်ဦး၏ အလောင်း ကျောက်တော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။သေဆုံးသွားသူ နှစ်ဦးမှာကိုမောင်မြဝင်း(၂ဝ)နှစ် (ဘ) ဦးညိုမောင်လှနှင့် ကိုခင်မောင်သိန်း(၃၅) နှစ် (ဘ) ဦးစံထွန်းလှ၏သား တို့ဖြစ်ကြောင်း သိရှိရသည်။ကျောက်တော်မြို့ပေါ်မှ အလောင်းကို ယူဆောင်ရာတွင် ပါဝင်သူ လူထု ဇော်ဝင်းက "

ပေါ့တ်လန် ပစ်ခတ်မှု သံသယရှိသူ ရဲက ပစ်ခတ်လို့ သေဆုံး

Posted: 04 Sep 2020 05:26 AM PDT

ဝါရှင်တန်ပြည်နယ် ဆီယယ်တဲလ်မြို့တောင်ပိုင်းက လေဆီမြို့မှာ မိုက်ကယ် ရိုင်နယ်လ်ကို ရဲတွေက ပစ်သတ်ခဲ့တယ်လို့ သတင်းတွေကဆိုအိုရီဂွန်ပြည်နယ်က ဆန္ဒပြမှုတွေအတွင်း လက်ယာဝါဒီ တက်ကြွလှုပ်ရှားသူတစ်ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုမှာ သံသယရှိသူ အသက် ၄၈ နှစ်အရွယ် မိုက်ကယ် ရိုင်နယ်လ် ဆိုသူကို လေဆီမြို့ရဲတွေက ပစ်သတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်း တင်းမာမှုတွေအတွင်း သမ္မတ ထရမ့်

ကိုဗစ်ကြောင့် သေဆုံးသူတစ်ဦးထပ်တိုး၊ ICU မှာကုသနေရသူ ၅ဦးရှိနေ

Posted: 04 Sep 2020 05:23 AM PDT

stay at home ကြေညာထားတဲ့မြို့နယ်တွေမှာ အဝင်အထွက်ကန့်သတ်တာတွေရှိလာမြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တစ်ထောင်ကျော်ရှိလာချိန်မှာ အတည်ပြုလူနာအမှတ် ၁၀၂၃ ဟာ စက်တင်ဘာ ၃ ရက် ညပိုင်းမှာ သေဆုံးသွားခဲ့တဲ့အတွက် ကိုဗစ်ကြောင့် သေဆုံးသူဦးရေဟာ ၇ ဦးရှိလာခဲ့ပြီဖြစ်ပါတယ်။ဝေဘာဂီအထူးကုဆေးရုံမှာတက်ရောက်ကုသနေတဲ့ အသက် ၄၆နှစ်အရွယ် အရေပြားလေးဘက်နာရောဂါအခံရှိသူ အမျိုးသမီးလူနာ အမှတ်၁၀၂၃ ဟာ ကိုဗစ်ကြောင့် နောက်ဆုံးအဆင့်

ရန်ကုန်တိုင်းမှာ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူအရေအတွက် ခန့်မှန်းချက်ထက် ပိုများနိုင်

Posted: 03 Sep 2020 07:28 PM PDT

၂၀၂၀ မတ်လလ ၂၆ ရက်နေ့က အလုပ်ရုံပိတ်သွားတာကြောင့် အလုပ်သမားများ ဆန္ဒပြစဉ်ကိုဗစ်ကပ်ရောဂါကာလ ရန်ကုန်တိုင်းအတွင်း စက်ရုံပေါင်း ၁၇၀ ကျော်နဲ့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ အလုပ်သမား ၄ သောင်းကျော် ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပေမဲ့ လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။ကပ်ရောဂါ ကြုံ

ရာထူးကဖယ်ရှားခံရတဲ့ ကယားဝန်ကြီးချုပ်နဲ့ သီးခြားဆက်သွယ်မေးမြန်းချက်

Posted: 03 Sep 2020 07:26 PM PDT

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို။ (ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး)ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်က ရပ်စဲလိုက်တဲ့အကြောင်း သမ္မတဦးဝင်းမြင့်က ဒီကနေ့ အမိန့်ထုတ်ပြန်ပါတယ်။ ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံက ဝန်ကြီးချုပ်ကို ရာထူးကရပ်စဲဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သမ္မတရဲ့ အခုအမိန့်ထွက်လာတာပါ။ဦးအယ်လ်ဖောင်းရှိုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (

ကယားပြည်နယ်ဝန်ကြီးချုပ်ကို အာဃာတနဲ့ ဝိုင်းဖြုတ်ချတာလို့ NLD ထုတ်ပြန်

Posted: 03 Sep 2020 07:22 PM PDT

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ငွေကြေးအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ပြည်နယ်လွှတ်တော်က ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတခုသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီနေ့ညပိုင်းမှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟာ လာမယ့်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ထပ်အရွေးမခံရတာ

(၄-၉-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂) ဦးတွေ့ရှိ

Posted: 03 Sep 2020 07:19 PM PDT

၁။     (၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၃၂၇) ခုနှင့်- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၄၀) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ • COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂) ဦးတွေ့ရှိပါသည်။၂။    (၄-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ အောက်တိုဘာမှာကြေညာမယ်

Posted: 03 Sep 2020 09:54 AM PDT

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၅)ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ရွေးကောက်ပွဲရက်ကို လတ်တလော ရွှေ့ဆိုင်းဖို့မရှိသေးပေမဲ့ စစ်ပွဲတွေကြောင့် နယ်မြေဒေသတချို့မှာတော့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ COVID 19 ရောဂါကူးစက်မှု

ကိုဗစ်ထိန်းချုပ်ရေး ဒေသအသီးသီးမှာ ကန့်သတ်ချက်တွေချမှတ်

Posted: 03 Sep 2020 09:52 AM PDT

နှာခေါင်းစည်းတပ်ထားပြီး စက်ဘီးစီးသူတချို့ကို မန္တလေးမြို့မှာတွေ့ရ။ (ဧပြီ ၀၇၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတဲ့အတွက် နေပြည်တော်နဲ့ ရန်ကုန်အပါအဝင် နေရာတော်တော်များများမှာ ခရီးသွားလာမှုတွေကို ပိုမိုတင်းကြပ်လာနေပြီး စောင့်ကြည့်တဲ့ အစီအစဉ်တွေကိုလည်း တိုးမြှင့်ထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ အစိုးရ

(၃-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၃) ဦး တွေ့ရှိ

Posted: 03 Sep 2020 09:50 AM PDT

၁။ (၃-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၃၁)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၁၄၅) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၈၁) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၉၄) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.