Monday, September 7, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကော့မှူးမြို့နယ်အတွင်း ပိုးတွေ့လူနာတွေရှိလာ

Posted: 07 Sep 2020 08:18 AM PDT

ကော့မှူးမြို့ကို တွေ့ရစဉ်ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်မှာတွေ့ခဲ့တဲ့ ပိုးတွေ့လူနာနဲ့ ဆက်စပ်ခဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရာကနေ ကော့မှူးမြို့နယ်မှာ ပိုးတွေ့လူနာ သုံးဦးခန့် ရှိလာပါတယ်။အသက် ၆၄ နှစ်အရွယ် ကော့မှူးမြို့နယ်၊ NLD ပါတီဥက္ကဋ္ဌ တစ်ဦး၊ အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်အရွယ် NLD ပါတီဝင် နှစ်ဦးတို့မှာ ရောဂါပိုးတွေ့ရှိတာဖြစ်တယ်လို့ ကော့မှူးမြို့ခံတစ်ဦးဖြစ်တဲ့

ကျန်းမာရေးဝန်ကြီးက ခွင့်မပြုလို့ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးစဉ် ဖျက်သိမ်း

Posted: 07 Sep 2020 08:16 AM PDT

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့က ပြည်သူလူထုနဲ့ ၂၀၁၅၊ အောက်တိုဘာ ၂၄ ရက်နေ့က တွေ့ဆုံခဲ့စဉ်ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို စက်တင်ဘာလ ၈ ရက်နေ့ မနက်ဖြန်မှာ သွားရောက်ဖို့ စီစဉ်ထားတာကို ကျန်းမာရေးဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံ့နေမှုတွေကြောင့် သွားခွင့် မပြုလို့ ခရီးစဉ်ဖျက်လိုက်ကြောင်း ဒီနေ့ မနက် အွန်လိုင်း

ပေါက်တောမှာ ၁၅ ဦး ပိုးထပ်တွေ့ပြီး ဆေးရုံမှာကိုဗစ် လူနာတွေနဲ့ပြည့်

Posted: 07 Sep 2020 08:15 AM PDT

ပေါက်တောမှာ ၁၅ ဦး ပိုးထပ်တွေ့ရခိုင်ပြည်နယ် စစ်တွေမြို အရှေ့မြောက်ဘက် ၁၅မိုင် ခန့်အကွာ ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ ပေါက်တောမြို့မှာ စက်တင်ဘာလ ၆ ရက်နေ့က ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၅ ဦးထပ်တိုးလာတဲ့အတွက် ဆေးရုံမှာ လူနာတွေပြည့်နေပြီလို့ ဒေသခံတွေဆီကနေ တစ်ဆင့် သိရပါတယ် ။ပေါက်တော ဆေးရုံဟာ ခုတင် ၂၅ ခုတင်ဆန့်ဖြစ်ပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့ ထပ်တိုးလူနာ တွေကြောင့် ကိုဗစ်လူနာ ၃၅ ဦးအထိရှိလာနေပြီ

မြန်မာ ကိုဗစ်စည်းမျဉ်းတချို့ ပြောင်းလဲသတ်မှတ်

Posted: 07 Sep 2020 08:08 AM PDT

ရန်ကုန်မြို့ရှိ လမ်းတခုအတွင်းတွင် အမျိုးသမီးတဦးကို ကိုယ်အပူချိန် တိုင်းပေးနေတဲ့ ဝန်ထမ်းတဦး။ (မတ် ၂၁၊ ၂၀၂၀)COVID- 19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်နဲ့ အသွားအလာ ကန့်သတ်ခံထားရသူတွေအပေါ် ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေကို ပြောင်းလဲလိုက်ပြီးတော့ မဲဆွယ်စည်းရုံးရေးကာလမှာ ပြည်သူတွေရောဂါကာကွယ်ရေး စည်းမျဉ်းတွေဆက်ပြီး လိုက်နာဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူက သတိပေးထားတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာ

ပြည်တွင်းပိုးတွေ့လူနာတိုးလာတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံ သတိပေး

Posted: 07 Sep 2020 08:06 AM PDT

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Aung San Suu Kyi's Official Facebook - စက်တင်ဘာ ၀၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုက စံချိန်တင် မြင့်တက်လာနေပြီး ကိုဗစ်ရောဂါ နှိမ်နင်းရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ဒီနေ့အွန်လိုင်းဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံ၏ ပုဂ္ဂိုလ်က ပြောဆိုလိုက်တဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း

(၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိ

Posted: 07 Sep 2020 08:03 AM PDT

၁။ (၇-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၆၅၆)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၁၃၉) ခု- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ဓာတ်ခွဲနမူနာ (၁၅၁) ခု၊- စုစုပေါင်း (၁,၁၇၀)ခု အား ယနေ့၊ ညနေတွင် စစ်ဆေး

ရွေးကောက်ပွဲကာလ စုဝေးဟောပြောခွင့်ကို လူဦးရေ ၅၀ အထိ ခွင့်ပြု

Posted: 07 Sep 2020 08:00 AM PDT

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌနဲ့ ပြည်သူလူထု ၂၀၁၅၊ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံစဉ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းကို မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူဦးရေ ၅၀ အထိ စုဝေးဟောပြောခွင့် ပြုလိုက်ပါတယ်။တဆက်တည်းမှာပဲ ကျန်းမာရေးဝန်ကြီးဌာနက ကပ်ဘေးကာလအတွင်း လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတဲ့

မဲဆွယ်စည်းရုံးခွင့် စက်တင်ဘာ ၈ ရက်နေ့ စတင်နိုင်ကြောင်း UEC ထုတ်ပြန်

Posted: 06 Sep 2020 03:14 PM PDT

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၂၀၁၅ အောက်တိုဘာ ၂၈ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့စဉ်) ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) က ဒီကနေ့ ထုတ်ပြန်ပါတယ်။မဲဆွယ်ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး စက်တင်ဘာလ ၈ ရက်နေ့ မနက် ၆ နာရီကနေ  နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိ

အိန္ဒိယ ကိုဗစ်ကူးစက်မှု ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာနိုင်

Posted: 06 Sep 2020 09:16 AM PDT

မွမ်ဘိုင်းမြို့မှာ ဒေသခံတွေကို COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၅၊ ၂၀၂၀)အိန္ဒိယနိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ တရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀,၀၀၀ ကျော် စံချိန်တင်ခဲ့တယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ တရက်တာကူးစက်မှုနှုန်း အများဆုံးလည်း ဖြစ်ပါတယ်။Johns Hopkins တက္ကသိုလ် စာရင်းတွေအရ အခုလက်ရှိ အိန္ဒိယမှာ ကူး

ကိုဗစ် ကန်သေဆုံးမှု နှစ်ကုန်မှာ ၄ သိန်းကျော်အထိ ဖြစ်လာနိုင်

Posted: 06 Sep 2020 09:15 AM PDT

လော့စ်အိန်ဂျလိစ်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ တန်းစီ စောင့်ဆိုင်းနေသူများ။ (သြဂုတ် ၁၀၊ ၂၀၂၀)COVID-19 ကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရောက်မှာ အမေရိကန်ပြည်သူ ၄၁၀,၀၀၀ ကျော် သေဆုံးနိုင်ကြောင်း အမေရိကန်နိုင်ငံ​ George Washington တက္ကသိုလ် ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်း တိုင်းတာအကဲဖြတ်ရေးဌာနက ခန့်မှန်း တွက်ချက်ထားပါတယ်။​မနေ့ စနေနေ့အထိ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ

မြေဂရန်အတုအမှုကို အစိုးရ ကူညီဖြေရှင်းပေးဖို့ မန္တလေးမှာ တောင်းဆို

Posted: 06 Sep 2020 09:12 AM PDT

မန္တလေးမြို့မှာ သွားလာနေသူအချို့ကို တွေ့ရစဉ်မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတချို့ အပြင်းပွားမြေယာကိစ္စတွေမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး တိုင်းကြားတာတွေရှိတာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ မြေယာမှားယွင်းဝယ်သူတွေကလည်း တရားမျှတမှုရှိအောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က ဂရန်အတုနဲ့ ရောင်းချတဲ့ မြေယာမှားယွင်းဝယ်ယူမိရာကနေ

နာဗာ့နီ အခတ်ခံရတဲ့ နိုဗီချော့အဆိပ်က ဘယ်လို ထိခိုက်တတ်သလဲ

Posted: 06 Sep 2020 09:10 AM PDT

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇေ နာဗာ့နီကို ဂျာမနီမှာ ကုသဖို့ ခေါ်ယူထားပြီး လက်ရှိအချိန်အထိ သတိလစ်မေ့မျောနေဆဲဖြစ်ဂျာမနီနိုင်ငံကို ဆေးကုသဖို့ လေယာဉ်ပျံနဲ့ အရေးပေါ်တင်လာရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇေ နာဗာ့နီဟာ နိုဗီချော့ ဓာတုအဆိပ် အခတ်ခံ ထားရတာ ဖြစ်ကြောင်း ဂျာမနီအစိုးရက ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ပြီးခဲ့တဲ့လက ရုရှားပြည်တွင်း ဆိုက်ဘေးရီးယားဒေသ လေကြောင်းခရီးစဉ်တစ်ခုမှာ ရုတ်တရက် နာမကျန်းဖြစ်

မြန်မာကိုဗစ်အတည်ပြု ၁၀၀ ထပ်တိုးပြီး သေဆုံးသူ ၈ ဦးရှိလာ

Posted: 06 Sep 2020 09:03 AM PDT

ရန်ကုန်မြို့မှာ အိမ်တိုင်ရာရောက် COVID-19 စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၇၊ ၂၀၂၀)မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၆ ရက် ည ၈ နာရီ ထုတ်ပြန်ကြေညာချက်အရ COVID-19 လူနာသစ် အယောက် ၁၀၀ ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၁,၄၁၉ ဦး ရှိပါတယ်။စက်တင်ဘာလ ၆ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၀၂၀ ခုကို စစ်ဆေးခဲ့ပြီး အခုလို အယောက် ၁၀၀ အတည်ပြုလိုက်တာပါ။ဓာတ်ခွဲ

ရွေးကောက်ပွဲ ဆိုင်းဘုတ်တင်ပွဲမှာ လူစုလူဝေးမလုပ်ဖို့ ဒေါ်စု တိုက်တွန်း

Posted: 06 Sep 2020 09:01 AM PDT

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အခြေအနေကြောင့် အသွားအလာ ကန့်သတ်ချက်တွေကို လိုက်နာတဲ့အနေနဲ့ လူစုလူဝေး မလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တာဘာ ၈ ရက် လာ

မန္တလေးတိုင်းကို ရခိုင်နဲ့ ရန်ကုန်ကလာသူတွေ အသွားအလာကန့်သတ် စောင့်ကြည့်ခံရမည်

Posted: 06 Sep 2020 09:00 AM PDT

မန္တလေးမြို့အလယ် တစ်နေရာကို တွေ့ရစဉ်ဓာတ်ပုံ - ခေမဏီဝင်း/ RFAမန္တလေးတိုင်းကို လာရောက်သူတွေနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ပြန်လည်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ လုပ်သွားမယ့်အပြင် ဆေးစစ်ဖို့ ကုန်ကျစရိတ်ကိုလည်း ကာယကံရှင်က ကျခံရမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။မည်သူမဆို ဓာတ်ခွဲစစ်ဆေးဖို့အတွက် ကုန်ကျမယ့်စရိတ်နဲ့ စောင့်ကြည့် ကာလဝင်နေချိန်မှာ ကုန်ကျမယ့်စရိတ်တွေ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်မှာ နေထိုင်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Posted: 06 Sep 2020 08:58 AM PDT

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) ကို တွေ့ရစဉ်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ် သာလမ်းက ခြံအမှတ် (၅၄) မှာ နေထိုင်သူ တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

မြန်မာနိုင်ငံမှာ တစ်ရက်တည်း ကိုဗစ်လူနာ ၁၆၆ ဦး ထပ်တိုး အတည်ပြုလူ ၁၄၀၀ ကျော်လာ

Posted: 06 Sep 2020 08:52 AM PDT

ရန်ကုန်နဲ ရခိုင်မှာ ကူးစက်မှု အများဆုံးဖြစ်နေစက်တင်ဘာလ၆ ရက်နေ့မှာ တစ်ရက်တည်းပိုးတွေ့သူ ၁၆၆ဦးရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စစ်ပိုးတွေ့သူ အတည်ပြုလူနာ ၁၄၁၉ ဦး အထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်တွေ အရသိရပါတယ်။စက်တင်ဘာ ၆ ရက်နေ့ နေ့လယ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ၆၆ ဦး အတည်ပြုလူနာအဖြစ်ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့ ည၈နာရီမှာ အတည်ပြု

စစ်တွေကို ကူဖို့လာတဲ့ စေတနာ့ဝန်ထမ်း ၇ ဦး ကွာရန်တင်း ဝင်နေရ

Posted: 06 Sep 2020 08:48 AM PDT

စစ်တွေဆေးရုံမှာ ကိုဗစ်ရောဂါ ကုသနေသူ ၂၆၀ ကျော်ရှိရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ရောဂါကုသရေး အကူအညီပေးဖို့ စေတနာ့ ဝန်ထမ်း တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာခဲ့ကြတဲ့ ဆေးဝန်ထမ်း ၇ ဦးဟာ ကွာရန်တင်း ဝင်နေကြရတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဘီဘီစီကို ပြောပါတယ်၊အဲ့ဒီ ၇ ဦးဟာ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို လေကြောင်းနဲ့ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပြီး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.