Monday, October 12, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ရန်ကုန်တိုင်းတွင်း ရောဂါပိုးထိန်းချုပ်နိုင်မှုမရသေး - ဒေါက်တာဇော်ဝေစိုး

Posted: 12 Oct 2020 08:08 AM PDT

ရန်ကုန်မြို့ရှိ လမ်းတခုတွင် တွေ့ရတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတစ်ဦး။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုနဲ့ ကူးစက်မှုတွေ စံချိန်တင် တိုးလာနေတာကြောင့် ထိန်းချုပ်နိုင်အောင် ကျန်းမာရေးတာဝန်ရှိသူတွေ အရှိန်မြှင့်ဆောင်ရွက်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ကိုဗစ်ပိုးတွေ့လူနာ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ အတည်ပြုလူနာတွေကို

မြို့အဝင်အထွက်စည်းမျဉ်း တပြေးညီမရှိတာကြောင့် ကုန်စည်ပို့ဆောင်ရေးနှောင့်နှေး

Posted: 12 Oct 2020 08:06 AM PDT

ရှမ်းပြည်နယ် မူဆယ်မြို့မှာ တွေ့ရတဲ့ ကုန်တင်ကားတချို့။ (ဧပြီ ၂၀၊ ၂၀၂၀)ကပ်ရောဂါကာလ တမြို့ဝင်တမြို့ထွက် ကုန်တင်နေတဲ့ ကုန်ကားမောင်းသူတွေအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ တသမတ်တည်း မရှိတာကြောင့် ကုန်စည်ပို့ဆောင်ရေးမှာ အခက်အခဲဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။ကိုဗစ်ရောဂါကာကွယ်ဖို့ ပြည်နယ်နဲ့ တိုင်းအသီးသီးရဲ့ လုပ်ဆောင်ချက်တွေဟာ တပြေး

တောင်ကုတ်မြို့တွင် စကောတီးပြီးမကောင်းဆိုးဝါးနှင်ထုတ်ခဲ့သည့် အဒေါ်နှင့်တူဖြစ်သူတို့ရဲစခန်းတွင် တစ်ညထိန်းသိမ်းခံရ

Posted: 12 Oct 2020 08:03 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၁၂/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်တွင် ယမန်နေ့ ည ၉ နာရီခန့်က စကောတီး၍ မကောင်းဆိုးဝါးများကို နှင်ထုတ်ခဲ့သည့် အဒေါ်ဖြစ်သူနှင့်တူဖြစ်သူတို့ နှစ်ဦးကို ရဲက ဆူပူမှုဖြင့် ဖမ်းဆီးခဲ့ပြီး တစ်ညထိန်းသိမ်းခံခဲ့ရသည်ဟု သတင်းရရှိသည်။ဖမ်းဆီးခံရသူများမှာ ဒေါ်ခင်ဝင်းကြည်(၄၉) နှစ်နှင့် သူမ၏ တူဖြစ်သူ ကိုမောင်ဖြူ(၂ဝ)နှစ်တို့ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့မှ ဆူပူမှုဖြင့် ဖမ်းဆီးခဲ့

(၁၂-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၃၄၄)ဦး တွေ့ရှိ

Posted: 12 Oct 2020 07:58 AM PDT

 (၁၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၂-၁၀-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၇၀၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၃၄၄)ဦး တွေ့ရှိရပါသည်။ Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

ရန်ကုန်မှာ စက်ရုံ ထောင်ချီ ပြန်ဖွင့်

Posted: 12 Oct 2020 07:56 AM PDT

ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် ပြန်ဖွင့်နိုင်ရန်ကုန်တိုင်းအတွင်းက လက်ခစားစနစ်နဲ့ လုပ်ကိုင်တဲ့ အထည်ချုပ်စက်ရုံတွေ အပါအဝင် စက်ရုံအလုပ်ရုံ အချို့ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံတွေကို ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် လက်ခစား အထည်ချုပ်လုပ်ငန်းနဲ့ အသေးစား အလတ်စားလုပ်ငန်းတွေဟာ အောက်တိုဘာလ ၁၂ ရက် ဒီနေ့မှာ

ဖောင်ကြီးကိုဗစ်လူနာဆောင်ထဲမှာ ၁၄ ရက်နေခဲ့ပြီး ‌ရောဂါပိုးကူးတာမခံရသူ

Posted: 12 Oct 2020 07:53 AM PDT

ဖခင်ဖြစ်သူနဲ့ ဖောင်ကြီးမှာ အတူတွေ့ရတဲ့ ကိုနေလင်းထိုက်ကိုနေလင်းထိုက် အသက်၄၁ နှစ်ဟာ ရန်ကုန်မြို့နဲ့ မိုင်၂၀ ‌ကျော်လောက်ဝေးတဲ့ ဖောင်ကြီးကိုဗစ်ကုသရေးစင်တာ မှာ စက်တင်ဘာလ ၂၂ ရက်နေ့ကစပြီး ရောက်ရှိလာခဲ့ပြီး၁၄ ရက်ကြာနေထိုင်ခဲ့သူဖြစ်ပါတယ်။သူ့ဟာ ကိုဗစ်ရောဂါ ကူးစက်ခံရသူတစ်ဦးမဟုတ်ပေမဲ့ ‌ရောဂါကူးစက်ခံထားရတဲ့ အသက်၇၅ နှစ်အရွယ် အဖေကိုစောင့်ရှောက်ဖို့ ခွင့်တောင်းပြီး ဖောင်ကြီးကိုလိုက်လာခဲ့သူပါ။ပြီးခဲ့တဲ့

တပ်မတော်စစ်ကြောရေးမှာ သေဆုံးမှု အရေးယူပေးဖို့ မိသားစုတောင်းဆို

Posted: 12 Oct 2020 07:49 AM PDT

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တပ်မတော်စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ ဦးအေးကျော်အမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ဦးအေးကျော်ဟာ တပ်မတော်က ဖမ်းဆီးထားစဉ် အမှတ်-၃၇၇ တပ်ရင်းထဲမှာ စက်တင်ဘာလ ၂၈ ရက်နေ့က သေဆုံးခဲ့တာပါ။ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့တာဖြစ်လို့ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ စုံစမ်းဖော်ထုတ်

ရန်ကုန်စက်ရုံတချို့ပြန်ဖွင့်တာကို လေ့လာသူတွေ အကောင်းမြင်

Posted: 12 Oct 2020 07:46 AM PDT

လှိုင်သာယာမြို့နယ်မှာ အလုပ်ဆင်းတဲ့ အလုပ်သမားတွေကို ၂၀၂၀ အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရစဉ် / Photo: Ctum Myanmarရန်ကုန်တိုင်းထဲက ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း (CMP) စက်ရုံ အလုပ်ရုံတွေနဲ့ အသေးစား အလတ်စား စက်ရုံတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကာကွယ်ရေး စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ထားတဲ့ (A) အဆင့်ရရှိရင် ဒီကနေ့ (အောက်တိုဘာ ၁၂ ရက်) က စပြီး တိုင်း

မြန်မာကိုဗစ် နေ့စဉ်သေဆုံးမှု စံချိန်သစ်တင်

Posted: 11 Oct 2020 10:24 AM PDT

ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၈ ယောက်ရှိပြီး နေ့စဉ်သေဆုံးမှု အများဆုံး စံချိန်တင်လိုက်ပါတယ်။ ဒီနေ့မှာ အခုလို ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၄၈ ယောက် သေဆုံးခဲ့တဲ့အတွက် သေဆုံးသူ စုစုပေါင်း ၆၄၆ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်

ကိုဗစ်အတားအဆီးကြောင့် ရန်ကုန်အခြေခံလူတန်းစား အခက်ကြုံ

Posted: 11 Oct 2020 10:22 AM PDT

COVID-19 ကူးစက်ပျံ့နှံ့မှု ဆိုးနေတဲ့ ရန်ကုန်မြို့က လမ်းတလမ်းမှာ အတားအဆီး ပြုလုပ်ထားတဲ့မြင်ကွင်း။ (အောက်တိုဘာ ၁၊ ၂၀၂၀)ကိုဗစ်ကူးစက်မှု အများဆုံး ရင်ဆိုင်နေရတဲ့ ရန်ကုန်တိုင်းအတွင်း နေအိမ်မှာပဲ နေကြဖို့အမိန့် ထုတ်ပြီးနောက်ပိုင်း လုပ်ငန်းအတော်များများ ရပ်ထားရတာကြောင့် အခြေခံလူတန်းစားတွေ နေ့စဉ်စားသောက်ရေး အခက်ကြုံလာပေမယ့် သိသာမြင်သာတဲ့ ကူညီထောက်ပံ့မှု မရဘူးလို့ ပြောဆိုနေကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်

ကိုဗစ်လူနာသစ်တွေတိုးနေပေမဲ့ အထည်ချုပ်စက်ရုံတွေပြန်ဖွင့်

Posted: 11 Oct 2020 10:19 AM PDT

တင်းကျပ်စွာ ချမှတ်ထားတဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် အထည်ချုပ်လုပ်ငန်းနဲ့ အသေးစား အလတ်စားလုပ်ငန်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြန်ဖွင့်နိုင်ပြီလို့ မြန်မာနိုင်ငံ အစိုးရက အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ကြေညာခဲ့ပါတယ်။ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် တိုင်းအတွင်း ကိုကိုးကျွန်းမှ အပ ကျန်မြို့နယ်အားလုံးမှာ လူတွေ အိမ်မှာပဲနေဖို့ (Stay Home)

ရှေးဟောင်းပစ္စည်း လာတူးတဲ့လူအုပ်ကို မင်းဘူး ရဲက သေနတ်ဖောက်လူစုခွဲ

Posted: 11 Oct 2020 10:15 AM PDT

မင်းဘူးမြို့နယ်၊ ချောင်းကောက်ရွာ အတွင်းက လယ်မြေမှာ လာတူးနေကြတာဖြစ်မင်းဘူးမြို့နယ်၊ ချောင်းကောက်ရွာက လယ်မြေထဲကို အောက်တိုဘာ ၁၀ ရက်နေ့ ညက ရှေးဟောင်းပစ္စည်းလို့ ယူဆရတဲ့၊ ပုတီးစေ့၊ အိုးခွက်၊ လှံတွေ တွေ့တယ်ဆိုပြီး လူအုပ်လိုက်လာရောက်ပြီး တူးဖော်တာတွေရှိခဲ့ပြီး ရဲတပ်ဖွဲ့က လာရောက် တားမြစ်ခဲ့ရာမှာ ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် သေနတ်ဖောက် လူစုခွဲခဲ့ရတယ်လို့ ဒေသခံရွာသားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

စစ်တွေမြို့နယ် ပျားလယ်ချောင်းတွင် နဝမတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး

Posted: 11 Oct 2020 10:08 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၁၁/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာအုပ်စု ပျားလယ်ချောင်းရွာသစ်ကျေးရွာတွင် အောက်တိုဘာ ၁ဝ ရက်နေ့ နံနက် ၁၁ နာရီခန့်က နဝမတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းရရှိသည်။သေဆုံးသူမှာ မမြတ်နိုးသူ(၁၄)နှစ်ဖြစ်ကာ ယမန်နေ့နံနက်က သူငယ်ချင်းများနှင့် ပက်ကျိ၊ ခရုကောက်ရန် ပျားလယ်ချောင်းရှိ ရွာချောင်းကိုသွားရာမှ ရေနစ်သေဆုံးခြင်းဖြစ်သည်ဟု မိသားစုဝင်များက နိရဥ္စရာသတင်း

(၁၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၉၁၀)ဦး တွေ့ရှိ

Posted: 11 Oct 2020 10:06 AM PDT

(၁၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၁-၁၀-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀) နာရီ အတွင်းဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၈၀၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၉၁၀)ဦး တွေ့ရှိရပါသည်။Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

ကပ်ဘေးမှာ နာတာရှည်နဲ့ သက်ကြီးလူနာ သေဆုံးမှု တိုးလာ

Posted: 11 Oct 2020 10:03 AM PDT

ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများနေချိန်မှာ ဆေးရုံဆေးခန်းသွားဖို့ ခက်ခဲတာတွေ၊ မသွားချင်တဲ့ အခြေအနေတွေကြောင့် နာတာရှည် ဝေဒနာရှင်နဲ့  သက်ကြီးရွယ်အို သေဆုံးမှုနှုန်း ယခင်ထက် အနည်းငယ် မြင့်တက်လာနေပါတယ်။ရန်ကုန်ဆေးရုံကြီးမှာတော့ လူနာအဝင်အထွက် ပုံမှန်ရှိနေပြီး အထွေထွေရောဂါသည်တွေကို ပုံမှန်အတိုင်း ကုသမှုပေးနေတယ်လို့ သိရပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.