Sunday, October 11, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကမ္ဘာတဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ၃ သိန်းခွဲကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့

Posted: 10 Oct 2020 04:57 PM PDT

စပိန်နိုင်ငံမှာ COVID-19 လူနာတဦးကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၉၊ ၂၀၂၀)ကမ္ဘာတဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ၃ သိန်းခွဲကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။အခုလို COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်နေပေမယ့်လည်း ဒါနဲ့ပတ်သက်ပြီး နောက်ထပ် အသစ်ထပ်ဖြေဆိုစရာ မရှိဘဲ အစိုးရတွေအနေနဲ့ ဗိုင်းရပ်ကူးစက်မှု အန္တရာယ် အကျ

ရခိုင် ပုဏ္ဏားကျွန်းမှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတဦး သေဆုံး

Posted: 10 Oct 2020 09:16 AM PDT

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ မိသားစုတစု။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၈)ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဗန့်ဘွေးရွာသူ ၃ ဦး မနေ့ သောကြာနေ့ မွန်းလွဲ

ကျောက်မဲမှာ လက်နက်ကြီးကျည်ကျလို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

Posted: 10 Oct 2020 09:14 AM PDT

 ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာမှာ လက်နက်ကြီးကျပြီး ပျက်စီးသွားခဲ့တဲ့ နေအိမ်တစ်လုံးကို တွေ့ရစဉ် / ဓာတ်ပုံ - ကံသာ/ RFAကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ မနေ့က ညပိုင်းက ရွာထဲကအိမ်တွေအပေါ် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ည ခုနှစ်နာရီခွဲနဲ့ ရှစ်နာရီလောက်မှာ သေနတ်အသံတွေကို အရင်ကြားရပြီးနောက်ပိုင်းမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ဆိုသလို

မကွေးတိုင်းမှာ ကိုဗစ်ထိန်းဖို့ နေရပ်ပြန်တွေကို စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်နေ

Posted: 10 Oct 2020 09:13 AM PDT

မကွေးတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့နှုန်းများလာတဲ့အတွက် တခြားတိုင်းနဲ့ပြည်နယ်တွေက ပြန်လာတဲ့သူတွေ သီးခြားခွဲနေထိုင်ဖို့ ဆိုတဲ့ညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့ လိုသလို၊ အဲဒီလူတွေကို စနစ်တကျကူညီဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။မကွေးတိုင်းတခုလုံး (၁၇) မြို့နယ်မှာ ပိုးတွေ့လူနာစုစုပေါင်း (၁၄၀) ကျော်နေပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မနေ့က တရက်တည်းမှာတင် မကွေးတိုင်းမှာ ပိုး

မလေးရှားရောက်မြန်မာတွေ ကြိုတင်မဲပေးခွင့်ရဖို့ ပရဟိတအဖွဲ့တွေကူညီ

Posted: 10 Oct 2020 09:10 AM PDT

မလေးရှားရောက်မြန်မာတွေ ကြိုတင်မဲပေး၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးတာကို မလေးရှားနိုင်ငံမှာ ဒီနေ့စတင်ခဲ့ပြီး သူတို့အစိုးရရဲ့ ကိုဗစ်ကပ်ရောဂါ စည်းကမ်းချက် တွေကြားက မြန်မာနိုင်ငံသားတွေ အလွယ်တကူ မဲပေးနိုင်အောင် ပရဟိတအဖွဲ့တွေ ဝိုင်းဝန်းကူညီခဲ့ရတဲ့ သတင်းကို ကိုဇော်ထက် တင်ဆက်ပေးမှာပါ။မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှာ အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးတာကို အောက်တိုဘာ ၉ ရက်

ရန်ကုန်ဆေးရုံတချို့ ကိုဗစ်အထူးကုသဌာနအဖြစ် ပြောင်းလဲ

Posted: 10 Oct 2020 09:09 AM PDT

ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 သံသယလူနာ ရှာဖွေရေး လုပ်ဆောင်နေတဲ့ PPE ဝတ်စုံပြည့်ဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ တနေ့ကို သံသယရှိသူ လူတသောင်းခွဲဝန်းကျင်အထိ ဓာတ်ခွဲနမူနာယူ စမ်းသပ်နေပြီး COVID-19 ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူက တနေ့ကို တထောင်ကျော်အထိ တိုးလာနေပါတယ်။ ဒီအတွက်လည်း ရန်ကုန်မြို့က ဆေးရုံတချို့ကို ကိုဗစ်ကုသရေးဌာနတွေအဖြစ် ပြောင်းလဲ ဖွင့်လှစ်နေပါတယ်။

ကိုဗစ် - စစ်တွေမြို့တွင်း အပြင်ထွက်ခွင့်ကတ်တွေ စစ်ဆေး

Posted: 10 Oct 2020 09:07 AM PDT

မြို့တွင်း လူသွားလူလာများတဲ့နေရာတွေမှာ မနက် ၈ နာရီကနေ ညနေ ၄ နာရီလောက်ထိ စစ်ဆေးကိုဗစ် ကူးစက်မှု မြင့်မားနေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ အပြင်ထွက်သွားလာနေသူတွေကို အပြင် ထွက်ခွင့်ကတ်ပြားနဲ့ ထောက်ခံစာတွေ ပါမပါ စစ်ဆေးနေပါတယ်။မြို့တွင်းသွားလာနေသူတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ ထုတ်ပေးထားတဲ့ ကတ်ပြားတွေ၊ ထောက်ခံစာတွေ မပါရင် လူတစ်ဦးကို ဒဏ်ငွေကျပ် တစ်သောင်းစီ သတ်မှတ်ထားရှိပြီး အဲ့ဒီဒဏ်ငွေကို

မြန်မာစစ်တပ်နဲ့ ဆက်စပ်နေသူတွေ ကိုင်တွယ်တဲ့ ဖေ့ဘွတ်ခ် အကောင့်တွေ ဖယ်ရှားခံရ

Posted: 10 Oct 2020 09:04 AM PDT

ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေမြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြီး စစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်မှုရှိသူတွေ ကိုင်တွယ်တယ်လို့ဆိုတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွေနဲ့ အကောင့်တချို့ကို ဖေ့ဘွတ်ခ် ကုမ္ပဏီဘက်က ဖယ်ရှားလိုက်ပါတယ်။ဖေ့ဘွတ်ခ်ကုမ္ပဏီဘက်က ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မူဝါဒတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး

ဝါရှင်တန်ဒီစီ မြန်မာသံရုံး ကြိုတင်မဲပေးပွဲ

Posted: 10 Oct 2020 09:02 AM PDT

ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ကြိုတင်မဲလာပေးသူတချို့။ (အောက်တိုဘာ ၁၀၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ မြန်မာသံရုံးမှာ ဒီနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးကြမှာ ဖြစ်ပါတယ်။ ဒီ မြန်မာသံရုံးမှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ မဲပေးကြရမှာပါ။ ကိုရိုနာကပ်ရောဂါကာလလည်း ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့ စည်းကမ်းတွေဖြစ်တဲ့ မျက်နှာဖုံးတပ်တာ၊ လူ

ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့ အကြောင်းမရှိ (UEC)

Posted: 10 Oct 2020 08:59 AM PDT

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ တလ ဘဲလိုပါတော့တယ်။ COVID-19 ကပ်ရောဂါ ကာလမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို စိတ်ချလုံခြုံစွာ အထမြောက်အောင် ကျင်းပနိုင်ပါ့မလား ဆိုတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို VOA က သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။ဆက်သွယ်မေးမြန်းချက်ထဲက အရေးကြီးတဲ့ အချက်တချို့ကို ဒေါ်ခင်စိုးဝင်းက ကောက်နှုတ်တင်ဆက်ပေးပါ့မယ်။ဒေါ်ခင်စိုး

နမ့်ခမ်းမြို့နယ်အတွင်း ခဲယမ်းများသိမ်းဆည်းရမိ

Posted: 10 Oct 2020 08:57 AM PDT

သျှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း ယနေ့(အောက်တိုဘာ ၁၀)ရက် မနက် ၇နာရီတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ယနေ့ မနက်ပိုင်းတွင်  မုံးဝီးကျေးရွာ အနီးတွင်  ပန်ရှောကျေးရွာဘက်မှ မန်ဆက်ကျေးရွာဘက်သို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၁ စီးအားတွေ့ရှိသဖြင့် စစ်ဆေးရန်ရပ်တန့်စေခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်အား ရပ်တန့်၍ လျှိုအတွင်းဝင်ရောက် ထွက်ပြေးသွားခဲ့ကြောင်း

အသေးစားငွေချေးလုပ်ငန်းတွေ ကပ်ဘေးမှာ အခက်တွေ့

Posted: 10 Oct 2020 08:55 AM PDT

အသေးစားချေးငွေလုပ်ငန်းတွေကနေ ငွေချေးယူသူအများစု ကိုဗစ်ကာလမှာ ပြန်ဆပ်နိုင်ဖို့ အခက်ခဲတွေ ဖြစ်နေပါတယ်။ ပြန်ဆပ်နိုင်ဖို့အတွက် အချိန်ကာလကို ဒီဇင်ဘာလောက်အထိ ရွှေ့ဆိုင်းပေးစေချင်တယ်လို့လည်း ပြောကြပါတယ်။မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အတော်များများမှာ အသေးစားချေးငွေလုပ်ငန်းကနေ ငွေချေးယူထားသူအများစုဟာ အခုချိန်မှာ စီးပွားရေးအခက်ခဲဖြစ်တာ၊ အရောင်းအဝယ်ကျဆင်းတာ၊ အလုပ်အဆင်မပြေတာတွေကြောင့် ချေးငွေတွေ ပြန်ဆပ်ဖို့

UEC ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ဖြစ်၊ အစိုးရက အမိန့်ပေးတာမရှိဘူးလို့ သမ္မတရုံးပြော

Posted: 10 Oct 2020 08:53 AM PDT

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အစိုးရနဲ့ အာဏာရပါတီရဲ့ လက်အောက်ခံလိုဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်ဘူးလို့ ဝေဖန်မှုတွေရှိတဲ့အပေါ် အစိုးရအနေနဲ့ ကော်မရှင်ကို အမိန့်ပေး ခိုင်းစေတာ၊ ညွှန်ကြားတာမျိုးတွေ ရှိပါသလားလို့ ဒီနေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ RFA သတင်းဌာနက မေးမြန်းခဲ့ပါတယ်။သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သီးခြားလွတ်လပ်တဲ့

အမ်းမြို့နယ်တွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူရန်သွားသည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဝိုင်းဖွဲ့ရိုက်နှက်ခံရ

Posted: 10 Oct 2020 08:51 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၁ဝ/ ၂ဝ၂ဝအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ အမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရင်အား ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူရန်သွားစဉ် လူငယ်အချို့က ဝိုင်းဖွဲ့ရိုက်နှက်ခဲ့ကြောင်း ကာယကံရှင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က အမ်းမြို့နယ်၊ ဖက်ချောင်းအုပ်စု၊ ကာပူကျေးရွာသို့ NLD ပါတီအောင်နိုင်ရေး

ပျောက်ဆုံးနေသည့် မြောက်ဦးမှ လဝကဝန်ထမ်းကို ကြိုးဆွဲချ၍တွေ့

Posted: 10 Oct 2020 08:49 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၁ဝ / ၂ဝ၂ဝအောက်တိုဘာလ ၇ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် မြောက်ဦးမြို့မှ လဝက ဝန်ထမ်းတစ်ဦးဖြစ်သူ  ကိုကျော်လင်းခိုင် (၃၇) နှစ်၏ အလောင်းအား ယနေ့ကြိုးဆွဲချ၍ တွေ့ရှိခဲ့ရသည်ဟု မိသားစုများက အတည်ပြု ပြောကြားသည်။  သူ၏ အလောင်းအား အောက်တိုဘာ ၉ ရက် နေ့လယ်  ၁၂ နာရီအချိန်ခန့်က ရတနာ့မာရ်အောင်ဘုရား နောက်ဖက်လမ်းရှိ ဗားမိဗားကရား ဂူဘက်သို့ သွားသည့်လမ်းတွင် တွေ့ရှိခဲ့သည်ဟု မိသားစုများက ပြောသည်။ဇနီး

ပွင့်ဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပြီး လူတစ်ဦး သေဆုံး

Posted: 10 Oct 2020 08:47 AM PDT

ပွင့်ဖြူ       အောက်တိုဘာ       ၁၀ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်စံပြကျေးရွာတွင် အောက်တိုဘာ ၁၀ ရက် နံနက် ၅ နာရီ ခန့်က အဆိုပါကျေးရွာနေ ဦးလှမောင် အသက်(၇၂)နှစ် (စိတ်ကျန်းမာရေးချို့ယွင်းသူ) သည်  မီးဖိုချောင်အတွင်း မီးမွှေးရာမှ အနီးရှိ ထရံအကာအား မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ဦးလှမောင်မှာ‌ နေအိမ်ပြင်ပသို့ ထွက်မပြေးနိုင်ဘဲ မီးလောင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ပွင့်ဖြူမြို့နယ်

(၁၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၂,၁၅၈)ဦး တွေ့ရှိ

Posted: 10 Oct 2020 08:46 AM PDT

(၉-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၀-၁၀-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀) နာရီ အတွင်းဓာတ်ခွဲနမူနာ စုစုပေါင်း (၁၆,၃၁၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၂,၁၅၈)ဦး တွေ့ရှိရပါသည်။ Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmara

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.